
ဘာသာစကား (၄) မျိုးဖြင့် တင်ဆက်မှု
(မြန်မာ၊ အင်္ဂလိပ်၊စကောကရင်၊ အနောက်ပိုးကရင်)
Multilingual Coverage:
Burmese, English, S’gaw Karen and Western Pwo Karen .
နှလုံးသားလှသော တော်လှန်ရေးသမားနှင့် ပညာရှင် – ဒေါက်တာ Hudson Heart ၏ ခိုင်မာသောရပ်တည်ချက်နှင့် ဘဝခရီးစဉ်
(Karen Vibes) – ၂၂ မတ်လ၊ ၂၀၂၆
မြန်မာနိုင်ငံ၏ နွေဦးတော်လှန်ရေးကာလအတွင်း မိမိတို့၏ ဘဝနှင့် အနာဂတ်ကို ရင်းနှီးမြှုပ်နှံပြီး ပြည်သူနှင့်အတူ ရပ်တည်နေကြသည့် ပညာရှင်များစွာရှိသည့်အနက် ဒေါက်တာ Hudson Heart (သို့မဟုတ်) ဒေါက်တာ စထွဋ်ဝေဆိုင်သည် ထူးခြားပြောင်မြောက်သော စံနမူနာရှင်တစ်ဦး ဖြစ်သည်။ ၎င်းသည် ကျောက်ကပ်ခွဲစိတ်အထူးကု ဆရာဝန်ကြီးတစ်ဦး ဖြစ်သလို၊ စာပေမြတ်နိုးသူ၊ တော်လှန်ရေးသမားနှင့် လူငယ်တို့၏ လမ်းပြတစ်ဦးလည်း ဖြစ်သည်။
“Urologist” ဟူသော ဂုဏ်ပုဒ်နှင့် ခိုင်မာသော ရပ်တည်ချက်
ဒေါက်တာ Hudson Heart သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်ခင်ကတည်းက ဆေးပညာလောကတွင် အဆင့်မြင့်လှသော Urology Doctorate (ဆီးနှင့် ကျောက်ကပ်ခွဲစိတ်အထူးကု ဘွဲ့) ကို သင်ယူပြီးမြောက်ခဲ့သူဖြစ်သည်။ သို့သော် အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် ဘွဲ့ယူရန် ငြင်းဆန်ခဲ့သည်။
၎င်းက “ကျွန်တော်ဟာ မအလကြောင့်သာ ဘွဲ့မယူလိုက်ရတာ၊ ကိုယ့်ကိုယ်ကို Urologist လို့ပဲ အမြဲမိတ်ဆက်တယ်။ ဒီဘွဲ့ဟာ သူတို့ပေးမှ ရမယ့်ဘွဲ့မဟုတ်ဘူး၊ ငါ့ရဲ့ ဆရာသမားတွေက ထိုက်တန်လို့ ပေးအပ်ပြီးသား ဘွဲ့ဖြစ်တယ်” ဟု ယမန်နေ့က ဂုဏ်ယူစွာ ဆိုထားသည်။ ၅ နှစ်တာ အခက်အခဲများအပြီးတွင် ယခုအခါ ကြားကာလတက္ကသိုလ်မှ ဆရာကြီး၊ ဆရာမကြီးများက ၎င်းအား တရားဝင် ဂုဏ်ပြုပေးအပ်ခဲ့ခြင်းကြောင့် ပို၍ပင် တန်ဖိုးထား ဂုဏ်ယူနေခြင်း ဖြစ်သည်။
တာဝန်သိမှုနှင့်အတူ နိုင်ငံသစ်အတွက် ရုန်းကန်နေသူ
CDM လှုပ်ရှားမှုတွင် ပါဝင်နေသော်လည်း ဒေါက်တာ Hudson Heart သည် ဆေးပညာရှင်တစ်ဦး၏ တာဝန်ကို တစ်စက္ကန့်မျှပင် လစ်ဟင်းခြင်း မရှိပေ။ ၎င်းသည် လွတ်မြောက်နယ်မြေနှင့် နေရာအသီးသီးမှနေ၍ ကျောင်းသားများကို ပညာသင်ကြားပေးခြင်း၊ Training များ ပေးခြင်းနှင့် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို အဆက်မပြတ် ဆောင်ရွက်နေသည်။
“ကျွန်တော်တို့ CDM တွေဟာ ကိုယ်လုပ်ရမယ့်အလုပ်ကို ဆက်လုပ်နေတယ်။ နိုင်ငံသစ် ပြန်လည်ထူထောင်တဲ့အခါ စိတ်ဓာတ်မှန်ကန်တဲ့ Human Resource (လူသားအရင်းအမြစ်) တွေ အသင့်ရှိနေဖို့ လိုတယ်” ဟု ၎င်းက ဆိုသည်။ ၎င်း၏ လုပ်ဆောင်မှုများသည် ဝတ္တရားအရ (Dutifully) လုပ်ဆောင်ခြင်းမျိုး မဟုတ်ဘဲ အသိစိတ်ဓာတ်ရှိသော တာဝန်ယူမှု (Responsibility) ဖြင့် ရုန်းကန်နေခြင်းပင် ဖြစ်သည်။
စာပေမေတ္တာနှင့် ကရင်ယဉ်ကျေးမှု ထိန်းသိမ်းသူ
ဆေးပညာရှင်တစ်ဦး ဖြစ်သော်လည်း မိမိ၏ ကရင်မျိုးနွယ်စု၏ စာပေနှင့် ယဉ်ကျေးမှုကို အထူးမြတ်နိုးသူဖြစ်သည်။ ကရင်စာပေ တိမ်ကောမသွားစေရန်အတွက် အလုပ်များသည့်ကြားမှပင် အွန်လိုင်းမှတစ်ဆင့် ကရင်စာပေသင်ကြားရေး ဗီဒီယိုများကို ကိုယ်တိုင်ရိုက်ကူး ဖြန့်ဝေပေးလျက်ရှိသည်။ ၎င်းသည် လူသားတို့၏ ဝေဒနာကို ကုစားပေးသလို၊ လူမျိုးစု၏ အမှတ်အသားဖြစ်သော စာပေကိုလည်း ကာကွယ်စောင့်ရှောက်နေသူဖြစ်သည်။
နူးညံ့သော နှလုံးသားနှင့် ဘဝနေထိုင်မှု
ဒေါက်တာ Hudson Heart သည် တိရစ္ဆာန်လေးများကို အလွန်ချစ်မြတ်နိုးသူဖြစ်ပြီး ၎င်းတို့အပေါ်ထားရှိသော ကရုဏာစိတ်သည် ၎င်း၏ နူးညံ့သိမ်မွေ့သော စိတ်ထားကို ဖော်ပြနေသည်။ ထို့အပြင် စစ်ဘေးစစ်ဒဏ်နှင့် တော်လှန်ရေးဖိစီးမှုများကြားတွင် စိတ်ဓာတ်မကျစေရန် ချက်ပြုတ်ခြင်းနှင့် Food Vlog ရိုက်ကူးခြင်းတို့ဖြင့် ဘဝကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းတတ်သူလည်း ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် ဒေါက်တာ Hudson Heart သည် အာဏာရှင်ကို ဒူးမထောက်သည့် ခိုင်မာသော သိက္ခာ၊ ပြည်သူအပေါ်ထားသည့် စစ်မှန်သော ကရုဏာနှင့် အနာဂတ် နိုင်ငံတော်သစ်အတွက် လိုအပ်သော ပညာရှင်စိတ်ဓာတ်တို့ကို ပေါင်းစပ်ပိုင်ဆိုင်ထားသည့် တော်လှန်ရေးရဲ့ ကြယ်တစ်ပွင့်ပင် ဖြစ်ပါတော့သည်။
A Surgeon of Conscience: The Resilient Journey and Principled Stand of Dr. Hudson Heart
(Karen Vibes) – March 22, 2026
In the landscape of Myanmar’s Spring Revolution, where professionals have risked their futures to stand in solidarity with the people, Dr. Hudson Heart (also known as Dr. Htut Wai Saing) stands out as a beacon of both professional integrity and revolutionary spirit. A specialist urological surgeon, a preserver of culture, and a mentor to the youth, his story is one of unwavering defiance and profound compassion.
The True Essence of a “Urologist”
For Dr. Hudson Heart, a title is not merely a piece of paper issued by an authority; it is a testament to years of rigorous academic and clinical pursuit. Having completed his Doctorate in Urology prior to the 2021 coup, he made the conscious and principled decision to forgo his formal graduation rather than accept a degree from the military junta.
“I have been a Urologist since before the coup,” he stated firmly in a recent reflection. “I do not require a title bestowed by a regime I hold in contempt. My status was earned through the guidance of my mentors and my own merit.” After five years of steadfast resistance within the Civil Disobedience Movement (CDM), he was recently honored by interim academic institutions—a recognition he describes as far more meaningful and valuable than any official certification from the junta.
Building the Future: Beyond Duty, Toward Responsibility
Despite the challenges of the current political climate, Dr. Hudson’s commitment to medical excellence remains undiminished. Operating from liberated areas and various locations, he continues to provide essential healthcare to the public while simultaneously spearheading medical and nursing education.
His philosophy distinguishes between “duty” and “responsibility.” For him, the ongoing efforts to train the next generation of healthcare professionals are not a burden of office, but a vital investment in the nation’s reconstruction. “To rebuild our country, we need principled human resources ready to serve. Healthcare is a cornerstone of that transition,” he emphasized. His expertise remains an open resource for those seeking to develop the medical infrastructure of a future, democratic Myanmar.
A Guardian of Karen Heritage and Compassion
Dr. Hudson’s dedication to humanity extends beyond the operating theater. As a proud member of the Karen ethnic group, he has taken on the mantle of a cultural preservationist. Recognizing the threat of his ancestral language fading away, he utilizes his limited respite to produce and share Karen language educational videos online.
His empathy is further reflected in his love for animals. A dedicated pet lover, he views his compassion for living beings as an extension of his medical calling. To manage the immense psychological pressure of life during a revolution, he finds solace in the culinary arts, sharing his passion through food vlogs that offer a rare glimpse of normalcy and humanity amidst the struggle.
Conclusion
Dr. Hudson Heart embodies the spirit of a new era—one where professional expertise is inseparable from moral courage. His journey serves as a powerful reminder that the true value of a physician lies not in a title granted by a dictator, but in a heart dedicated to the service of the people, the preservation of identity, and the relentless pursuit of justice.
Photo – Hudson’s Heart
Hudson Heart ၏ Youtube – https://www.youtube.com/@hudsonsaing
Hudson Heart ၏ Facebook page – https://www.facebook.com/profile.php?id=100063636943497

ၦၤပၢၢ်ဆၢတၢ်ဖိလၢအိၣ်ဒီးတၢ်သူၣ်ဂ့ၤသးဝါ ၦၤကူၣ်ဘၣ်ကူၣ်သ့ ဒီးကထၢၣ် Hudson Heart အတၢ်အိၣ်ဆၢ ထၢၣ်ဂၢၢ်ဂၢၢ်ကျၢၢ်ကျၢၢ်
(Karen Vibes) – လါမးၡး ၂၂ သီ၊ ၂၀၂၆ နံၣ်
ကီၢ်ပယီၤ တၢ်ကိၢ်ထီၣ်သီတၢ်ပၢၢ်ဆၢကတီၢ်ပူၤ ၦၤကူၣ်ဘၣ်ကူၣ်သ့လၢ ဘျၢလီၤဟ့ၣ်လီၤအတၢ်အိၣ်မူခါဆူ ညါ ဒီးသးသမူတဖၣ် လၢတၢ်အိၣ်ဆၢထၢၣ်ဃုၥ်ဒီးကမျၢၢ်တဖၣ် အိၣ်အါမးအကျါ ဒီးကထၢၣ် Hudson Heart (မ့တမ့ၢ်) ဒီးကထၢၣ်စးထိးဝ့ၢ်ဆဲၣ်(စထွဋ်ဝေဆိုင်) မ့ၢ်ၦၤလၢအလီၤကွၢ်လိတဂၤန့ၣ်လီၤ။ အဝဲန့ၣ်မ့ၢ် ကသံၣ်သရၣ်ဖးဒိၣ်လၢ ကွဲးဝဲၦၤကလ့ၣ်တဂၤတကးဘၣ်အမဲၥ်ညါ မ့ၢ်ၦၤတဂၤလၢအဲၣ်လံၥ်လဲၥ်၊ အဲၣ်တၢ် ပၢၢ်ဆၢဒီး မ့ၢ်စ့ၣ်ကီးတၢ်နဲၣ်ကျဲလၢ ၦၤသူၣ်ဘီၣ်သးစၢ်တဖၣ်အဂီၢ်န့ၣ်လီၤ။
အိၣ်ဆၢထၢၢ်ဂၢၢ်ကျၢၤဒ် “Urologist” တဂၤအသိး
တချုး ၂၀၂၁ နံၣ် သုးဟံးန့ၣ်ဆူၣ် တၢ်စိတၢ်ကမီၤ အမဲၥ်ညါလံၤလံၤ ကသံၣ်ကသီတၢ်သ့ၣ်တၢ်ဘၣ်တကွီၢ်ပူၤ ဒီးကထၢၣ် Hudson Heart အိၣ်ဆၢထၢၣ်ဂၢၢ်ကျၢၢ်လၢအမီထိၣ် “Urologist” တဂၤဒီး မ့ၢ်ၦၤလၢမၤလိဟံးန့ၣ်ဝဲ Urology Doctorate ပတီၢ်ထီ (တၢ်ကွဲးတၢ်ကါလီၤဆီကလ့ၣ်ဒီးဆံၣ် ဖျိကၠိဒိၣ်ကၠိထီၣ်)လံ န့ၣ်လီၤ။ ဘၣ်ဆၣ် ဂ့ၥ်လိၥ်ဝဲလၢ ကဟံးန့ၣ် ဖျိကၠိဒိၣ်ကၠိထီၣ် လံၥ်အုၣ်သးအံၤလၢ သုးမီၣ်စိရိၤလၢဟံးန့ၣ်ဆူၣ်တၢ်စိကမီၤအံၤ တၢ်ပၢအဖီလၥ် န့ၣ်လီၤ။ စံးဝဲခီဖျိ မ့အီၣ်လဲၣ်အဃိ ယတဟံးန့ၣ်ဘၣ် ကၠိဒိၣ်ကၠိထီၣ် လံၥ်အုၣ်သးဘၣ်ဆၣ် ဖဲအဝဲဒုးသ့ၣ် ညါလီၤသးဒီးၦၤဂၤန့ၣ် ထီဘိ စံးလီၤသးလၢ Urologist န့ၣ်လီၤ။ ”လံၥ်အုၣ်သးအံၤ တမ့ၢ်လၢအဝဲသ့ၣ်မ့ၢ် ဟ့ၣ်မး ယဒိးန့ၣ်ဘၣ်တမ့ၢ်ဘၣ် ၊ ယကြၢးဘၣ်ဝဲဒီး တၢ်လၤကပီၤအံၤဃိ ယသရၣ်သမါတဖၣ်ဟ့ၣ်လီၤယၤ လံ” လၢတၢ်ပၥ်ကဖၢလၢသးပူၤ စံးဝဲလၢတနံၤအံၤန့ၣ်လီၤ။ ၅နံၣ်တၢ်ကီတၢ်ခဲကတီၢ်ဝံၤလီၢ်ခံ ဆၢကတီၢ်ခဲအံၤ တၢ်ဘၢၣ်စၢၤ ဖၠၣ်စိၤမိၤအပူၤ သရၣ်/မုၣ်တဖၣ် ဟ့ၣ်လီၤအီၤ လံၥ်အုၣ်သးလီၤတံၢ်လီၤဆဲးအဃိ ပၥ်ကဖၢ လၢသးဒီးပၥ်လုၢ်ပၥ်ၦ့ၤဝဲစ့ၢ်ကီးန့ၣ်လီၤ။
မ့ၢ်ပှၤလၢသ့ၣ်ညါမူဒါဒီး ဂုၥ်ကျဲးစၢၤအဂ့ၤကတၢၢ်လၢတၢ်ကသူၣ်ထီၣ်ထံကီၢ်သီအဂီၢ်
သ့ၣ်ညါမူဒါဒီး တၢ်ကသူၣ်ထီၣ်ထံသီကီၢ်သီအဂီၢ် ကျဲးစၢးပၥ်ဃုၥ် ပၥ်ဂီၢ်ဝဲလၢ CDM ဘၣ်ဆၣ် ဒီးကထၢၣ် Hudson Heart န့ၣ် တလီၤဟိလၢ ကသံၣ်သရၣ်တဂၤမူဒါပူၤ နီတဘျီစ့ၢ်ကီးဘၣ်။ ကွၢ်ထွဲမၤစၢၤဝဲ ကမျၢၢ်တဖၣ် တၢ်အိၣ်ဆူၣ်အိၣ်ချ့အဂီၢ်ဒီး သိၣ်လိဝဲတၢ်ကူၣ်ဘၣ် ကူၣ်သ့၊မၤလိဝဲကၠိဖိတဖၣ်လၢ တၢ်ပၢၢ်ဆၢဟီၣ်ကဝီၤအပူၤ ဒီး တၢ်လီၢ်အါတီၢ်ပူၤ မၤဝဲတပယုၥ်ဃီန့ၣ်လီၤ.။ ပဝဲ CDMတဖၣ် တၢ်လၢပကဘၣ်မၤန့ၣ်ပမၤ ဒံးန့ၣ်လီၤ။ ဖဲ ပက့ၤသူၣ်ထီၣ်ထံကီၢ်သီကတီၢ် Human Resource (ၦၤကညီ) ၦၤလၢပၥ်သးတီလိၤ တဖၣ် ကအိၣ်ဝဲ လိၥ်ဝဲချုးဆၢချုးကတီၢ် အဂ့ၢ် အဝဲစံးဝဲန့ၣ်လီၤ။ အဝဲအတၢ်မၤအံၤ တမ့ၢ်လၢ မူဒါအဃိဒီးမၤဝဲဘၣ် လၢတၢ်သူၣ်ဆးသးဆးအပူၤပၥ်ဝဲဒ်အမူဒါဒီး ဂုၥ်ကျဲးစၢး ဝဲန့ၣ်လီၤ။
မ့ၢ်ပှၤလၢပၢၤဃၥ်ကညီလုၢ်လၢ်ထူသနူဒီး လံၥ်လဲၥ်
ကသံၣ်သရၣ်အံၤမ့ၢ်ပှၤလၢအဲၣ်ဝဲ အၦၤကလုၥ် အလံၥ်အလဲၥ်ဒီး လုၢ်လၢ်ထူသနူစ့ၢ်ကီးန့ၣ်လီၤ။ ကညီလံၥ်လဲၢ်အသုတလီၤဘၢလီၤမၣ်အဂီၢ် တၢ်မၤတချုးတဒးအပူၤ ဒိဝဲ တၢ်သိၣ်လိကညီကျိၥ် တၢ်ဂီၤမူ(Video)ဒီး ရၤလီၤဝဲ လၢOnlineဖီခိၣ်န့ၣ်လီၤ။ မ့ၢ်ၦၤလၢ ကူစါယါဘျါၦၤကညီတကးဘၣ်အမဲၥ်ညါ မ့ၢ်ၦၤတဂၤလၢ ကွၢ်ထွဲဒီတဒၢဝဲ ၦၤကလုၥ်တၢ်ပနီၣ်လၢ အမ့ၢ် လံၥ်လဲၥ်စ့ၢ်ကီးန့ၣ်လီၤ။
မ့ၢ်ပှၤလၢအိၣ်မူဝဲဒီး တၢ်အဲၣ်တၢ်ကွံ
ဒီးကထၢၣ်Hudson Heart ပှၤသူၣ်ဂ့ၤသးဝါ တဂၤအံၤ မ့ၢ်ၦၤလၢအဲၣ် ဆၣ်ဖိကီၢ်ဖိ ဒီး အတၢ်အဲၣ်ဆၣ်ဖိကီၢ်ဖိအံၤပၥ်ဖျါထီၣ်အတၢ်ပၥ်သူၣ်ပၥ်သးတဖၣ်န့ၣ်လီၤ။ ခီဖျိတၢ်ပၢၢ်ဆၢဒီး တၢ်ဒုးတၢ်ယၤတၢ်ဆီၣ်သနံးအဘၢၣ်စၢၤ သးသဟီၣ်သုးတစၢ်လီၤအဂီၢ် ဒိဝဲတၢ်ဖီအီၣ်တ့ၤအီၣ် ဒီး Food Vlog ဒီး မ့ၢ်ၦၤလၢခီဖျိဝဲတၢ်အိၣ်မူအံၤလၢအခီပညီအိၣ်အိၣ်န့ၣ်လီၤ။ ပမ့ၢ်ကျၢၢ်တံၢ်အီၤန့ၣ် ဒီးကထၢၣ် Hudson Heart မ့ၢ်တၢ်ပၢၢ်ဆၢဆၣ်တဖျၢၣ်လၢအိၣ်ဒီး သူးသ့ၣ်လၤကပီၤလၢ တဟ့ၣ်အဃၥ်လၢ သုးမီၣ်စိရိၤ၊ ကမျၢၢ်အဂီၢ်အိၣ်ဒီးတၢ်သးအိၣ်အမ့ၢ်အတီဒီး ခါဆူညါတၢ်သူၣ်ထီၣ်ထံကီၢ်သီအဂီၢ် တၢ်လိၣ်လၢအမ့ၢ် ၦၤကူၣ်ဘၣ်ကူၣ်သ့သးသဟီၣ် တဖၣ်ပၥ်ဖှိၣ်အိၣ်ဝဲလၢအပူၤန့ၣ်လီၤ။

ၥုၪ့ဂ့ၩၥၭဘွၩအီၪၦဆၧပိၩ့ထၪ့ဒဲၦကိၪ့ၥ့ၪဖိၪ-ဒီၭထၧၫ့ Hudson Heart အဆၧအီၪက့ၪၥုၪ့အီၪက့ၪၥၭဒဲ အဆၧအီၪမၧၫ့ဆၧလ့ၩ
(Karen Vibes) – လၩမၫၡၭ၂၂ၥၫ့၂၀၂၆နံၪ့
ခးပယၩ့ထံၫခးအဆၧယီၫခၫထၪ့ဆၧပိၩ့ထၪ့အခံၫ့အထီ ဘၧၩ့လၩ့ဆူၫလၩ့ထၬ ပၧၩဝ့ၫဒၪပၧၩဝ့ၫ အဆၧအီၪမၧၫ့ဒဲ အဆၧၫ့အထီဂီၩ့ အီၪက့ၪဂုးခၨၪလၧခမျၧးၥံၪဒဲမီၪ့ဎီၩ့ ၦကိၪ့ၥ့ၪဖိၪအီၪဝ့ၫအၪမၬအဖၧၩ့ ဒီၭထၧၫ့ Hudson Heart (အ့ၪ) ဒီၭထၧၫ့စထူၭဝ့ၫစဲၫ့ယီၩ ၦလၩ့ဆၫ့ဒၪဝ့ၫနဲၪဒီၩ့ဂ့ၩၦကိၪ့ၥ့ၪဖိၪကဂၩနီၪလီၫ. အဝ့ၫယီၩ ဆၧလၩ့ဆၫ့ဎွ့ၭဘၠၩ့ထဲၩ့ အလ့ၥံၪ့ဎွံၪဆရၫဖၭဒိၪကဂၩအၥိၭ အဲၪဒိၭကွ့ၭလံၬလဲဖိၪ, ၦဆၧပိၩ့ထၪ့ဒဲၥၭဘၪ့ဖိၪၥံၪအဂး ၦဖ့ၪကိၪ့ဖိၪကဂၩဒ့ၭနီၪလီၫ.
မံၩ့ဒိၪ“Urologist”ဒဲအီၪဂုးခၧၫ့ဆၧၫ့ထုၪ့ဝ့ၫ
၂၀၂၁နံၪ့မၩန့ဆီၪ့ဆၧစီၩ့ဆၧမၩ့အထီနီၪ ဒီၭထၧၫ့ Hudson Heart ယီၩ မၩလိၪထဲၩ့လၧၥံၪ့ဎွံၪအဝၩ့ဖၧၩ့အဆၫ့ထီၫ Urology Doctorate (ဆၧလၩ့ဆၫ့ဎွ့ၭဘၠၩ့ထဲၩ့ဆံၪဒဲအလ့မံၩ့လၩဖၩ့)ယီၩ ဂီၩ့ထဲၩ့ဝ့ၫယူၭနီၪလီၫ. လါနၫ့ ၥုၭခီၩ့စၧၫ့ မၩန့စီၩ့မၩ့အဖၫ့လၬ ဖ့ၪထဲၩ့ဝ့ၫမံၩ့လၩဖၩ့နီၪ မီၪ့ဘံၭထဲၩ့ဝ့ၫလီၫ. အဝ့ၫယီၩ ”ယၧၩနီၪမအလအကၠီၩ့ယအၪ့န့ထဲၩ့ မံၩ့လၩ့ဖၩ့အ့ၬ. ကိၭကၠၪယဖံၭၥိၭလီၩလၩ့ ယၧၩၥၭ Urologist နီၪလီၫ. မံၩ့လၩဖၩ့ယီၩ အဝ့ၫၥံၪဖ့ၪလၩ့ယၧၩမၬ န့ထဲၩ့ဝ့ၫမွဲအ့ၬ, ယဆရၫၥံၪနီၪကြၨၭဘၪလၧယၧၩအကၠီၩ့ဖ့ၪထဲၩ့အ့ၪယၧၩ မံၩ့လၩဖၩ့ယီၩနီၪလီၫ” အဂဲး ကနံၩယီၩ ကွ့ၭလီၩအီၪက့ၪဖိၪလိၪထၬဝ့ၫနီၪလီၫ. ဆၧကၪဆၧဂဲၩဖီၩ့ခွံၬယဲနံၪ့အထီဂီၩ့နီၪ ဘိၩယီၩနီၪဘဲၫ အဘိၩ့ဆၧၩ့ ဘျၪ့ကိၪ့ဒိၪ ဆရၫ,ဆရၫမုၪဖၭဒိၪၥံၪ မၩလၩ့မၩဖၩ့ထဲၩ့ဝ့ၫ အဝ့ၫနုၫၥနိၪယီၩအကၠီၩ့ အၪနဲၪ့န့အီၪက့ၪဖိၪလိၪဘၪ အလူအဎွ့ၩဒၪဝ့ၫနီၪလီၫ.
ၥ့ၪယၫမူၩဒၩဒဲမီၪ့ဎီၩ့ထံၫခးအၥၫ့အဂးၦဂဲၩဖျုကျ့ၭစၨၭဖိၪ
လၧ CDMဆၧဂဲၩဝၭဖၧၩ့ပၫဝ့ၫလါနၫ့ဒီၭထၧၫ့ Hudson Heart ယီၩ ၥံၪ့ဎွံၪဆရၫကဂၩအမူၩဒၩဖိၪၥံၪအဖၧၩ့ခိၪ မၩလၩ့ထီးလၩ့ဂီၫ့အီၪနးဆံၭအ့ၬ. အဝ့ၫယီၩအီၪဝ့ၫလၧဆၧဖီၩ့ဖျ့ၭအလးဝၩ့အဆုၬဆုၬဖၧၩ့ဂီၩ့ ၥီၪ့လိၪထဲၩ့ဝ့ၫ ဆၧမၩလိၪဖိၪၥံၪ ၥံၪ့ဎွံၪဆၧမၩလိၪအဂဲ, ဖ့ၪလၩ့ထဲၩ့ဝ့ၫTrainingၥံၪ ဒဲ မၩထဲၩ့ဝ့ၫကိၭနံၩကိၭၥၫ့ထံၫဖိၪခးဆါၥံၪအဂး ယိထွ့ၫဖ့ၪဂဲးဆၧအီၪဆီၪ့အီၪချဲၫ့ၥံၪဒ့ၭနီၪလီၫ.” ၦCDMဖိၪၥံၪလဖၪယီၩ ပကဘၪမၩၦဆၧဖံၭဆၧမၩလဖၪနီၪ ပမၩထဲၩ့ဎးနီၪလီၫ. ၥုၪ့ထၪ့ထဲၩ့ထံၫခးအၥၫ့န့ဝ့ၫကိၭနီၪ ၥုၪ့ၥၭကတီၩဝ့ၫ Human Resource (ၡၩအဝံအစၧၩ့)ယီၩ ကဘၪအီၪတဲၩ့ဝဲၩ့ထၬအဂးလိၫဝ့ၫနီၪလီၫ.” အဂဲး အဝ့ၫစံၭထၬဝ့ၫဒံၭနီၪလီၫ. အဝ့ၫအဖံၭဆၧမၩဆၧယီၩ မၩထဲၩ့ဝ့ၫဘဲၫ ၦတၩလၫ့(Dutifully) အီၪဖိၪ ကဂၩမွဲအ့ၬဂီၩ့ ၥၭအဆၧၥ့ၪယၫအီၪ မၩန့မူၩဒၩဖိၪ(Responsibility) ကဂၩအၥိၭ ဂဲၩဖျူကျ့ၭစၨၭထဲၩ့ဝ့ၫနီၪလီၫ.
အဲၪဒိၭလံၬလဲဒဲဖီၪ့ပၧၩ့ထၬၦဖျိၩ့ဆၧဆၧးဎံၪလၩဖိၪ
အဝ့ၫယီၩၥံၪ့ဎွံၪၦကိၪ့ၥ့ၪဖိၪကဂၩလါနၫ့ အဝ့ၫအဆၨၩဖိၪအလံၬလဲဒဲ ဆၧဆၧးဎံၪလၩယီၩ အဲၪဒိၭဝ့ၫၦလၩ့ဆၫ့ဖိၪ ကဂၩဒ့ၭနီၪလီၫ. ဖျိၩ့လံၬလဲၥံၪ ကိၭလၩ့ယွၩဘၪလဂ့ၩအဂး အဝ့ၫအဆၧမၩအၪအထီကျၩနီၪ လၧOnlineကဆၫ့ ဒိၪထၪ့ဝ့ၫဆၧဂၩ့မၧၫ့ၥံၪဂီၩ့ ၥီၪ့လိၪဝ့ၫၦဖျိၩ့လံၬလဲၥံၪနီၪလီၫ. အဝ့ၫယီၩ ဘၠၩ့ထဲၩ့အ့ၪဝ့ၫ ၦၡၩၥံၪအဂး ဆၧဆူၭ ဆၧဆၫအၥိၭ, ဆၨၩဆၬဖိၪၥံၪအဆၧနဲၪ့မွဲဝ့ၫလံၬလဲယီၩ ယိထွ့ၫပဒၩ့ထဲၩ့ၦကဂၩဒ့ၭနီၪလီၫ.
ၥုၪ့ဆၧၩ့ၥၭဆၧၩ့ၥုၪ့ဂ့ၩၥၭဘွၩဒဲအီၪဝ့ၫအဆၧအီၪမၧၫ့
ဒီၭထၧၫ့Hudson Heart ယီၩ အဲၪကွံၩထဲၩ့ဝ့ၫဆၧဖိၪဆၧဎါၥံၪဒ့ၭဂီၩ့ အဝ့ၫၥံၪအဖၧၩ့ခိၪ အီၪက့ၪထၬဝ့ၫဆၧယၪ့ၥုၪ့ ယၪ့ၥၭယီၩနီၪ ဒုၭဖျီၪ့ထၪ့အဝ့ၫအဆၧၥုၪ့ဆၧၩ့ၥၭဆၧၩ့ အၥုၪ့ဂ့ၩၥၭဘွၩၥံၪနီၪလီၫ. ထီၩ့နီၪဒ့ၭ ဘၪဒၪဘၪထိး ၥုၭဆၧလၩ့အၪ့ယိၪဒဲ ဆၧပိၩ့ထၪ့အထီ ၥၭဘၪထဲးဒၨၭအကျၩ ၥၭလလၩ့ဆါဘၪအဂး ဒိၪ Food Vlog ဆၧအၪ့ထံၭအၪ့ဖီၫ့အၪ့ၥံၪ မၩထဲၩ့အ့ၪဝ့ၫဂီၩ့ ခၫ့ဖၭထဲၩ့အဝ့ၫအဆၧအီၪမၧၫ့ယီၩမုၬမုၬလၩလၩနီၪလီၫ.
ဘၪလီၩအဆၫ့ထုၬနီၪဘဲၫဒီၭထၧၫ့ Hudson Heart ယီၩ ထွံၫလၩ့ခၪ့လၧစီၩ့မၩ့ၥံၪအီၪအ့ၬဂီၩ့ အီၪဂုးခၧၫ့ အလၩအဖၩ့, လၧထံၫဖိၪခးဆါၥံၪအဖၫ့ခိၪ အီၪက့ၪထၬအဝ့ၫအၥၭတီၩလီၩ့ဒဲ အဆၧယၪ့ၥုၪ့ယၩ့ၥၭ, ဆၧၫ့ထီယၫ ထံၫခးအၥၫ့အဂးလိၫထဲၩ့ဝ့ၫ ၦကိၪ့ၥ့ၪဖိၪအဆၧအီၪက့ၪၥုၪ့အီၪက့ၪၥၭၥံၪဒဲ ဎုၬထဲးစူၭကီၪ့ထၬၥိၭ ကဲၪဝ့ၫဆၧပိၩ့ထၪ့ အၡၪကဖၭဖိၪနီၪလီၫ.
