[ရန်ကုန် – မေလ ၅ ရက်၊ ၂၀၂၆]
ကရင်စာပေနှင့် ဘာသာစကားကို လေ့လာလိုက်စားလိုသူများ၊ မိမိတို့၏ သားသမီးများကို မိခင်ဘာသာစကား သင်ကြားပေးလိုသော မိဘများအတွက် သတင်းကောင်းတစ်ခု ရှိလာပါသည်။ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ “နန့်နှောင်းခါရီ” ကရင်ရိုးရာအဝတ်အထည်ဆိုင်တွင် ကရင်အဘိဓာန်များနှင့် ပိုး၊ စကော သင်ရိုးညွှန်းတမ်းစာအုပ်များကို ယနေ့မှစတင်၍ ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ကြေညာထားပါသည်။
ကရင်ရိုးရာဝတ်စုံနှင့် အထည်အလိပ်များကို အဓိကရောင်းချသည့် နန့်နှောင်းခါရီဆိုင်သည် ယခုအခါ ကရင်မျိုးဆက်သစ်လူငယ်များ စာပေတတ်မြောက်စေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်ထုတ် အဘိဓာန်သစ်များအပြင် သူငယ်တန်းမှ တတိယတန်းအထိ သင်ရိုးညွှန်းတမ်းစာအုပ်ပေါင်း (၁၄) မျိုးကျော်ကို တင်ဆက်ထားခြင်း ဖြစ်ပါသည်။














ဝယ်ယူရရှိနိုင်သော အဓိက စာအုပ်စာရင်းများမှာ –
အဘိဓာန်နှင့် စကားပြောစာအုပ်များ:
- မြန်မာ-စကောကရင်-အနောက်ပိုးကရင် အဘိဓာန် (၂၀၂၄ ထုတ်)
- မြန်မာ၊ အနောက်ပိုးကရင်၊ စကောကရင် သုံးဘာသာတွဲ စကားပြော (၂၀၂၄ ထုတ်)
စကောကရင်စာပေသင်ရိုးများ:
- စကောကရင် (KG) (၂၀၂၃ ထုတ်) နှင့် သူငယ်တန်းဖတ်စာသစ်
- စကောကရင် ကျောင်းသုံးစာအုပ်များ (ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း)
အနောက်ပိုးကရင်စာပေသင်ရိုးများ:
- အနောက်ပိုးကရင် (KG)၊ သင်ပုန်းကြီးနှင့် ဖတ်စာအုပ်များ
- အနောက်ပိုးကရင် ကျောင်းသုံးစာအုပ်များ (ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း)
ကရင်စာပေသည် မိမိတို့လူမျိုး၏ အသက်ဝိဉာဏ်ဖြစ်သည့်အတွက် ယခုကဲ့သို့ အလွယ်တကူ ဝယ်ယူရရှိနိုင်သည့် အစီအစဉ်သည် စာပေပြန့်ပွားရေးအတွက် များစွာအထောက်အကူပြုမည် ဖြစ်ပါသည်။ ကရင်ရိုးရာဝတ်စုံများနှင့် စာပေစာအုပ်များကို တစ်နေရာတည်းတွင် စုံစုံလင်လင် ဝယ်ယူလိုပါက အောက်ပါလိပ်စာ/ Facebook Page သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
ဆိုင်လိပ်စာ:
အမှတ် ၉၃၊ မင်္ဂလာလမ်းနှင့် သီရိမင်္ဂလာလမ်းသွယ် (၁၅) လမ်းထောင့်၊ တောင်သူကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။ (စာတိုက်သင်္ကေတ – ၁၁၀၁၁)
Facebook Page : https://www.facebook.com/nantnaungkharr
Karen Dictionaries and Pwo/Sgaw Curriculum Books Now Available at Nant Naung Khar Ri Shop in Insein
[YANGON – May 5, 2026] – There is excellent news for those interested in studying Karen literature and language, as well as for parents wishing to teach their children their mother tongue. Dictionaries and Pwo/Sgaw Karen curriculum books are now available at the “Nant Naung Khar Ri “Karen traditional clothing shop in Insein Township, Yangon, according to a recent announcement on their Facebook page.
Nant Naung Khar Ri, a well-known shop for Karen traditional attire and textiles, is now supporting Karen literacy for the younger generation by offering over 14 types of educational materials. These include newly published 2024 dictionaries and curriculum books ranging from Kindergarten (KG) to Grade 3.
Key Books Available for Purchase:
Dictionaries and Conversation Guides:
- Myanmar-Sgaw Karen-West Pwo Karen Dictionary (2024 Edition)
- Myanmar-West Pwo Karen-Sgaw Karen Three-Language Conversation Book (2024 Edition)
Sgaw Karen Curriculum:
- Sgaw Karen KG (2023 Edition) and New KG Reader
- Sgaw Karen Textbooks (Grade 1, Grade 2, and Grade 3)
West Pwo Karen Curriculum:
- West Pwo Karen KG, Alphabet Primer, and Readers
- West Pwo Karen Textbooks (Grade 1, Grade 2, and Grade 3)
As literature is considered the “soul” of a people, providing easy access to these educational resources is a significant step toward the preservation and promotion of the Karen language. Customers looking for a one-stop shop for both traditional Karen fashion and educational books can visit or contact the address below.
Shop Address:
No. 93, Corner of Mingalar Road and Thiri Mingalar Lane (15), Taung Thu Kone Ward, Insein Township, Yangon. (Postal Code: 11011)
Facebook Page : https://www.facebook.com/nantnaungkharr







Leave a comment