ကျနော်တို့အုပ်ချုပ်ရေးဆိုင်ရာ အခြေခံအုတ်မြစ် မကောင်းပဲ မတည်ဆောက်နိုင်ပဲ ကိုယ်ပြဌာန်းခွင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တို့ ဆိုတာတွေကို လက်တွေ့မှာ မရနိုင်ဘူး ကျင့်သုံးနိုင်မှာလည်းမဟုတ်ဘူး။
စောကပီ
လူအများပြောနေကြတဲ့ “ကိုယ်ပိုင်ပြဌာန်းခွင့်” ကို လက်တွေ့မှာ ဘယ်လို အကောင်အထည်ဖော်မလဲ? အုပ်ချုပ်ရေးယန္တရား ခိုင်မာမှုမရှိရင် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ဆိုတာ အလှမ်းဝေးနေဦးမှာပဲလို့ စောကပီ က ဆိုပါတယ်။ ကော်သူးလေ အုပ်ချုပ်ရေးစနစ်ဟာ ဖက်ဒရယ်စနစ်ကို အောက်ခြေကနေ အထက်ကို (Bottom-up) ဘယ်လို တည်ဆောက်နေသလဲဆိုတာ ဒီအင်တာဗျူးမှာ လေ့လာကြည့်ရအောင်။
ကျနော်တို့တည်ဆောက်နေတဲ့ ကော်သူးလေအုပ်ချုပ်ရေးစနစ်ဆိုတာ ကျနော်တို့ရဲ့ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ကို ကိုယ့်နည်းကိုယ့်ဟန်ကိုယ့်စနစ်နဲ့ကိုယ် အကောင်အထည်ဖေါ်နေတာပဲဖြစ်တယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုဦးတည်ပြီး ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်တစ်ခုမှာ ရှိရမယ့် စံချိန်စံနှုန်းတွေကို အောက်ချေကနေ မြို့နယ် ခရိုင် ဗဟိုအဆင့်အထိ တစ်ဆင့်ချင်းစီ တည်ဆောက်ပြီး သွားနေတယ်ပဲဆိုပါတော့။
ဒီနေရာမှာ ကျနော်ပြောချင်တာက ကျနော်တို့အုပ်ချုပ်ရေးဆိုင်ရာ အခြေခံအုတ်မြစ် မကောင်းပဲ မတည်ဆောက်နိုင်ပဲ ကိုယ်ပြဌာန်းခွင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တို့ ဆိုတာတွေကို လက်တွေ့မှာ မရနိုင်ဘူး ကျင့်သုံးနိုင်မှာလည်းမဟုတ်ဘူး။ အဲ့ဒါကြောင့် အုပ်ချုပ်ရေးအခြေခံယန္တရားတွေ ကောင်းဖို့ ခိုင်မာဖို့က သေရေးရှင်ရေးတမျှအရေးကြီးပါတယ်။ တစ်ခုရှိတာကတော့ တော်လှန်ရင်းအုပ်ချုပ် အုပ်ချုပ်ရင်းတော်လှန် လုပ်နေရတာဆိုတော့ ခက်တော့ခက်တာပေါ့။ ဒါကလည်း မလွယ်ဘူးဆိုတာကျနော်တို့က အစကတည်းက သိပြီးသားပါ။ ဒါပေမဲ့ ကျနော်တို့ဟာ ခုခံတော်လှန်ရင်း ကိုယ့်နိုင်ငံရေးရည်ရွယ်ချက်ရှိတဲ့အတိုင်း ကိုယ်လုပ်စရာရှိတာကို တစ်စိုက်မတ်မတ်နဲ့ စနစ်တကျလုပ်ကြဖို့ပဲ ရှိပါတယ်။
လက်ရှိမှာတော့ အများပြည်သူနဲ့စပ်ဆိုင်တဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲရေးကိစ္စတွေကို လုပ်ဖိူ့အတွက် ဌာန ၁၂ ဖွဲပြီး လုပ်ကိုင်နေတာရှိပါတယ်။ အချို့ဌာနတွေကတော့ အတော်ထိထိရောက်ရောက် လုပ်ငန်းအကောင်အထည်ဖေါ်ဆောင်ရွက်နိုင်တာကိုတွေ့ရပြီး အချို့ဌာနတွေကတော့ ငွေကေ့းရင်းမြစ် လူသားရင်းမြစ်မလုံလောက်နေတာတွေကြောင့် ထိရောက်သင့်သလောက် ထိရောက်အောင်မလုပ်နိုင်သေးတာကိုတွေ့ပါတယ်။ ပြည်သူကိုဝန်ဆောင်မှုပေးတယ်ဆိုတာမှာတော့ ဘယ်တော့မှလုံလောက်တယ်ရယ်လို့မရှိပါဘူး။ သို့သော် အကောင်းဆုံနဲ့အထိရောက်ဆုံးဖြစ်အောင်ကတော့ တစ်စိုက်မတ်မတ်ကြိုးစားသွားရဖို့ပဲရှိပါတယ်။ ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်တစ်ခုရဲ့ အင်္ဂါရပ်တွေနဲ့အညီ
ပိုပြီးပြည့်မှီအောင် ကြိုးစားရမယ်လို့ပဲ ပြောချင်ပါတယ်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဆိုတာ အဲ့ဒါပဲမဟုတ်လား။
ကော်သူးလေအုပ်ချုပ်ရေးစနစ်တည်ဆောက်ထားပုံကိုပြောရရင် အစကတည်းက ဗဟိုချုပ်ကိုင်မှုလျှောချဖားပြီးသားလို့တောင်ပြောလို့ရတယ်။ အချို့ကိစ္စတွေမှာဆို ခရိုင်နဲ့မြိုနယ်အဆင့်တွေမှာ လုပ်ပိုင်ခွင့် ဆုံးဖြတ်ပိုင်ခွင့်အများကြီးရှိနေတာကိုတွေ့ရတယ်။ နိုင်ငံရေးစစ်ရေး အခြေအနေအရ ဗဟိုက အားလုံးထိမ်းချုပ်တာမဟုတ်ပဲ လိုအပ်ချက်ကြောင့် ဒေသန္တရအဆင့်ကို လုပ်ပိုင်ခွင့်ပေးရတာလည်း ဖြစ်တယ်။ ဥပမာ ပညာရေးကိစ္စဆိုရင် ဗဟိုက မူပဲချပေးတာ ကျန်တဲ့လုပ်ပိုင်ခွင့်တွေက ခရိုင်နဲ့မြို့နယ်မှာပဲရှိကြတယ်။ ကျနော်တို့မြို့နယ်အုပ်ချုပ်ရေးမှုးတွေ ဆိုရင်လည်း အများကြီး လုပ်ပိုင်ခွင့်ရှိတယ်။ တခါတလေမှာ ဗဟိုချုပ်ကိုင်နိုင်မှုအားကောင်းလာဖို့အတွက်တောင် လုပ်ရတဲ့သဘောမျိုးမှာရှိတယ်။ ဥပမာ သံယံဇာတ တူးဖေ့်တဲ့ကိစ္စလိုမျိုးကျတော့ ကေအဲန်ယူ ဗဟိုချုပ်က်ုင်မှုအားကောင်းကောင်းနဲ့လုပ်နိုင်မှ ပိုပြီးသင့်လျှော်တာမျိုး ဖြစ်မယ်ထင်ပါတယ်။
နိုင်ငံတကာကလက်ခံတဲ့ အုပ်ချုပ်ရေးစနစ်နဲ့ ကျနော်တို့ကောင်သူးလေမှာ တည်ဆောက်လိုတဲ့လအုပ်ချုပ်ရေးစနစ်နဲ့က ဒီလောက်ကြီးကွာဟမှု ရှိတယ်လို့မထင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်လို့ ဆိုလိုက်တာနဲ့ သူ့အခြေခံစံချိန်စံနှုန်းတွေအတူတူပါပဲ — လူဘအခွင့်အရေးကို လိုက်နာရမယ်၊ ပွင့်လင်းမြင်သာမှုရှိရမယ်၊ အများပြည်သူပါဝင်နိုင်မှုရှိရမယ်၊ တာဝန်ယူတာဝန်ခံမှုရှိရမယ်၊ ပြည့်သူဘသဘောထားနဲ့လိုအပ်မှုတွေကိုဘတုန်ပြန်မှုပေးနိုင်တဲ့အုပ်ချုပ်ရေးစနစ်ဖြစ်ဖို့ ကမ္ဘာကလိုလားသလို့ ကျနော်တို့ကော်သူးလေမှာလည်း လိုအပ်နေတာဖြစ်ပါတယ်။
အဲဒါကြောင့်လည်းပဲ ကော်သူးလေအုပ်ချုပ်ရေးစနစ်အားကောင်းအောင် ခိုင်မာအောင်ကြိုးစားဆောင်ရွက်နေတာဟာ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အောက်ခြေကနေအထက်ကို တစ်ဆင်းခြစ်စီတည်ဆောက်နေတာပဲဖြစ်ပါတယ်။ ပြောရရင်တော့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို bottom up approach ချဉ်းကပ်မှုပုံစံမျိုးနဲ့ သွားနေတာလို့ ပြောရမှာဖြစ်ပါတယ်။





Leave a comment