“The ‘About Us’ section of Karen Vibes Media is available below in four languages: Burmese, S’gaw Karen, Western Pwo Karen and English.”

(Myanmar Version)
Karen Vibes Media အကြောင်း
Karen Vibes Media ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၇) ရက်နေ့တွင် စောဂေခူး နှင့် နော်အယ်တောကလယ် တို့မှ ကရင်စာပေ၊ ယဉ်ကျေးမှုနှင့် သမိုင်းအမွေအနှစ်များ ကမ္ဘာတည်သရွေ့ ရှင်သန်ပျံ့နှံ့စေရန် ရည်ရွယ်၍ စတင်တည်ထောင်ခဲ့ပါသည်။ ကျွန်ုပ်တို့သည် ကရင်လူမျိုးတို့၏ ဘာသာစကား၊ အနုပညာနှင့် သမိုင်းကြောင်းများကို ခေတ်မီနည်းပညာများ အသုံးပြု၍ ကမ္ဘာ့အလယ်တွင် ဂုဏ်ယူစွာ ဖော်ပြနိုင်ရန် ကြိုးပမ်းနေသည့် မီဒီယာတစ်ခု ဖြစ်ပါသည်။
ကျွန်ုပ်တို့၏မျှော်မှန်းချက် (Our Vision)
“ကရင်လူမျိုးတို့၏ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် သမိုင်းအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ပြီး၊ ကမ္ဘာတစ်ဝှမ်းရှိ ကရင်လူမျိုးများကို မှန်ကန်သော သတင်းအချက်အလက်များဖြင့် ချိတ်ဆက်ပေးနိုင်သည့် အားထားရဆုံးသော ဒစ်ဂျစ်တယ်မီဒီယာဖြစ်လာစေရန်။”
ကျွန်ုပ်တို့၏လုပ်ငန်းရည်မှန်းချက် (Our Mission)
- ပညာပေးခြင်း: အရှေ့ပိုးကရင်၊ အနောက်ပိုးကရင် နှင့် စကောကရင် ဘာသာစကား (၃) မျိုးလုံးကို သင်ကြားရေးဗီဒီယိုများမှတစ်ဆင့် မျိုးဆက်သစ်လူငယ်များထံ လက်ဆင့်ကမ်းရန်။
- ထိန်းသိမ်းခြင်း: ကရင်ဓာတ်ပုံပြိုင်ပွဲများ၊ ဒုံးအကပြိုင်ပွဲများနှင့် သမိုင်းဆိုင်ရာ တင်ဆက်မှုများမှတစ်ဆင့် ကရင်တို့၏ ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်ထိန်းသိမ်းရန်။
- အသိပေးခြင်း: ခိုင်မာတိကျသော သတင်းများကို ဘာသာစကား (၄) မျိုးဖြင့် အချိန်နှင့်တစ်ပြေးညီ တင်ဆက်ပေးခြင်းဖြင့် လူထု၏ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းပေးရန်။
ကျွန်ုပ်တို့၏ဖြတ်သန်းမှုခရီး
၂၀၂၃ ခုနှစ်တွင် စတင်တည်ထောင်စဉ်က ကရင်စာပေသင်ကြားရေးနှင့် ယဉ်ကျေးမှုမြှင့်တင်ရေးလုပ်ငန်းများကို အဓိကထား လုပ်ဆောင်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ ဧပြီလမှစတင်၍ သတင်းလုပ်ငန်းကဏ္ဍသို့ တိုးချဲ့ခြေလှမ်းခဲ့ပြီး၊ ၂၀၂၆ ခုနှစ်၊ မတ်လတွင် နေ့စဉ်သတင်းရုပ်သံများကို အနောက်ပိုးကရင်၊ စကောကရင် နှင့် မြန်မာဘာသာတို့ဖြင့် အောင်မြင်စွာ ထုတ်လွှင့်နိုင်ခဲ့ပါသည်။
ယခုအခါ ကျွန်ုပ်တို့၏ သတင်းနှင့် ကဏ္ဍစုံတင်ဆက်မှုများကို စကောကရင်၊ အနောက်ပိုးကရင်၊ မြန်မာ နှင့် အင်္ဂလိပ် ဟူသော ဘာသာစကား (၄) မျိုးဖြင့် Facebook, YouTube, TikTok, X (Twitter) နှင့် ကျွန်ုပ်တို့၏ တရားဝင်ဝက်ဘ်ဆိုက် (Website) တို့တွင် အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနားဆင်နိုင်ပြီ ဖြစ်ပါသည်။
(English Version)
About Karen Vibes Media
Karen Vibes Media was co-founded by Saw Gay Khu and Naw Eh Taw Kalal on June 7, 2023, with a profound mission: to preserve and promote Karen literature, culture, and history. We utilize modern digital platforms to showcase the unique identity of the Karen people to the world while fostering a sense of pride and unity within our community.
Our Vision
“To be the most trusted global digital media platform that preserves Karen heritage and connects our global community through truth, culture, and language.”
Our Mission
- Education: To empower the next generation by providing accessible educational videos in three Karen scripts: Eastern Pwo, Western Pwo, and S’gaw Karen.
- Cultural Preservation: To celebrate our heritage through photography contests, traditional Done dance competitions, and in-depth historical storytelling.
- Information: To provide accurate and timely news coverage in four languages, ensuring the Karen community is well-informed and connected.
Our Journey & Presence
Since its inception in 2023, Karen Vibes Media has grown from a cultural education project into a comprehensive news and media organization. In April 2025, we expanded into professional news production, and by March 2026, we successfully launched daily news broadcasts in Western Pwo, S’gaw Karen, and Burmese.
Today, Karen Vibes Media proudly delivers high-quality news and cultural content in four languages: S’gaw Karen, Western Pwo, Burmese, and English. You can find us and stay updated across all major platforms, including Facebook, YouTube, TikTok, X (formerly Twitter), and our official website.






