လွတ်လပ်သောကရင့်သမိုင်းသုတေသနအသင်း

S.S.P.P. သမိုင်း

၁၉၅၉ ခုနှစ်၊ ရှမ်းတက္ကသိုလ်ကျောင်းသားများ တောခိုပြီး၊ စဝ်နွဲ့ ဦးဆောင် သော၊ “နွံစစ်ဟန်” အဖွဲ့ထဲသို့ရောက်ခဲ့ကြသည်။ စဝ်နွဲ့သည် လက်နက်ကိုင် အင်အား ကြီးထွား လာသောအခါ အာဏာရှင်တဦး ဖြစ်လာသည်။ မြေရှင် ပဒေသရာဇ်စံနစ်ကိုလည်း တည်ဆောက်ခဲ့လေသည်။ ထို လူငယ်များ၏ အကြံပြုချက်များကို လက်မခံသောကြောင့် စိုင်းပန်နှင့် စိုင်းဆပ်ခေါ် (ဆေထင်) ဦးဆောင်ပြီး၊ ခွဲထွက်သွားသည်။ သီပေါနယ်သို့ တက်သွားပြီး၊ လူထုကို စည်းရုံး သိမ်းသွင်း နိုင်ခဲ့သဖြင့် ထောက်ခံသူ အင်အား များပြား လာသည်။ လက်နက်ကိုင်တပ် တပ်ရင်း (၄)ရင်းရှိသည်အထိ ဖြစ်လာ သည်။ S.S.I.A. ခေါ် ရှမ်းပြည် လွတ်လပ်ရေး တပ်မတော်ဟု ခေါ်တွင်ခဲ့သည်။ နောက်ပိုင်း ရှမ်းလူမျိုး တို့သည် လွတ်လပ်ရေး ရထားပြီးသော တိုင်းပြည်တခုဖြစ်သည့် အားလျော်စွာ လွတ်လပ် ရေးအတွက် တိုက်စရာ မလိုသောကြောင့်၊ S.S.I.A. မှတဆင့်၊ S.S.A. ရှမ်းပြည် တပ်မတော် ဟုသာ ပြန် လည် မှည့်ခေါ်ခဲ့သည်။ 

သီပေါတွင် အခြေချသော S.S.A. တပ်ရင်း (၄)ရင်းကို စုစည်းပြီး တပ်မ တခု ဖွဲ့စည်းခဲ့သည်။ မြောက်ပိုင်း တပ်မဟု ခေါ်တွင်ခဲ့သည်။ နောက်ပိုင်း လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲရာတွင် ရှေ့ဆောင်မှုပေးနိုင်မည့် နိုင်ငံရေး ဦးဆောင်မှု ပါတီတရပ် လိုအပ်နေကြောင်းကို သိမြင်လာခဲ့ပြီးနောက် S.S.P.P. (ခေါ်) ရှမ်းပြည် တိုးတက်ရေး ပါတီ ကို ထူထောင်ခဲ့ ကြသည်။ 

၁၉၇၁ ခုနှစ်တွင် ကွန်ဂရက်ခေါ်ပြီး ခေါင်းဆောင် (၂၁)ဦး ပါဝင်သော နိုင်ငံရေး ဦးဆောင်အဖွဲ့တခုကို ထူထောင်လိုက်သည်။ ထို့နောက် အဖွဲ့ဝင် (၁၁)ဦး ပါသော နိုင်ငံ ရေး အုပ်ချုပ်မှုကော်မတီတခု P.E.C. ကို ဖွဲ့စည်း လိုက်သည်။ အဖွဲ့ဝင်များမှာ၊

၁။ ခွန်ကြာနု ဥက္ကဋ္ဌ၊

၂။ စဝ်ဘွန်ထိုင်း ဒု- ဥက္ကဋ္ဌ၊

၃။ စဝ်ဆေးခန် ဒု-ဥက္ကဋ္ဌ၊

၄။ ဆေးလင်း စစ်ဦးစီးချုပ်၊

၅။ ဆေးဝိုင် အတွင်းရေးမှူးချုပ်၊

၆။ စဝ်ဆေထင် တွဲဘက်-အတွင်းရေးမှူး၊

၇။ ဗိုလ်မှူးကြီးစံမိန်း တပ်မမှူး၊

၈။ စဝ်ဆေဆင့် အုပ်ချုပ်ရေးတာဝန်ခံ၊

၉။ စဝ်အူးမိုင်း ဆေးဝါးနှင့် ကျမ္မာရေးတာဝန်ခံ၊

၁၀။ စဝ်မိန်း တွဲဘက် စစ်ဦးစီးချုပ် တို့ ဖြစ်သည်။ 

အမျိုးသားဒီမိုကရေစီလမ်းစဉ်ကို အတည်ပြုခဲ့ကြသည်။ နောက်ပိုင်းတွင် ဗမာ ပြည် ကွန်မြူနစ်ပါတီနှင့် တွေ့ဆုံပြီး၊ ပူးပေါင်း လုပ်ဆောင်သင့်သည် ဟူသော အယူ အဆ ရှိသူများအဖွဲ့နှင့် အချိန်ယူ စောင့်ကြည့် လေ့လာသင့်သည်ဟု ယူဆသော အဖွဲ့ ဟူ၍ အဖွဲ့အစည်း ခေါင်းဆောင်ပိုင်းအတွင်း ကွဲလွဲလာခဲ့သည်။ အချိန်ယူ စောင့်ကြည့် ရန် လိုအပ်သေးသည်ဟူသောအဖွဲ့မှာ အများစုဖြစ်နေသည်။ မတင်မကျ ဖြစ်နေသော ကာလတွင် မြောက်ပိုင်း ဗဟိုအဖွဲ့ဝင် (၇)ဦးတည်းဖြင့်သာ အစည်းအဝေးထိုင်ပြီး၊ ဗမာ ပြည် ကွန်မြူနစ်ပါတီနှင့် သွားရောက်တွေ့ဆုံရန် ဆုံးဖြတ်လိုက်သည်။ ဗဟို ကော်မတီ အစည်းအဝေးသို့ တက်ရောက်ရန် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ခရီးလမ်း အခက်အခဲ ကြောင့် ရောက်မလာနိုင်သော အချိန် ဖြစ်နေသည်။ မြောက်ပိုင်းခေါင်းဆောင် အဖွဲ့က ဗမာပြည်ကွန်မြူနစ်ပါတီနှင့် တွေ့ဆုံပြီးမှ ဥက္ကဋ္ဌ ခွန်ကြာနု ပြန်လည် ရောက်ရှိလာသည်။ အဖွဲ့အစည်းအတွင်း၊ အမြင်မတူညီမှု ကြီးထွားလာပြီး၊ ဥက္ကဋ္ဌ ခွန်ကြာနု၊ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးချုပ် ဆေးဝိုင်၊ အုပ်ချုပ်ရေးတာဝန်ခံ ခေါင်းဆောင် ဆေဆင့်နှင့် ဆေးဝါး နှင့် ကျမ္မာရေးတာဝန်ခံ စဝ်အူးမိုင်း တို့ တောင်ပိုင်းသို့ ထွက်ခွာသွားလေသည်။ 

ကျန်သော မြောက်ပိုင်းအဖွဲ့သည် အစည်းအဝေးခေါ်ယူပြီး၊ တောင်ပိုင်းသို့ ထွက်ခွာသွားသော၊ ဥက္ကဋ္ဌနှင့်အဖွဲ့ကို ထုတ်ပယ်လိုက်သည်။ ဒုတိယဥက္ကဋ္ဌ စဝ်ဘွန်ထိုင်း မှာ ဥက္ကဋ္ဌ ဖြစ်လာသည်။ မြောက်ပိုင်းအဖွဲ့က ကိုယ်စားလှယ် စေလွှွတ်ပြီး ဗမာပြည် ကွန်မြူနစ်ပါတီနှင့် တွေ့ဆုံဆွေးနွေးပြီးနောက်၊ လက်တွဲ ဆောင်ရွက်ရန် သဘောတူ ညီမှုများ ရရှိခဲ့သည်။ ထို့ကြောင့် လက်နက်အကူအညီများ ရရှိလာခဲ့ပြီး၊ အင်အား (၅,၀၀၀) ငါးထောင်ကျော် ဖြစ်လာခဲ့သည်။ ရန်သူ စစ်အစိုးရကို ပိုမို တိုက်ခိုက်နိုင်ခဲ့ပြီး အောင်ပွဲများ လည်း ရရှိလာခဲ့သည်။ ခွန်ကြာနု အား အဖွဲ့အစည်း ဖြိုခွဲသူအဖြစ် ပြောဆို ကြသည်။ 

တံခွန်နီကိုယ်စားလှယ်အဖွဲ့၊ S.S.A. သို့ ရောက်သွားသော အချိန်သည် S.S.P.P. အဖွဲ့ (၂)ဖွဲ့ မကွဲသေးချိန် ဖြစ်သည်။ ဆေထင်သည် အင်အား (၁၀၀)ကျော် ဖြင့် “တံခွန်နီ” အဖွဲ့နှင့် ပူးပေါင်းပြီး၊ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် တွေ့ဆုံရန် လိုက်ပါခဲ့ လေသည်။

ဗမာပြည် ကွန်မြူနစ်ပါတီ ဋ္ဌာနချုပ်ဖြစ်သော ပန်ဆန်းမှတဆင့် တံခွန်နီ ကိုယ်စားလှယ် ခေါင်းဆောင်များဖြစ်ကြသော (၁) ဆရာစကောလယ်တော၊ (၂) မန်းရှာ လားဖန်း၊ (၃) ဦးမီးသ၊ (၄) စောဇော်မင်း၊ (၅) စောထွန်းကြည် တို့သည် တရုတ် ပြည်ထဲသို့ ဝင်သွားကြသည်။

ကျန် ကိုယ်စားလှယ် အဖွဲ့ဝင် (၁၈)ဦးနှင့် ဗိုလ်မှူးဆေထင် ဦးစီးသော S.S.A. တပ်အင်အား (၁၀၀)ခန့်သည်၊ ဗကပ ဋ္ဌာနချုပ် ပန်ဆန်းတွင်ပင် ကျန်ခဲ့သည်။ ဗကပ ခေါင်းဆောင်များက ကိုယ်စားလှယ်များကို ဆေးသင်တန်းနှင့် စစ်သင်တန်းများကို ပို့ချပေး လေသည်။ ဆေးသင်တန်းသို့ တက်ရောက်သော K.N.U.P. တံခွန်နီ ကိုယ်စားလှယ်များ တွင် မောင်ဖုန်း၊ မန်းစဘီ၊ ဖါးသဒါးနှင့် ဖါးလယ်ဒါးတို့ ပါဝင်သည်။ တခ့ျိုမှာ S.S.A. တပ်ဖွဲ့ များနှင့်အတူ စစ်သင်တန်းကို တက်ရောက်လေ့လာခဲ့ကြသည်။ သင်တန်း တက်နေစဉ် ဗမာပြည်ကွန်မြူနစ်ပါတီ မှ (၃၃)ကြိမ်မြောက် ဗဟိုကော်မတီ၏ စာတမ်းကို လေ့လာရန် ဖြန့်ဝေ ပေးထားသည်။ ထိုစာတမ်းမှာ ဗကပ ၏ ဦးဆောင်မှုကို ခံယူရန်ပင်ဖြစ်သည်။ နောက်ပိုင်း တံခွန်နီ ကိုယ်စားလှယ်အဖွဲ့၏ ရည်ရွယ်ချက်ကို သိရှိသွားသဖြင့် စာတမ်းများ ကို ပြန်လည် ရုပ်သိမ်းခဲ့လေသည်။ နှစ်လနီးပါး ကြာမြင့်ခဲ့ပြီးနောက် ဆရာစကော လယ်တော နှင့်အတူ တံခွန်နီ ကိုယ်စားလှယ်များ ပြန်လည် ရောက်ရှိလာခဲ့သည်။ ထိုအခါ ပန်ဆန်းတွင် ကျန်ခဲ့သော ကိုယ်စားလှယ်များအား တရုတ်ပြည်တွင်းသို့ စေလွှွတ်ပြီး လေ့လာရေး ခရီးထွက်ရန် စီစဉ်ပေးလေသည်။

ထိုခရီးစဉ်တွင် ယူနန်ပြည် ဆစ်‌ဆောင်ပနားဒေသ၊ ရှမ်းအမျိုးသား ကိုယ်ပိုင် အုပ်ချုပ်ရေးတိုင်းဖြစ်သော၊ ကျေးဟုန်မြို့ ဟော်တယ်တွင် တည်းခိုရင်း၊ သကြားစက်ရုံ၊ ဘိလပ်မြေစက်ရုံ၊ စက္ကူစက်ရုံများသို့ လိုက်လံ ပို့ဆောင် ပြသလေသည်။ 

တံခွန်နီအဖွဲ့သည် ဗမာပြည် ကွန်မြူနစ်ပါတီ ဋ္ဌာနချုပ်ဖြစ်သော ပန်ဆန်း တွင် နှစ်လခန့် နေပြီးနောက်၊ S.S.A. ရှမ်းပြည်တပ်မတော်၊ တပ်ဖွဲ့များနှင့်အတူ၊ ၁၉၇၃ ခုနှစ် မေလတွင် ပြန်လည် ထွက်ခွာခဲ့လေသည်။ S.S.A. နယ်မြေဖြစ်သော သီပေါမြို့နယ်သို့ ပြန်ရောက်သောအခါ၊ ထိုဒေသအတွင်း လှည့်လည်ပြီး နိုင်ငံရေး၊ စစ်ရေး၊ စည်းရုံးရေး လှုပ်ရှားမှုများကို ပူးတွဲ လုပ်ဆောင် ခဲ့ကြသည်။ တံခွန်နီ အဖွဲ့ကို ဖူးစကောလယ်တော က ဦးဆောင်ပြီး၊ S.S.A. အဖွဲ့ကို ဆေထင်က ဦးဆောင် ခဲ့ကြသည်။ 

တံခွန်နီ အဖွဲ့ခေါင်းဆောင်များ တရုတ်ပြည် ကွန်မြူနစ်ပါတီနှင့် တွေ့ဆုံ ဆွေးနွေးခြင်း

တံခွန်နီ ကိုယ်စားလှယ်အဖွဲ့သည်၊ တရုတ်ပြည်နယ်စပ်၊ ယူနန်ပြည်နယ်၊ စုမောင်မြို့ကို ရောက်ပြီး၊ တော်လှန်ရေး ကော်မတီ၏ သဘာပတိလည်းဖြစ်၊ ပြည်နယ် ဥက္ကဋ္ဌလည်းဖြစ်သူ ရဲဘော်ကျင်နှင့် တွေ့ဆုံသည်။ တော်လှန်ရေး ကော်မတီ၏ ဥက္ကဋ္ဌ သည် တရုတ်ပြည်ကွန်မြူနစ်ပါတီ၏အရန် ဗဟိုကော်မတီလည်း ဖြစ်သည်။ ထို့ကြောင့် တရုတ်ပြည် ကွန်မြူနစ်ပါတီက စုမောင်မြို့၌ပင် တွေ့ဆုံရန် တော်လှန်ရေး ကော်မတီ ဥက္ကဋ္ဌ ရဲဘော်ကျင်ကို တာဝန်လွှဲပေးထားသည်။ ထိုသို့ တွေ့ဆုံရာတွင် တံခွန်နီ ကိုယ်စားလှယ်မှ တရုတ်ပြည်ကွန်မြူနစ်ပါတီ ကိုယ်စား လှယ်သို့ တင်ပြရာတွင် အချက် (၃)ချက်ကို အဓိက ဆွေးနွေးခဲ့သည်။ 

ပထမ အချက်မှာ ကေအဲန်ယူပါတီ K.N.U.P. ဖွဲ့စည်းရခြင်း အကြောင်းနှင့် ကေအဲန်ယူပါတီ၏ မူဝါဒ လမ်းစဉ်၊ ဒုတိယ အချက်မှာ ဗမာပြည် လူမျိုးစုများ ပြဿနာကို တင်ပြပြီး၊ ဗမာပြည်တော်လှန်ရေး၏ ထူးခြားချက်မှာ လူမျိုးစုပြဿနာ ဖြစ်သည်။ ဗမာပြည်သည် လူမျိုးပေါင်းစုံ နေထိုင်သော တိုင်းပြည်ဖြစ်သဖြင့် ထူးခြား သော လက္ခဏာနှင့် ဝိသေသများရှိပြီး၊ တရုတ်ပြည်နှင့် မတူညီဘဲ သီးခြား လက္ခဏာ ဆောင်သည်များကို၎င်း၊ တတိယ တင်ပြချက်တွင် တပ်ပေါင်းစု ပြဿနာ ပင်ဖြစ်သည်။ K.N.U.P. အနေနှင့် တပ်ပေါင်းစုနှင့် အာဏာသိမ်း နိုင်မည်ဟု ယုံကြည်ထားကြသဖြင့် တပ်ပေါင်းစု ပြဿနာသည် အလွန်အရေးကြီး ကြောင်းကို ဆွေးနွေး တင်ပြသည်။ 

တရုတ်ပြည် ကွန်မြူနစ်ပါတီကလည်း ရှေ့တန်းမှ ရောက်လာသော ကိုယ်စားလှယ် အဖွဲ့ကို ကြိုဆိုကြောင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ၏ သေနတ်သံ အောက် တွင် လူမျိုးစု လက်နက်ကိုင်တော်လှန်ရေးများ ပေါ်ပေါက်လာကြောင်း။ တော်လှန်ရေး တရပ်မှာ ပစ္စည်းမဲ့ အလုပ်သမားပါတီတရပ်ရဲ့ ခေါင်းဆောင်မှု ရှိရမှာဖြစ်ပြီး၊ ဒီ ပစ္စည်းမဲ့ အလုပ်သမားပါတီသည် မာက်စ်၊ လီနင်ဝါဒ၊ မော်စီတုန်း အတွေးအခေါ်ကို တိကျစွာ လက်ခံ ကျင့်သုံးရမည် ဖြစ်ကြောင်း၊ တော်လှန်ရေး အင်အားစုအားလုံး စုစုစည်းစည်း ညီညီ ညွတ်ညွတ်ရှိရန် လိုအပ်ကြောင်းကို အကြံပြု လေသည်။

တရုတ်ကွန်မြူနစ်ပါတီသည် ဗမာပြည်၏ အမျိုးသားဒီမိုကရေစီ တော်လှန် ရေးကို ထောက်ခံ အားပေးကြောင်း၊ လိုအပ်ပါက အကူအညီများလည်း ပေးမည်ဖြစ် ကြောင်း၊ အမှန်တကယ် နယ်ခ့ျဲ ပဒေသရာဇ်စံနစ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်သည် ဆိုလျှင် လိုအပ်သည်များကို ဖြည့်ဆည်း ပေးသွားမည်ဖြစ်ကြောင်း၊ လက်နက်များကို လည်း ကူညီနိုင်ကြောင်း။ သို့သော်လည်း ဗကပ မှတဆင့် အကူအညီများကို ရယူနိုင် မည်ဖြစ်ကြောင်းနှင့် တရုတ်ပြည်သို့ လာရောက် လည်ပတ် လေ့လာမည်ဆိုပါကလည်း၊ မိမိတို့အနေဖြင့် လှိုက်လှဲစွာ ကြိုဆိုသွားမည် ဖြစ်ကြောင်းအပြင်၊ ထိုသို့သော ခရီးစဉ်များ ရှိပါက ဗကပ မှတဆင့် အကြောင်းကြား နိုင်ပါကြောင်း စသည်တို့ကို ပြန်လည် ဆွေးနွေးလာသည်။

တရုတ်ပြည် ကွန်မြူနစ်ပါတီနှင့် တွေ့ဆုံပြီးသည်နှင့် ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ)နှင့် ဆက်လက် ဆွေးနွေးကြသည်။ တက်ရောက်သော နှစ်ဘက် ကိုယ်စား လှယ်များတွင်၊ 

ဗမာပြည် ကွန်မြူနစ်ပါတီဘက်မှ၊ 

(၁) သခင်ဗသိန်းတင် ဥက္ကဋ္ဌ၊

(၂) သခင်ဖေတင့် ဒုတိယ ဥက္ကဋ္ဌ၊ 

(၃) စိုင်းအောင်ဝင်း တို့ဖြစ်ပြီး၊

ကေအဲန်ယူပါတီဘက်မှ

(၁) ဆရာစကောလယ်တော အဖွဲ့ခေါင်းဆောင်၊ 

K.N.U.P. ပါတီ ဗဟိုကော်မတီ၊ P.B.

(၂) စောမီးသ ဗဟိုကော်မတီ၊ ဒုတိယ အဖွဲ့ခေါင်းဆောင်၊

(၃) မန်းရှာလားဖန်း အဖွဲ့ဝင်၊ အတွင်းရေးမှူး၊

(၄) စောဇော်မင်း အဖွဲ့ဝင်၊

(၅) စောထွန်းကြည် အဖွဲ့ဝင်တို့ ဖြစ်ကြသည်။

ထိုဆွေးနွေးပွဲတွင် ကေအဲန်ယူပါတီဘက်မှ တရုတ်ပြည် ကွန်မြူနစ်ပါတီသို့ တင်ပြခဲ့သော စာတမ်းအတိုင်း၊ ဗကပ ကိုယ်စားလှယ်အဖွဲ့သို့ တင်ပြသည်။ ဆွေးနွေးပွဲ မတိုင်မီတွင်လည်း စာတမ်းကို ကြိုတင်၍ လေ့လာနိုင်ရန် ပေးအပ်ထား သည်။ 

ထိုဆွေးနွေးပွဲ၌ ဗကပ ဥက္ကဋ္ဌ သခင်ဗသိန်းတင်က ဆွေးနွေးရာတွင်၊ “ကေအဲန်ယူပါတီ သည်၊ အလုပ်သမားပါတီအနေနှင့် မာ့က်စ်ဝါဒ၊ လီနင်ဝါဒ၊ မော်စီတုန်း အတွေးအခေါ်စသော ခေါင်းဆောင်မှုနှင့် ဖွဲ့စည်းထားခြင်းသည် မသင့် လျော်ကြောင်း၊ ထိုသို့ ဖွဲ့စည်းခြင်းသည် ဗကပ နှင့် စဉ်ပြိုင်သကဲ့သို့ ဖြစ်နေသဖြင့် မလုပ်သင့်ကြောင်း၊ ကေအဲန်ယူပါတီသည် အမျိုးသား တိုးတက်ရေး ပါတီအဆင့်သာ ရှိသင့်ကြောင်း၊ ဗကပ နှင့် စင်ပြိုင်ဖွဲ့စည်းသော အဖွဲ့အစည်း မှန်သမျှသည် တည်မြဲမှု မရှိကြကြောင်း ပွင့်ပွင့်လင်းလင်း အားမနာစတမ်း ပြောရလျှင် ကေအဲန်ယူပါတီသည် အမျိုးသား တိုးတက်ရေးပါတီအဖြစ် ဖွဲ့စည်းခြင်းကသာလျှင် မှန်ကန်မည်ဟု ဆွေးနွေး ခဲ့သည်။”

လူမျိုးစုပါတီနှင့် ပတ်သက်ပြီး၊ သခင်ဗသိန်းတင်က ဆက်လက်ဆွေးနွေး ရာတွင် ကေအဲန်ယူပါတီအနေနှင့် မဒညတ ကို ဖွဲ့စည်းသည်။ မဒညတ သည် ဗကပ နှင့်လည်း မဟာမိတ်ဖွဲ့ထားပြီး၊ တချိန်တည်းတွင် လူမျိုးစု တပ်ဦးကိုလည်း ဖွဲ့စည်းသည်။ ထိုသို့ ဖွဲ့စည်းခြင်းဖြင့်၊ လူမျိုးစု အဖွဲ့အစည်းများက မဒညတ နှင့် စင်ပြိုင် ဖြစ်သွားသဖြင့် မလုပ်သင့်ကြောင်း၊ ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒ အမြင်သာ ဖြစ်ကြောင်းကို ဆွေးနွေးလေသည်။

ဥက္ကဋ္ဌ ဗသိန်းတင်၏ ဆွေးနွေးချက်အပေါ် တံခွန်နီအဖွဲ့ခေါင်းဆောင် ဆရာကြီး စကောလယ်တောက ကေအဲန်ယူပါတီ ဖွဲ့စည်းရခြင်းနှင့် လူမျိုးစုတပ်ဦး ဖွဲ့စည်းရခြင်းမှာ ဗကပ ကို စင်ပြိုင်ဖွဲ့စည်းခြင်း မဟုတ်ကြောင်း၊ လူမျိုးစု ညီညွတ်ရေး တပ်ဦးသည်၊ မဒညတ ဖြစ်မြောက်ရေးအတွက် တွန်းအားတခု ဖြစ်လာရန် သဘောထားပြီး ဖွဲ့စည်းခဲ့ခြင်းသာ ဖြစ်ကြောင်း၊ တနေ့တွင် လူမျိုးစုအားလုံး မဒညတ ထဲတွင် ပါဝင်လာကြမှာ ဖြစ်ကြောင်းကို ပြန်လည် ပြောကြားသည်။ ဆက်လက်၍ လူမျိုးစုများ အခြေအနေကို တင်ပြရာတွင် လူမျိုးစုများသည် မဒညတ အထဲသို့ တပြိုင်တည်း ပါဝင်လာရန် ဖိတ်ခေါ်ထားသော်လည်း၊ ၎င်းတို့၏အတိတ်မှ ခါးသီးသော သမိုင်းကြောင်း အတွေ့အကြုံများ ရှိနေကြကြောင်း၊ ထို့ကြောင့် ဘုံရန်သူကို စုစုစည်းစည်း တိုက်ခိုက်နိုင်ရန်၊ ပထမ အဆင့်အနေဖြင့် ဖွဲ့စည်း ထားခြင်းသာ ဖြစ်ကြောင်း၊ ၎င်းမှတဆင့် ကျယ်ပြန့်သော တပ်ပေါင်းစုထဲသို့ ဝင်ရောက်လာ နိုင်ရန်ကို ရည်ရွယ်ထား ကြောင်းတို့ကို ရှင်းပြခဲ့သည်။

ဆက်လက်ပြီး၊ ကေအဲန်ယူပါတီ ဖွဲ့စည်းခြင်းနှင့် လူမျိုးစု ညီညွတ်ရေး တပ်ဦး ဖွဲ့စည်းရခြင်းကို ဥက္ကဋ္ဌကြီး သခင်ဇင်နှင့် ဆွေးနွေးခဲ့ကြောင်း၊ အခြေအနေ အရပ်ရပ် အပေါ် စဉ်းစားဆင်ခြင် တွက်ချက်ကာ ဖွဲ့စည်းခြင်းဖြစ်၍ သခင်ဇင်၊ သခင်ချစ် တို့ ကလည်း သဘောပေါက် နားလည်ပြီး၊ တခုတည်းသော တပ်ပေါင်းစုဖြစ်၍ ကြိုးပမ်းမှုကို နားလည် သဘောပေါက်ကြကြောင်း၊ ထို့အပြင် အမျိုးသားရေး ပေါ်လစီနှင့် ပတ်သက်၍ ကေအဲန်ယူ ပါတီက တလျောက်လုံး တင်ပြခဲ့သော တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို လက်ခံကြ သည့်အပြင် အနာဂတ် ဗမာပြည်ကို စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုစံနစ်ဖြင့် တည်ဆောက်ရမည်ကိုလည်း လက်ခံထားကြကြောင်းကို ရှင်းပြလေသည်။ ပြည်တွင်း၌ ရှိနေကြသော ဗကပ ခေါင်းဆောင်များသည် ဗမာပြည်ရှိ တိုင်းရင်းသားအားလုံး၊ လူမျိုးစု အားလုံး၊ တန်းတူရည်တူမှုအပေါ် အခြေခံသည့် ပြည်နယ် အသီးသီးရှိကြပြီး၊ ပြည်နယ်များ နှင့် စုစည်းထားသော ပြည်သူ့ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု သမ္မတနိုင်ငံကို တည် ဆောက်ကြမည်။ မြန်မာ အမျိုးသားများကလည်း တင့်တယ် လျောက်ပတ်သော အကျယ် အဝန်းရှိသည့် ပြည်နယ်တခုကို ရရှိ ပိုင်ဆိုင် စေရမည်။ ပြည်ထောင်စုသစ်ကြီးကိုလည်း အများလက်ခံသော အမည်သစ် တခုကို ပြည်ထောင်စုသားအားလုံး၏ ဆန္ဒအတိုင်း ခေါ်ဆို သွားမည်ဟုလည်း ထည့်သွင်း ဆွေးနွေး ခဲ့သည်။ အထက်ပါ အမျိုးသားရေး ပေါ်လစီကို ၁၉၆၉ ခုနှစ်၊ ဗမာပြည် ကွန်မြူနစ်ပါတီ၏ နောက်ဆုံး ထုတ်ပြန်ထားသော ပေါ်လစီအဖြစ် ဗဟိုကလည်း အတည်ပြု ထားကြောင်းကိုပါ တင်ပြလေသည်။ 

ထိုအခါ ဗသိန်းတင်က သခင်ဇင်၊ သခင်ချစ်တို့သည် ပြည်တွင်း၌ ရှိနေပြီး နောက်ဆုံး နိုင်ငံတကာ အခြေအနေကို မိမိတို့လောက် ပြည့်ပြည့် စုံစုံ မသိကြကြောင်း၊ ဗမာပြည်အနေနှင့် ဖြစ်သင့်သည်မှာ တရုတ်ပြည် ပုံစံအတိုင်း ပြည်ထောင်စု စနစ်သာ ဖြစ်သင့်ကြောင်း၊ ပြည်နယ်များအတွက်၊ ကိုယ်ပိုင် အုပ်ချုပ်ရေးသာ ဖြစ်သင့်ကြောင်းကို ရှင်းပြလေသည်။ ပြည်တွင်း ဗကပ ခေါင်းဆောင်များနှင့် အမြင်ကွဲလွဲသည်ကို သူတို့က တာဝန်ယူကြောင်း ပြန်လည် ဆွေးနွေးလေသည်။ ထိုအချိန် ၁၉၇၃ ခုနှစ်အထိ ပြည်တွင်း၌ သခင်ဇင်၊ သခင်ချစ် စသော ခေါင်းဆောင်များမှာ ဆက်လက် အသက် ရှင်ဆဲ ဖြစ်သည်။ 

တံခွန်နီအဖွဲ့သည် ဗမာပြည်ကွန်မြူနစ်ပါတီ ဋ္ဌာနချုပ်ဖြစ်သော ပန်ဆန်း တွင် (၂)လခန့် နေပြီးနောက်၊ S.S.A. တပ်ဖွဲ့နှင့်အတူ ၁၉၇၃ ခုနှစ် မေလတွင် တောင်ပိုင်းသို့ ပြန်လည် ထွက်ခွာခဲ့သည်။ S.S.A. တပ်ဖွဲ့နှင့် တံခွန်နီ ကိုယ်စားလှယ်တို့သည် ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်သို့ ရောက်သောအခါ၊ S.S.A. နယ်မြေအတွင်း လှည့်လည်ပြီး၊ ပူးတွဲစစ်ရေး လှုပ်ရှားမှုများပြုလုပ်လေသည်။ မိုးတွင်းကာလဖြစ်သဖြင့် တောတွင်း၌သာ စခန်းချ နေထိုင်ကြလေသည်။

K.I.A. နှင့် S.S.A. ပဋိပက္ခ

S.S.A. နယ်မြေဒေသအတွင်း လှည့်လည်နေစဉ်၊ ကျောက်မဲ မြို့နယ်အတွင်း၊ K.I.A. ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် S.S.A. ရှမ်းပြည် တပ်မတော်တို့၏ လက်နက်ကိုင် ပဋိပက္ခသတင်းကို၊ ဗမာ့ တပ်မတော် ရှေ့တန်း စခန်းမှ၊ နောက်တန်း ဋ္ဌာနချုပ်သို့ ပေးပို့သော ကြေးနန်းသတင်းကို တံခွန်နီ ကြားဖြတ် ဆက်သွယ်ရေး သတင်းတပ်ဖွဲ့မှ ဖမ်းယူ ရရှိခဲ့သည်။ တံခွန်နီ ကြေးနန်း ဆက်သွယ်ရေးတာဝန်ခံ စောတင်ငွေက ကြားဖြတ်ရယူခဲ့သော သတင်းကို အဖွဲ့ခေါင်းဆောင် ဆရာစကော လယ်တောအား တင်ပြသည်။ ဆရာစကောလယ်တော သည် S.S.A. ဥက္ကဋ္ဌ နှင့် K.I.A. ခေါင်းဆောင်များကို မိမိနှင့် လာရောက် တွေ့ဆုံ ကြရန် ကြေးနန်း ပို့လိုက်လေသည်။ မကြာမီ K.I.A. တပ်မတော်မှ ဗိုလ်ချုပ် ဇော်တန်သည် သူ့တပ်ဖွဲ့ဝင် (၅၀)ဖြင့် ရောက်လာသည်။ K.I.A. အဖွဲ့နှင့် တံခွန်နီ အဖွဲ့တို့ တောထဲ၌ပင် အတူတကွ စခန်းချ နေထိုင်ကြသည်။

ဆရာစကောလယ်တော၏ ဖြန်ဖြေမှုကြောင့်၊ S.S.A. နှင့် K.I.A. အဖွဲ့တို့ သည် အပစ်ရပ်ခဲ့ကြပြီး ‌ ‌ကျေအေး ခဲ့ကြသည်။ ထိုအချိန်တွင် S.S.A. အဖွဲ့အစည်းအတွင်း ပဋိပက္ခမဖြစ်သေးပေ။ ရှမ်းတပ် တဖွဲ့တည်း ရှိနေသေးသော အချိန် လည်း ဖြစ်သည်။

မှတ်ချက်။ ။ S.S.P.P. ရှမ်းပြည် တိုးတက်ရေးပါတီ၊ S.S.A. ရှမ်းပြည် တပ်မတော်။

K.I.A. အဖွဲ့မှ ဗိုလ်ချုပ်ဇော်တန် နှင့် ရှမ်းအဖွဲ့မှ စိုင်းဟိုပုန်း စိုင်းစဝ်မင်း စိုင်းရွှေလင်းတို့ နှစ်ဘက် တွေ့ဆုံကာ ‌ကျေအေးခဲ့ကြသည်။

ဆရာစကောလယ်တော က K.I.A. နှင့် S.S.A. အဖွဲ့ခေါင်းဆောင်များအား ဗမာပြည်မြောက်ပိုင်း ခရီးစဉ်၏ ရည်ရွယ်ချက်၊ တရုတ်ပြည် ကွန်မြူနစ်ပါတီ၊ ဗမာပြည် ကွန်မြူနစ်ပါတီတို့နှင့် ဆွေးနွေးချက်များကိုလည်း ရှင်းပြ ပေးခဲ့သည်။

မိုးတွင်းကာလဖြစ်သောကြောင့်၎င်း အခွင့်အရေး ကြုံကြိုက်နေသဖြင့်၊ ဗိုလ်ချုပ် ဇော်တန်က တံခွန်နီ ကြေးနန်းနှင့် ရန်သူကြေးနန်းသတင်း ကြားဖြတ် ဖမ်းယူစက် တာဝန်ခံ ကိုတင်ငွေအား မိမိတို့အဖွဲ့နှင့် ပါလာသော ရဲဘော်အခ့ျိုကို ကြားဖြတ် လျှို့ဝှက်သတင်း ဖော်ထုတ်ခြင်း၊ နည်းစံနစ်ကို သင်ကြားပေးရန် မေတ္တာရပ်ခံလာသောကြောင့်၊ သင်တန်း တခုကိုလည်း စီစဉ်ပေးခဲ့ရသည်။ သင်တန်းကာလမှာ (၅)လကျော် ကြာမြင့်ခဲ့သည်။ ကချင်ရဲဘော် (၂)ယောက်နှင့် ရဲမေ (၃)ဦးတို့ တက်ရောက် လေ့လာခဲ့သည်။

ဗိုလ်ချုပ်ဇော်တန်နှင့် လိုက်ပါလာသော တပ်ဖွဲ့အင်အား (၅၀)ခန့်တွင် ကရင် အမျိုးသား အခ့ျိုလည်း ပါလာသည်။ ကရင်အမျိုးသား ဘောလုံးသမား ဖယ်ရီဒွေး ၏ ညီဖြစ်သူ ပီတာဒွေး၏သား စောငယ်ဒွေးလည်း သင်တန်းသို့ တက်ရောက်ခဲ့သည်။ ရဲမေ (၃)ဦးတွင် ကရင်အမျိုးသမီး (၂)ဦး ပါဝင်သည်။

သင်တန်းပြီးဆုံး၍ ဗိုလ်ချုပ်ဇော်တန်နှင့် ကချင်တပ်ဖွဲ့များလည်း S.S.A. နယ်မြေမှ ပြန်လည် ထွက်ခွာ သွားခဲ့လေသည်။ မကြာမီ ဗိုလ်ချုပ် ဇော်တန်နှင့် အင်အား (၂၀)ခန့်ကို ဗကပ တပ်ဖွဲ့အင်အား (၂၀၀)ခန့်ဖြင့် ဝိုင်းဝန်းတိုက်ခိုက်ရာ ဗိုလ်ချုပ် ဇော်တန်နှင့် တပ်သား (၈)ယောက် ကျဆုံးသွားသည်။ ကျဆုံးသွားသူများထဲတွင် ပီတာဒွေး၏သား စောငယ်ဒွေး လည်း ပါသွားလေသည်။ ဗိုလ်ချုပ်ဇော်တန်မှာ နောက်ဆုံး ကျဆုံးသွားသော K.I.A. ခေါင်းဆောင်ပင် ဖြစ်သည်။ 

(K.I.A. ကို ခေါင်းဆောင်ခဲ့သော ညီအစ်ကို များဖြစ်သည့်၊ ဗိုလ်ချုပ် ဇော်ဒူး၊ ဇော်တန်၊ ဇော်ဆိုင်းတို့ (၃)ယောက်စလုံး ကျဆုံးသွားလေသည်။)

S.S.A. နယ်မြေမှ တံခွန်နီအဖွဲ့ နှုတ်ဆက်ပွဲ

ဆရာစကောလယ်တော ဦးဆောင်သော တံခွန်နီအဖွဲ့သည်၊ S.S.A. နယ်မြေ သို့ ၁၉၇၃ မေလလောက်တွင် ရောက်လာပြီး၊ ၁၉၇၄ ခုနှစ်၊ ဒီဇင်္ဘာ လလောက်တွင် ပြန်လည် ထွက်ခွာရန်ပြင်ဆင်ထားလေသည်။ နှုတ်ဆက်ပွဲ ကျင်းပရာတွင် ဗိုလ်မှူး ဆေထင် အဖွဲ့က တကြိမ်၊ ခွန်ကြာနုအဖွဲ့က တကြိမ် သီးခြား ပြုလုပ်သဖြင့်၊ S.S.A. ရှမ်းပြည် တပ်မတော် အတွင်း နှစ်ခြမ်း ကွဲသွားသည်ကို သိခဲ့ ကြရသည်။

S.S.A. သမိုင်းနှင့်ပတ်သက်၍ ရှမ်းတော်လှန်ရေး ဖြစ်ပေါ်လာပုံကို မကွဲမီ အခြေအနေနှင့် ကွဲခဲ့ရခြင်း အကြောင်းအခ့ျိုကို ရေးသား တင်ပြလိုပေသည်။ ရှမ်းလူမျိုး၊ ရှမ်းပြည်တော်လှန်ရေးကို ပထမဦးဆုံး ဦးဆောင်သူမှာ စဝ်နွဲ့ ဖြစ်သည်။ ၎င်း၏ တော်လှန်ရေးအဖွဲ့ကို “နွံစစ်ဟန်” (ရဲရင့်သော လူငယ်အဖွဲ့)ဟု ခေါ်သည်။ 

ရှမ်းပြည်အတွင်း ဗမာ့တပ်မတော်က ရှမ်း ပြည်သူ လူထုများအပေါ် စော်ကား သောကြောင့်၎င်း၊ ပြည်နယ် ပြည်မ ဆက်ဆံရေး ဖဆပလ အုပ်ချုပ်ရေးအပေါ် မကြေ နပ်သဖြင့် တက္ကသိုလ်ကျောင်းသားများက လက်နက်စွဲကိုင် လာကြသည်။ ကျောင်းသား အများအပြား တောခိုကြပြီး၊ စဝ်နွဲ့အဖွဲ့နှင့် ပူးပေါင်း လာကြသဖြင့်၊ စဝ်နွဲ့ အဖွဲ့သည် အင်အားကြီးထွား လာလေသည်။  စဝ်နွဲ့ သည် အင်အားကြီးထွားလာသောအခါ အာဏာရှင်ဆန်လာခဲ့သည်။ မိမိအုပ်ချုပ်ရေး ဒေသတွင် မြေရှင် ပဒေသရာဇ်စံနစ်ကို တည်ဆောက်လေတော့သည်။ လူငယ်များနှင့် သဘောထား ကွဲလွဲမှုများရှိလာပြီး၊ အကြံပြုချက်များကို လက်မခံသဖြင့် လူငယ် ခေါင်းဆောင်များဖြစ်သော စိုင်းပန်နှင့် စိုင်းဆပ် (ခေါ်) ဆေထင်တို့က ဦးဆောင်ပြီး စဝ်နွဲ့ အဖွဲ့မှ ခွဲထွက်သွားလေသည်။ ခေါင်းဆောင် နှစ်ဦးသည် `သီပေါ´နယ်သို့ တက်သွားပြီး၊ ရှမ်းလူထု ကို စည်းရုံးရာ ရှမ်းလူထုအများအပြား၏ ထောက်ခံမှုကို ရခဲ့သည်။ ထို့နောက် ရှမ်းပြည်လွတ်မြောက် ရေး တပ်မတော် လက်နက်ကိုင်တပ်ကို ဖွဲ့စည်းရာ၊ တပ်ရင်း (၄)ရင်းအထိ အင်အား တိုးတက်လာ ခဲ့သည်။ ၎င်းလက်နက်ကိုင် တပ်ဖွဲ့ကို S.S.I.A. (ခေါ်) ရှမ်းပြည် လွတ်လပ်ရေး တပ်မတော်ဟု အမည်ပေးလေသည်။ နောက်ပိုင်း ရှမ်းပြည်နှင့် ရှမ်း လူမျိုးတို့သည် လွတ်လပ်ရေးရပြီးသော လူမျိုးဖြစ်သည့်အတွက် လွတ်လပ်ရေးကို တိုက်စရာ မလို ကြောင်း၊ ထို့ကြောင့် S.S.I.A. Shan State Independent Army မှ ရှမ်းပြည် လွတ်မြောက်ရေး တပ်မတော် S.S.A.  Shan State Army ဟု ပြန်လည် ခေါ်တွင် လေသည်။ 

သီပေါနယ်တွင် အခြေခံသော S.S.A. တပ်ရင်း (၄)ရင်းကို စုစည်းပြီး တပ်မ တခုကို ဖွဲ့စည်းသည်။ မြောက်ပိုင်းတပ်မဟု ခေါ်တွင်သည်။ နောက်ပိုင်းတွင် လက် နက်ကိုင် တော်လှန်ရေး ဆင်နွှဲရာတွင် ရှေ့ဆောင်မှု ပြုနိုင်သော နိုင်ငံရေးပါတီတရပ် လိုအပ်နေသည်ကို သဘောပေါက် လာသဖြင့်၊ S.S.P.P. ရှမ်းပြည် တိုးတက်ရေးပါတီကို တည်ထောင်လိုက်သည်။ ၁၉၇၁ ခုနှစ် သြဂုတ်လတွင် ကွန်ဂရက်ကို ခေါ်ယူပြီး ခေါင်းဆောင် (၂၁)ဦး ပါဝင်သော နိုင်ငံရေး ဦးဆောင် ဗဟိုကော်မတီအဖွဲ့ကို ရွေးချယ်ခဲ့ပြီး အဖွဲ့ဝင် (၁၀)ဦးပါသော နိုင်ငံရေး အုပ်ချုပ်မှု ကော်မတီ Political Excecutive Committee ကို ဖွဲ့စည်းလိုက်သည်။ 

ခွန်ကြာနု ဥက္ကဋ္ဌ၊

စိုင်းဘွန်ထိုင်း ဒုတိယ ဥက္ကဋ္ဌ၊

စဝ်ဆေးခန် ဒုတိယ ဥက္ကဋ္ဌ၊

ဆေးလင်း စစ်ဦးစီးချုပ်၊

ဆေးဝိုင် အတွင်းရေးမှူးချုပ်၊

စဝ်ဆေထင် တွဲဘက် အတွင်းရေးမှူး၊

ဗိုလ်မှူးကြီး စံမိန်း တပ်မမှူး၊

စဝ်ဆေဆင့် အုပ်ချုပ်ရေးတာဝန်ခံ၊

စဝ်အူးမိုင်း ဆေးဝါးနှင့် ကျန်းမာရေး တာဝန်ခံ၊

စဝ်မိန်း တွဲဘက် စစ်ဦးစီးချုပ်၊ 

တို့မှာ နိုင်ငံရေး အုပ်ချုပ်မှု ကော်မတီများ ဖြစ်သည်။

ရှမ်းပြည်တိုးတက်ရေးပါတီ S.S.P.P. သည် အမျိုးသား ဒီမိုကရေစီ လမ်းစဉ်ကို လက်ခံ အတည်ပြုခဲ့သည်။ နောက်ပိုင်းတွင် ဗမာပြည် ကွန်မြူ နစ်ပါတီ နှင့် ပူးပေါင်း လုပ်ဆောင်သင့်သည်ဟု ခံယူသောအဖွဲ့နှင့် အချိန်ယူပြီး စောင့်ကြည့် သင့်သေးသည်ဟု ယူဆသောအဖွဲ့ဟူ၍ ခေါင်းဆောင်ပိုင်းအတွင်း ကွဲလွဲမှုများ ပေါ်ပေါက်ခဲ့သည်။ အချိန်ယူပြီး စောင့်ကြည့်ရန် လိုသေးသည်ဟု ယူဆသော အဖွဲ့က အများစုဖြစ်သည်။ မတင်မကျ ဖြစ်နေသော ကာလတွင် လူနည်းစု ဖြစ်သော မြောက်ပိုင်းမှ အဖွဲ့ဝင် (၇)ဦးဖြင့်သာ အစည်းအဝေးပွဲထိုင်ပြီး၊ ဗမာပြည် ကွန်မြူနစ် ပါတီနှင့် သွားရောက် တွေ့ဆုံရန် ဆုံးဖြတ်လေသည်။ ဗဟိုကော်မတီဝင် အားလုံး ပါဝင်ပြီး အစည်းအဝေး ထိုင်ရန် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က လမ်းခရီး အခက် အခဲကြောင့် ရောက်မလာ နိုင်သေးသော အချိန်တွင် ဖြစ်သည်။ မြောက်ပိုင်း ခေါင်းဆောင်အဖွဲ့က ဗမာပြည် ကွန်မြူနစ်ပါတီနှင့် တွေ့ဆုံပြီးမှ၊ ဥက္ကဋ္ဌ ခွန်ကြာနု နှင့် အမှုဆောင် ကော်မတီအခ့ျိုမှာ စည်းဝေးပွဲသို့ ရောက်လာကြသည်။ အဖွဲ့အစည်းအတွင်း အမြင်မတူညီမှုမှာ ကြီးထွား လာပြီး ဥက္ကဋ္ဌ ခွန်ကြာနု၊ အတွင်းရေး မှူး ဆေးဝိုင်၊ အုပ်ချုပ်ရေးတာဝန်ခံ စဝ်ဆေဆင့်၊ ကျန်းမာရေးတာဝန်ခံ စဝ်အူးမိုင်း တို့ တောင်ပိုင်းသို့  ထွက်ခွာသွားလေသည်။ ကျန် သော မြောက်ပိုင်း ခေါင်းဆောင်အဖွဲ့က အစည်းအဝေး ခေါ်ယူပြီး၊ တောင်ပိုင်းသို့ ထွက်ခွာသွားသော ဥက္ကဋ္ဌနှင့် အဖွဲ့ကို အဖွဲ့အစည်းမှ ထုတ်ပယ်လိုက်လေသည်။ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ စဝ်ဘွန်ထိုင်းက ဥက္ကဋ္ဌ ဖြစ်လာသည်။ မြောက်ပိုင်းအဖွဲ့က ကိုယ်စားလှယ် စေလွှတ်၍ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် တွေ့ဆုံပြီး လက်တွဲဆောင်ရွက်ရန် သဘောတူ ညီချက်များ ရရှိခဲ့ကြသည်။ ထို့ကြောင့် လက်နက်အကူအညီများ ရရှိခဲ့ပြီး အင်အား (၅)ထောင်ကျော်အထိ တိုးတက်လာကာ၊ ရန်သူကိုလည်း ပိုမို တိုက်ခိုက်လာနိုင် ခဲ့သည်။ ဥက္ကဋ္ဌ ခွန်ကြာနုတို့ အဖွဲ့ကိုလည်း အဖွဲ့အစည်းကို ဖြိုခွဲသူအဖြစ် ပြောဆို လေသည်။ တံခွန်နီကိုယ်စားလှယ်အဖွဲ့ S.S.A. နယ်မြေသို့ ရောက်သွားသော အချိန်သည် S.S.A. ခေါင်းဆောင်ပိုင်းအတွင်း အကွဲအပြဲ မဖြစ်သေးသော အချိန်ဖြစ်သည်။ ဆေထင်သည် အင်အား (၁၀၀)ခန့်ကို ဦးဆောင်ပြီး၊ ဆရာစကောလယ်တော ဦးစီးသော၊ တံခွန်နီအဖွဲ့နှင့် ပူးတွဲကာ ဗမာပြည် ကွန်မြူနစ် ပါတီနှင့် တွေ့ဆုံခဲ့လေသည်။ K.N.U.P. တံခွန်နီအဖွဲ့နှင့် ဆေထင်ဦးဆောင်သော S.S.A. အဖွဲ့တို့သည် ဗကပ ဋ္ဌာနချုပ်မှ ၁၉၇၃ ခုနှစ် မေလတွင် အတူထွက်လာခဲ့ပြီး ရှမ်း ပြည်၌ အတူလက်တွဲကာ စစ်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ သည်။ ရှမ်း ပြည်တွင် တနှစ်ခွဲ မျှနေပြီးနောက် အောက်ပိုင်းသို့ ထွက်ခွာခဲ့သည်။ 

Leave a comment

Welcome to the Official Karen Vibes Media Website! 

Karen Vibes Media is a premier ethnic digital media organization dedicated to the Karen people and those interested in Karen affairs. Founded on the principles of community empowerment and freedom of expression, we serve as a vital information bridge between the ground realities in Karen areas and the global Karen diaspora. Our content specializes in Karen languages, history, and the complex political landscape of Myanmar, providing a platform for voices that are often marginalized in mainstream media.

Let’s connect

Recent posts