လွတ်လပ်သောကရင့်သမိုင်းသုတေသနအသင်း
တိုင်းဒေသကြီးများနှင့် တပ်မဟာများ ဖွဲ့စည်းခြင်း။ ၁၉၅၃- ၅၆-၅၈။
(၁) အရှေ့တိုင်း။ ထိုင်းနိုင်ငံနှင့် ရန်ကုန်-မန္တလေး မီးရထားလမ်းအကြား နယ်မြေ။
(၂) မြစ်ဝကျွန်းပေါ်တိုင်း။ လှိုင်မြစ်နှင့် ဘင်္ဂလားပင်လယ်အော် အကြားရှိ နယ်မြေ။
(၃) ပဲခူးရိုးမတိုင်း။ ရန်ကုန်-မန္တလေး မီးရထားလမ်းနှင့် လှိုင်မြစ်အကြားရှိ နယ်မြေ ဖြစ်သည်။ ယ္ခင်က မြစ်ဝကျွန်းပေါ်တိုင်းကို တပ်မဟာ (၆)နယ် မြေဟု သတ်မှတ်ထားပြီး၊ ၁၉၅၆ ခုနှစ်၊ ဧပြီလ (၁၆)ရက်နေ့တွင် သီးခြား ပဲခူးတိုင်းအဖြစ် သတ်မှတ် လိုက်သည်။
- အရှေ့တိုင်းတွင် ပါဝင်သော ခရိုင်များ
(၁)။ တောင်ငူခရိုင်။ ထန်းတပင်မြို့နယ်၊ ဘောဂလိမြို့နယ်၊ သံတောင်မြို့နယ်၊ ပျဉ်းမနားမြို့နယ်။ (နောက်ပိုင်း ဗိုလ်ဇော်ဒူးမှ ဖော်ထုတ် သည်။)
(၂)။ သထုံခရိုင်။ ဘီးလင်းမြို့နယ်၊ ကျိုက်ကော်၊ ကျိုက်ထိုမြို့နယ်။
(၃)။ ကျောက်ကြီးခရိုင်။ ကျောက်ကြီးမြို့နယ်၊ ရွှေကျင်မြို့နယ်၊ မုန်းမြို့နယ်။
(၄)။ သံလွင်ခရိုင်။ သံလွင်ခရိုင်။
(၅)။ မူတြော်ခရိုင်။ ဖာပွန်မြို့နယ်၊ ဘားအံမြို့နယ်။
(၆)။ ဒူးပလာယာခရိုင်။ ကော့ကရိတ်မြို့နယ်၊ ဝင်းရေးမြို့နယ်၊ ကျုံဒိုးမြို့နယ်၊ ကြာအင်းမြို့နယ်။
- အရှေ့တိုင်းရှိ တပ်မဟာများ
တပ်မဟာ(၁)။ သထုံခရိုင် – ဘီးလင်းမြို့နယ်၊ ကျိုက်ကော်မြို့နယ်နှင့် ကျိုက် ထိုမြို့နယ်တို့တွင် အခြေစိုက်သည်။ ယ္ခင်က (Delta force)ခေါ် မြစ်ဝကျွန်းပေါ် တပ်မဟာ၊ တပ်မဟာ(၅) နောက်ပိုင်းတွင် တပ်မဟာ(၁) ဖြစ် လာပြီး ဗိုလ်လင်းထင်၊ ဗိုလ်စိုးတို့မှ ဦးစီးခဲ့သည်။
တပ်မဟာ(၂)။ တောင်ငူခရိုင် – ထန်းတပင်၊ ဘောဂလိ၊ သံတောင်၊ ပျဉ်းမနား၊ အထိဖြစ်ပြီး ဗိုလ်မှူးဘောနေမှ တာဝန်ယူခဲ့သည်။
တပ်မဟာ(၃)။ ကျောက်ကြီးခရိုင် – ကျောက်ကြီး၊ ရွှေကျင်၊ မုန်းမြို့နယ်တို့ ဖြစ်ပြီး၊ ဗိုလ်ကြာမောင်၊ ဗိုလ်မှူးထရူးမင်း၊ ဗိုလ်မှူးကြီး ကဆယ်ဒိုတို့မှ ဦးစီးခဲ့ကြသည်။
တပ်မဟာ(၄)။ လှိုင်းဘွဲ။ Light brigade အလင်းရောင်တပ်မဟာ ဟုလည်း ခေါ်ခဲ့သည်။
တပ်မဟာ(၅)။ သထုံခရိုင်။ သထုံတပ်မဟာကို ရွှေလင်းယုန် တပ်မဟာဟု လည်း ခေါ်ခဲ့သည်။
တပ်မဟာ(၆)။ ဒူးပလာယာခရိုင်။ ကော့ကရိတ်၊ ဝင်းရေး၊ ကြာအင်း၊ ကျုံဒိုးတို့တွင် အခြေ ပြုပြီး၊ ဗိုလ်မှူးဂျော်နီထူး၊ ဗိုလ်အေးမြိုင်၊ ဗိုလ်ရွှေဆိုင်း တို့ အသီးသီးတာဝန်ယူခဲ့သည်။
တပ်မဟာ(၇)။ သံလွင်ခရိုင်(မူတြော်ခရိုင်)။ ဖာပွန်၊ ဘားအံ တို့တွင် အခြေခံပြီး၊ ဗိုလ်မှူး ချုပ် အယ်လ်မိုးပီ၊ ဗိုလ်ကြီးအက်ဒဝက်တို့ တာဝန်ခံ အုပ်ချုပ်ခဲ့သည်။
- အရှေ့တိုင်းကော်မတီ
ဥက္ကဋ္ဌ – ပဒိုမန်းသိန်း၊
အတွင်းရေးမှူး – ဆရာအုန်းဖေညွန့်၊
တပ်မှူးချုပ် – ဗိုလ်ချုပ်အုန်းဖေ၊
“ဟန်တာသာမွှေးတဦးတည်း၏ သဘောဆန္ဒဖြင့် ရွေးချယ်ခဲ့သော ကော်မတီဖြစ်သည်။”
အရှေ့တိုင်း။
- ၁၉၅၆ ခုနှစ် မောကို ကွန်ဂရက်မှ ချမှတ်ခဲ့သော၊ အရှေ့တိုင်း တပ်မဟာများ ဖွဲ့စည်းပုံ
ကော်သူးလေ စစ်ဦးစီးချုပ်၊ – ဗိုလ်ချုပ် မင်းမောင်၊
ဒုတိယ စစ်ဦးစီးချုပ်၊ – ဗိုလ်ချုပ် ကော်ထူး၊
ကော်သူးလေ အရှေ့တိုင်း တိုင်းမှူး၊ – ဗိုလ်ချုပ် အုန်းဖေ၊
ကော်သူးလေ တပ်မ(၁) တပ်မမှူး၊ – ဗိုလ်မှူးကြီး ဘလှစိန်၊
ကော်သူးလေ တပ်မ(၂) တပ်မမှူး၊ – ဗိုလ်ချုပ် တာကပေါ၊
တပ်မ(၁)တွင်၊ တပ်မဟာ(၂) နှင့် တပ်မဟာ(၃) တို့ဖြင့်၎င်း၊
တပ်မ(၂)တွင်၊ တပ်မဟာ(၄)၊ တပ်မဟာ(၅)၊ တပ်မဟာ(၆) တို့ဖြင့် ဖွဲ့စည်းထားသည်။
- မြစ်ဝကျွန်းပေါ်တိုင်းအား ပြန်လည်ဖွဲ့စည်းခြင်း
၁၉၅၆ ခုနှစ်၊ ဒုတိယလမ်းစဉ် ချမှတ်ပြီး၊ အနောက်ရိုးမ အပါအဝင်နှင့် တပ်မဟာ များကို အောက်ပါအတိုင်း ပြန်လည် ဖွဲ့စည်းခဲ့သည်။
အမှတ်(၁)ခရိုင်၊ တပ်မဟာ(၁) နယ်မြေ။
စံကင်း၊ အဖျောက်၊ ဇကာကြီး၊ (ဟင်္သာတမြို့နယ်) တို့ ပါဝင်သည်။
အမှတ်(၂)ခရိုင်၊ တပ်မဟာ(၂) နယ်မြေ။
မြောင်းမြ၊ ဝါးခယ်မ၊ လပွတ္တာနှင့် မော်လမြိုင်ကျွန်း တခြမ်းပါဝင်သည်။
အမှတ်(၃)ခရိုင်၊ တပ်မဟာ(၃) နယ်မြေ။
ဟံသာဝတီ၊ တွံတေး၊ ကွမ်းခြံကုန်း၊ နယ်မြေများဖြစ်သည်။
အမှတ်(၄) ခရိုင်၊ တပ်မဟာ(၄) နယ်မြေ။
ဇလွန်၊ ဝိန်လားဖန်း၊ ထူးကြီး၊ ကျုံပျော်၊ အင်းမြေ အခ့ျိုဖြစ်သည်။
အမှတ်(၅) ခရိုင်။ ဒေးဒရဲ၊ ငွေသောင်ယံ၊ မော်လမြိုင်ကျွန်း တခြမ်း နှင့် ဖျာပုံဒေသတို့ ပါဝင်သည်။
အမှတ်(၇) ခရိုင်။ ကျုံပျော်၊ ကျောင်းကုန်း၊ ဓနုဖြူ၊ ပန်းတနော်တို့ ပါဝင်သည်။
အမှတ်(၈) ခရိုင်။ ငပုတော၊ ပုသိမ် အရှေ့ပိုင်း၊ သာပေါင်းနှင့် သင်္ဘောကျင်း မြို့နယ်များ ပါဝင်သည်။
အမှတ်(၆) ခရိုင်။ ယ္ခင်က မြစ်ဝကျွန်းပေါ်တိုင်းတွင် ပါဝင်သော်လည်း၊ ၁၉၅၆ ခုနှစ်၊ မောကို ကွန်ဂရက်မှစပြီး ပဲခူးတိုင်းအဖြစ် ပြောင်းလဲ ဖွဲ့စည်းလိုက် သည်။
မှတ်ချက်။ ။ မြစ်ဝကျွန်းပေါ်၌ ကော်သူးလေ အစိုးရ ဖွဲ့စည်းစဉ်က တပ်မဟာ (၇)ခုတွင် တပ်ရင်း (၂၅)ရင်း ရှိခဲ့သည်။ ၁၉၅၆ ခုနှစ်၊ ဒုတိယ လမ်းစဉ်ကို ပြန်လည်ချမှတ်သောအခါ၊ တပ်မတော် (၃)ရပ်ကို ပြောင်းလဲ ဖွဲ့စည်းလိုက်သည်။
- တပ်မတော် (၃)ရပ်
(၁)။ ကရင်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၊ Karen People Liberation Army (K.P.L.A.)
(၂)။ ကရင်ပြည်သူ့ ပြောက်ကျားတပ်မတော်၊ Karen People Guerrilla Force (KPGF).
(၃)။ ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော်၊ Karen National Defence Organization (K.N.D.O.) တို့ဖြစ်သည်။
K.P.L.A. တပ်မဟာ (၁)ခုတွင် တပ်ရင်း(၃)ရင်းဖြင့် ဖွဲ့စည်းထားသည်
၁၉၅၆ ခုနှစ်၊ မြစ်ဝကျွန်းပေါ် တိုင်းကော်မတီ
မြစ်ဝကျွန်းပေါ်တိုင်း ဥက္ကဋ္ဌ – ဆရာစိန်ဟန်
(မန်းဖန်ထန်း/ မန်းမနိတ်)
တိုင်း တပ်မှူးချုပ် – ဗိုလ်ချုပ် စိန်မှုံ၊
ဒု -တိုင်း တပ်မှူးချုပ် – ဗိုလ်မှူးကြီး မြမောင်၊
တိုင်း နိုင်ငံရေးမှူး – ဦးစိုးအောင်၊
KPLA တပ်မဟာမှူး – ဗိုလ်မှူးကြီး ကျင်ဖေ၊
တပ်ရင်း(၁) ရင်းမှူး – ဗိုလ်မှူး မြသိန်း၊
တပ်ရင်း(၁) ဒုရင်းမှူး – ဗိုလ်အောင်ချစ်၊
တပ်ရင်း(၂) ရင်းမှူး – ဗိုလ်ချစ်တင်၊
တပ်ရင်း(၂) ဒုရင်းမှူး – ဗိုလ်သောင်းညွန့်၊
ဗိုလ်ချစ်တင် ကျဆုံးပြီးနောက် ဗိုလ်သောင်းညွန့် တပ်ရင်းမှူး ဖြစ်လာသည်။ ဒုတိယ တပ်ရင်းမှူးနေရာ ကို ဗိုလ်အေးကျော်က တာဝန်ယူခဲ့သည်။
တပ်ရင်း(၃) တပ်ရင်းမှူး – ဗိုလ်မှူး ဘော်လ်ဒွင်၊
တပ်ရင်း(၃) ဒုတိယ တပ်ရင်းမှူး – ဗိုလ်သာစိန်၊
ဗိုလ်ဘော်လ်ဒွင်အား လူမျိုးစု နယ်မြေသို့ တာဝန်ပေးရန် အရှေ့တိုင်းသို့ စေလွှတ်ခဲ့ရာ၊ ၎င်း၏ နေရာကို ဗိုလ်ဝင်းအား တာဝန်ပေးခဲ့သည်။
မြစ်ဝကျွန်းပေါ်ရှိ K.P.G.F. ပျောက်ကျား တပ်ရင်းမှူးကို အောက်ပါအတိုင်း ဖွဲ့စည်း ထားသည်။
အမှတ်(၁)ခရိုင်တွင်၊ K.P.G.F. တပ်ရင်း(၂) တပ်ရင်းမှူး ဗိုလ်သန်းမြင့်၊
အမှတ်(၂)ခရိုင်တွင်၊ K.P.G.F. တပ်ရင်း(၆) တပ်ရင်းမှူး ဗိုလ်ထီးမူး၊
နောက်ပိုင်းတွင် ဗိုလ်ကွက်ကော့ ဖြစ်လာသည်။
အမှတ်(၃)ခရိုင်တွင်၊ K.P.G.F. တပ်ရင်း(၃) တပ်ရင်းမှူး ဗိုလ်အောင်ချစ်၊
အမှတ်(၄)ခရိုင်တွင်၊ K.P.G.F. တပ်ရင်း(၄) တပ်ရင်းမှူး ဗိုလ်သက်ဖော၊
အမှတ်(၅)ခရိုင်တွင်၊ K.P.G.F. တပ်ရင်း(၇) တပ်ရင်းမှူး ဗိုလ်မှူးဂျော်နီ၊
အမှတ်(၇)ခရိုင်တွင်၊ K.P.G.F. တပ်ရင်း(၃) တပ်ရင်းမှူး ဗိုလ်ဖားရှို၊
အမှတ်(၈)ခရိုင်တွင်၊ K.P.G.F. တပ်ရင်း(၅) တပ်ရင်းမှူး ဗိုလ်ခါဆူ၊ တို့ ဖြစ်သည်။
ဗဟိုလုံခြုံရေးအတွက် အထူးတပ်ဖွဲ့ တဖွဲ့ ဖွဲ့စည်းခဲ့ရာ တပ်ရင်းအသီးသီးမှ၊ တပ်စိတ် တစိတ်စီ ရွေးချယ်ပြီး ဖွဲ့စည်းခဲ့သည်။ ဗဟို လုံခြုံရေးအတွက် တပ်မှူးကို ဗိုလ်မှူး မိုးဟိန်းအား ရွေးချယ်ခဲ့သည်။
K.P.G.F. တပ်မဟာ(၁)တွင် တပ်ရင်း(၆)နှင့် တပ်ရင်း(၇)တို့ဖြင့် ပါဝင် ဖွဲ့စည်း ခဲ့ပြီး တပ်မဟာမှူးမှာ ဗိုလ်မှူး အက်စ်သိန်း ဖြစ်သည်။ K.P.G.F. တပ်မဟာ(၂)တွင် တပ်ရင်း(၃)၊ တပ်ရင်း(၄) တို့အပြင် တပ်ရင်း(၅)ကိုပါ ထည့်သွင်းဖွဲ့စည်းခဲ့ပြီး၊ တပ် မဟာမှူးမှာ ဗိုလ်ထွန်းအေး ဖြစ်သည်။
ပဲခူးရိုးမတိုင်းအား ပြန်လည်ဖွဲ့စည်းခြင်း
ပဲခူးရိုးမတိုင်းသည်၊ ရန်ကုန်- မန္တလေး မီးရထားလမ်းနှင့် ဂျိုင်းမြစ် အကြားရှိ နယ်မြေများလည်း ပါဝင်သည်။ ယ္ခင်က မြစ်ဝကျွန်းပေါ် တပ်မဟာ(၆) နယ်မြေအဖြစ် ဖွဲ့စည်း ထားသည်။ ၁၉၅၆ ခုနှစ်၊ ဧပြီလ (၁၆)ရက်နေ့တွင် ပဲခူးတိုင်းအဖြစ် သီးခြား ဖွဲ့စည်း ပေးခဲ့ပြီး ၁၉၅၆ ခုနှစ်၊ ဇွန်လတွင် မောကို ကွန်ဂရက်မှ အတည်ပြု ပေးခဲ့သည်။ ပဲခူးရိုးမကို ခရိုင် (၃)ခရိုင်ဖြင့် ဖွဲ့စည်းထားသည်။
အမှတ်(၁) ခရိုင်။ သာယာဝတီနှင့် ပြည် နယ်မြေဒေသများ၊
အမှတ်(၂) ခရိုင်။ မှော်ဘီနှင့် အင်းစိန် နယ်မြေဒေသ၊
အမှတ်(၃) ခရိုင်။ ပဲခူးဒေသအတွင်း နယ်မြေများ ဖြစ်သည်။
၁၉၅၆ ခုနှစ်၊ စတင်ဖွဲ့စည်းခဲ့သော ပဲခူးတိုင်း အုပ်ချုပ်ရေးအဖွဲ့မှာ
ပဲခူးတိုင်း ဥက္ကဋ္ဌ – စောမျိုးသွေး၊
ဒုတိယ ဥက္ကဋ္ဌ – ဗိုလ်မောင်မောင်၊ (တပ်မဟာမှူး နှင့် စစ်ဦးစီးမှူး)၊
အတွင်းရေးမှူး – ဗိုလ်အေးဟန်။
ဗိုလ်မျိုးသွေးသည် ပဲခူးရိုးမသို့ ရောက်ရှိပြီး၊ မကြာခင် ဗမာပြည် ကွန်မြူနစ် ပါတီမှ၊ ဆရာမ ဒေါ်အေးမြင့်နှင့် လူမှုရေး မှားယွင်း ကျူးလွန်ခဲ့ခြင်းကြောင့်၊ ဥက္ကဋ္ဌ နေရာမှ ဖယ်ရှားလိုက်ပြီး၊ ဗိုလ်အေးဟန်အား၊ တိုင်းဥက္ကဋ္ဌအဖြစ် ခန့်အပ် လိုက်သည်။ တိုင်းအတွင်း အရေးမှူးကို ဗိုလ်သန်းအောင်မှ တာဝန်ယူခဲ့သည်။
၁၉၅၉ ခုနှစ်၊ ကေအဲန်ယူပါတီ ကွန်ဂရက် ကျင်းပပြီးသောအခါ စောမျိုးသွေး၊ ဗိုလ်မောင်မောင်၊ ဗိုလ်သန်းအောင်တို့အား၊ တပ်ပေါင်းစု လုပ်ငန်းများ တာဝန်ယူရန် အရှေ့တိုင်း ပါတီဋ္ဌာနချုပ်သို့ ခေါ်ယူလိုက်သည်။ ၁၉၅၉ ခုနှစ်၊ ပါတီ ကွန်ဂရက်အပြီး၊ ပဲခူးတိုင်းတွင် တာဝန်ထမ်းဆောင်ရန် မန်းဖလားစေး (ခေါ်)ဆရာဘာဟုအား တာဝန် ပေး စေလွှတ်ရာ၊ ရန်သူ၏ ဖမ်းဆီးခြင်းကို ခံရသဖြင့်၊ ဗိုလ်တင်ဦး (ဖူးတာအယ်)အား စေလွှတ် ခဲ့သည်။ ထိုစဉ်က ဗိုလ်တင်ဦးမှာ အရှေ့တိုင်း တပ်မဟာ(၆) နယ်မြေတွင်၊ ဇုံမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော အချိန်လည်း ဖြစ်သည်။
၁၉၅၉ ခုနှစ်၊ ပဲခူးတိုင်း၏ ၊ ဖွဲ့စည်းပုံမှာ အောက်ပါ အတိုင်းဖြစ်သည်။
ပဲခူးတိုင်း ဥက္ကဋ္ဌ – ဗိုလ်မှူးကြီး တာအယ် (ဗဟိုကော်မတီ)၊
အတွင်းရေးမှူး – ဗိုလ်အေးဟန်၊
စည်းရုံးရေးမှူး – ဗိုလ်ကြည်လင်း၊
လုံခြုံရေးမှူး – ဗိုလ်မှူးလောကွား (ဝရဇိန်)၊
တိုင်းကော်မတီဝင်များ – ဗိုလ်ကြာချစ်၊ ဗိုလ်ကြီးသာချို၊ ဗိုလ်ထိုကြည်၊ ဗိုလ်စံခ၊
ဗိုလ်ညောင်ရေ၊ ဗိုလ်အုန်းမောင်၊ ဗိုလ်မှူးအောင်စိန်၊
ဘဏ္ဍာရေးမှူး – ဆရာမှုံ တို့ ဖြစ်ကြသည်။
ဗိုလ်ချုပ်စောစိုင်းကေ
ခရိုင်ကော်မတီများနှင့် နယ်မြေများ ခွဲဝေ သတ်မှတ်ခြင်း။
အမှတ်(၁)ခရိုင် ဥက္ကဋ္ဌ – ဗိုလ်ကြာချစ်၊ (တိုင်းကော်မတီ)၊
အတွင်းရေးမှူး – ဗိုလ်အုန်းမောင်၊ (နောင်တွင် ခရိုင် ဥက္ကဋ္ဌ ဖြစ် လာပြီး၊ အတွင်းရေးမှူးနေရာကို ဗိုလ်သာချို (တိုင်းကော်မတီ)က တာဝန်ယူ ခဲ့ရသည်။ အမှတ်(၁)ခရိုင်၏ အုပ်ချုပ်ရေး နယ်မြေများမှာ သာယာဝတီ၊ လက်ပံတန်း၊ စစ်ကွင်း မြို့နယ်နှင့် ဆက်စပ်နေသော တောင်ပေါ်ဒေသနှင့် ကွင်းဒေသများ ဖြစ်သည်။
အမှတ်(၂)ခရိုင် ဥက္ကဋ္ဌ – ဗိုလ်ကြီးထိုကြည် (တိုင်းကော်မတီ)၊
အတွင်းရေးမှူး – ဗိုလ်စံခ၊
အမှတ်(၂)ခရိုင်၏ အုပ်ချုပ်ရေးနယ်မြေများမှာ၊ ဇောင်းတူ၊ ငဖြူကလေး၊ ဥက္ကံ၊ သုံးဆယ်၊ ဖလုံ တို့ ဖြစ်သည်။
အမှတ်(၃)ခရိုင် ဥက္ကဋ္ဌ – ဗိုလ်ညောင်ရေ၊ (တိုင်းကော်မတီ)၊
အတွင်းရေးမှူး – စောထော့မဲပါ (ဆင်ပိုင်ရှင် ဖူးစကော၏
သား ဖြစ်သည်။)
အမှတ်(၃)ခရိုင်၏ အုပ်ချုပ်ရေးနယ်မြေမှာ၊ ညောင်လေးပင်၊ ပြွန်တန်ဆာ၊ ဒိုက်ဦး ရထား လမ်း – ကားလမ်း အနောက်ဖက်ခြမ်း ဖြစ်သည်။ အမှတ်(၃)ခရိုင်မှ ခရိုင်ကော်မတီဝင်များ မှာ ဗိုလ်ကြီးဘလုံ၊ ဦးဖိုးတုတ် တို့ပါဝင်သည်။
အမှတ်(၄)ခရိုင် ဥက္ကဋ္ဌ – ဗိုလ်ကြီးကြာချစ်၊ (တိုင်းကော်မတီဝင်)၊
အတွင်းရေးမှူး – ဗိုလ်လွစ်(စ်)။
ဗိုလ်လွစ်(စ်)သည် ၁၉၅၃ ခုနှစ်၊ ဖာပွန်ကွန်ဂရက်သို့ ဗိုလ်ကြီးတာအယ် နှင့်အတူ လိုက်ပါလာသူဖြစ်သည်။ အမှတ်(၄)ခရိုင်တွင် ကမ္ဘာရှားအေးမောင်မှာ ခရိုင် အလုပ်အမှု ဆောင် ကော်မတီတွင် ပါဝင်သည်။
ပဲခူးတိုင်းအတွင် ခရိုင်အသီးသီး၌ ဖွဲ့စည်းထားသော တပ်ရင်းများနှင့် တပ်မမှူး များမှာ၊ –
အမှတ်(၁)ခရိုင်တွင်၊ ဗိုလ်မှူးလောကွား (တိုင်းလုံခြုံရေးမှူး)မှ ဦးစီးပြီး ဖွဲ့စည်းထားသော တပ်ရင်း(၁၇)။
အမှတ်(၂)ခရိုင်တွင်၊ ဗိုလ်မှူးထိုကြည် (တိုင်းကော်မတီ)နှင့် ဗိုလ်ကြီးထွန်းလင်း တို့ ဦးစီး ဖွဲ့စည်း ထားသော တပ်ရင်း(၂၁)။
အမှတ်(၃)ခရိုင်တွင်၊ ဗိုလ်သာချို (တိုင်းကော်မတီ)မှ ဦးစီး ဖွဲ့စည်းထားသော တပ်ရင်း(၁၆)။
အမှတ်(၄)ခရိုင်တွင်၊ ဗိုလ်ကြီး စိန်ညို ဦးစီးသော တပ်ရင်း(၂၂)၊ စုစုပေါင်း တပ်ရင်း (၄)ရင်း ရှိသည်။
တပ်များကို ပြန်လည်ဖွဲ့စည်းရန် တာဝန်ပေးခံရသော တိုင်းနှင့် ခရိုင် အလုပ်အ မှုဆောင်များမှာ၊ – (၁) ဗိုလ်ကြီးအုန်းမောင်၊ (၂) ဗိုလ်ကြီးစံခ၊ (၃) ဗိုလ်အောင်နိုင်၊ (၄) ဗိုလ်ကျော်၊ (၅) ဗိုလ်ညောင်ရေ တို့ ဖြစ်ကြသည်။
ပဲခူးရိုးမတိုင်းသမိုင်း
၁၉၄၉ ခုနှစ်၊ ရန်သူသည် ထုံးကြီး၊ စာဘူးတောင်း တို့ကို ပြန်လည် သိမ်းပိုက် လိုက်သည့် အချိန်အထိ၊ ပဲခူးတိုင်းတွင် ကရင်လက်နက်ကိုင်ဟူ၍ တဦး တယောက် မျှပင် မရှိသေးချေ။ အရှေ့တိုင်းတွင်ရှိနေသော စောဘဦးကြီး၏ မေတ္တာ ရပ်ခံချက် ကြောင့် ဗိုလ်ချုပ်စိုင်းကေ၊ ဆရာစကောလယ်တော၊ ဗိုလ်ရောလေ တို့သည် မြစ်ဝကျွန်းပေါ်မှ အရှေ့တိုင်းသို့ ထွက်ခွာလာခဲ့သည်။ အရှေ့တိုင်းခရီးတွင် ပဲခူးရိုးမကို ဖြတ်ကျော်ရမည် ဖြစ်သည်။ လုံခြုံရေးအတွက် ဗိုလ်ကြီး စီးပလိန်းအပြင် ဗိုလ်နော်တယ်၊ ဗိုလ်တာမလာ၊ ဗိုလ်ဘီလူး၊ ဗိုလ်သံပြားတို့လည်း ပါဝင်ခဲ့သည်။
ဗိုလ်ချုပ်စိုင်းကေနှင့်အဖွဲ့သည် ဧပြီလလယ်လောက်တွင် ဇောင်းတူသို့ ရောက်ရှိ လာခဲ့သည်။ ဤဒေသကို ဖြတ်သန်းစဉ်တွင် အချက်အခြာကျသော နေရာဖြစ် ကြောင်း လေ့လာတွေ့ရှိခဲ့သည်။ အရှေ့တိုင်းနှင့် အနောက်တိုင်းနယ်မြေကို ထိန်းချုပ်ရန် အတွက်၊ လက်နက်ကိုင်တပ်ဖွဲ့များ ထားရှိရန်နှင့် ဒေသအုပ်ချုပ်ရေး လုပ်ငန်းများကို လည်း ချမှတ်သင့်ကြောင်း တွေ့ရှိခဲ့သည်။ နယ်မြေအားဖြင့် အတော်အတန် ကျယ်ဝန်း ပြီး ကျွန်းသစ် အများအပြားလည်း ခုတ်လှဲထားသည့်အပြင် မခုတ်လှဲရသေးသော ကျွန်းသစ် အများအပြား ရှိနေသေးကြောင်းကို တွေ့ရသည်။ ဝင်ငွေကောင်းသော ဒေသဖြစ် လာ နိုင်သည့်အတွက် ဗိုလ်ကြီးစီးပလိန်း၏ စစ်တပ်ကို တိုးခ့ျဲတည်ဆောက်ရန်နှင့် အုပ်ချုပ်ရေး လုပ်ငန်းများကို အကောင်အထည်ဖော်ရန်၊ ဇောင်းတူတွင် တလခန့် နေထိုင်ပြီး အကူအညီ ပေးခဲ့သည်။
အုပ်ချုပ်ရေးလုပ်ငန်းအတွက် လူသစ်များ ခေါ်ယူပြီး ဆောင်ရွက်စေသည်။ သာယာဝတီမြို့တွင် နေထိုင်သော၊ သစ်တော အရာရှိဟောင်းများ ဖြစ်သည့် ပဒိုမောင်ခင်၊ ပဒိုချတိုး တို့ကို ခေါ်ယူပြီး သစ်တောလုပ်ငန်းကို ကြပ်မတ်စေခဲ့သည်။ စစ်တပ်ကိုလည်း တိုးခ့ျဲခဲ့ရာ ဗိုလ်စီးပလိန်းတပ်သည် လူအင်အား (၁၀၀)ခန့် ရှိလာ လေသည်။ ပဲခူးရိုးမတွင် အုပ်ချုပ်ရေး လုပ်ငန်းများ စနစ်တကျ ရှိလာသောအခါမှ၊ အရှေ့တိုင်းသို့ ခရီးဆက်ခဲ့ လေသည်။
၁၉၅၁ ခုနှစ်သို့ ရောက်သောအခါ၊ ဗိုလ်စီးပလိန်းသည် ပြည်မြို့ရှိ ကရင် လက်နက်ကိုင်တပ်ရင်းမှ ကစင့်ကလျားဖြစ်နေသော တပ်သားများကို စုစည်းပြီး၊ တပ်ရင်းတရင်း ဖွဲ့စည်းထားသည်။ ထိုတပ်ရင်းနှင့် သာယာဝတီ တောင်ပိုင်းကို အခြေခံ သော တပ်ရင်း (၁၇)ကို ပူးပေါင်းလိုက်ပြီး၊ တပ်မဟာ (၁)ခုကို ဖွဲ့စည်းလိုက်သည်။ ထိုတပ်မဟာကို တပ်မဟာ(၆)ဟု သတ်မှတ်ပြီး၊ တပ်မဟာ(၆)ကို မြစ်ဝကျွန်းပေါ် အုပ်ချုပ်ရေးတွင် ထည့်သွင်းခဲ့သည်။ တပ်မဟာမှူးမှာ ဗိုလ်ကြီးစီးပလိန်း ကိုယ်တိုင် ဖြစ်သည်။
၁၉၅၁ ခုနှစ် နှစ်ကုန်၊ ၁၉၅၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရန်သူတပ်မှူး ဗိုလ်ချုပ် ကျော်ဇော ဦးဆောင်သည့် မြစ်ဝကျွန်းပေါ် စစ်ဆင်ရေးတွင် ကော်သူးလေ တပ်မဟာ (၁) နယ်မြေဖြစ်သော၊ ညောင်တုန်း၊ ဓနုဖြူ၊ ပန်းတနော် နယ်မြေနှင့် အခြား တပ်မများ သို့၊ ကြည်း၊ ရေ၊ လေ တပ်များဖြင့်၊ ထိုးစစ်ဆင် တိုက်ခိုက်ရာ တပ်မဟာမှူး ဗိုလ်ချုပ်ကော်ထူးက တပ်ရင်း(၁၈)နှင့်အတူ အမျိုးသ္မီး အိမ်ထောင်သည် (၂,၀၀၀)ကျော် တို့ကို ပဲခူးအနောက်ခြမ်း တောင်ခြေသို့ ရွှေ့ပြောင်းလိုက်ပြီး ကျန်တပ်ရင်း တပ်ဖွဲ့များနှင့် ရန်သူကို ခုခံ ကာကွယ် တိုက်ခိုက်ခဲ့သည်။ ရန်သူ အများအပြား သေကြေ ဒဏ်ရာ ရခဲ့ကြသည်။ နောက်ပိုင်းတွင် ရန်သူသည် အဆမတန် များပြားသော အင်အားဖြင့် တပ်မဟာ(၁) နယ်မြေကို ဝိုင်းပတ် ပိတ်ဆို့ တိုက်ခိုက်ခဲ့သဖြင့် ကျန် တပ်မဟာမှ တပ်ရင်း တပ်ဖွဲ့များအားလုံး၊ နယ်မြေကို စွန့်ခွာခဲ့ပြီး၊ ပဲခူးအနောက်ခြမ်း ဒေသသို့ ဆုတ်ခွာ ခဲ့ကြသည်။ တပ်မဟာ(၁)မှ တပ်ရင်းများသည် ပဲခူးသို့ ဆုတ်ခွာစဉ် တပ် တခ့ျိုကို ချန်လှပ်ထား ခဲ့ပြီး ရန်သူကို ခုခံတိုက်ခိုက်ရင်း လူထုအား စည်းရုံးရန် တာဝန် ပေးအပ် ခဲ့သည်။
၁၉၅၁- ၅၂။ ပဲခူး အနောက်ခြမ်းတွင် စခန်းချလာသော၊ တပ်မဟာ(၁) တပ်ရင်းများသည် အရှေ့ခြမ်းတွင် အခြေပြုထားသော ဗိုလ်စီးပလိန်း၏ တပ်မဟာ (၆)မှ တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းပြီး သာယာဝတီအကြား မီးရထားလမ်း၊ ကား လမ်းမပေါ်ရှိ မြို့အများအပြားကို တိုက်ခိုက်ရာ လက်နက်ပစ္စည်း ကိရိယာများ၊ အဝတ် အထည်များ အများအပြားကို သိမ်းပိုက်ရယူနိုင်ခဲ့သည်။
ပဲခူးတိုင်း၏ မြောက်ပိုင်းနယ်မြေဖြစ်သော ကွမ်းချောင်းအထက်ပိုင်း နယ်မြေ သည် တောင်ငူခရိုင်တွင် ပါဝင်သည်။ တောင်ငူရှိ တောင်ပေါ်ဒေသတွင် ကရင်အများ အပြား နေထိုင်သော ကရင်ရွာ အများအပြားလည်း ရှိသည်။ သို့ရာတွင် ထိုဒေသများမှာ ဗကပ တို့၏ အုပ်ချုပ်ရေး နယ်မြေများ ဖြစ်သည်။ ပဲခူးရိုးမ တောင်ပေါ် ဒေသတွင် ကရင်ရွာပေါင်း (၂၀)မျှရှိပြီး၊ အိမ်ခြေအားဖြင့် (၅၀၀)ခန့် ရှိသည်။ လူဦးရေ နည်းပါးလှ သည့် နယ်မြေလည်း ဖြစ်သည်။ ထို့ကြောင့် တပ်မဟာ တခုသာ ထားရှိပြီး ဗဟို ဋ္ဌာနချုပ်လက်အောက်တွင် ဖွဲ့စည်းထားရှိကာ ခရိုင်တခုလျှင် တပ်ရင်း တရင်းသာ ရှိသည်။

Leave a comment