⬛️ဩစတေးလျနိုင်ငံတွင် ကျင်းပသည့် AKO ၏ ကရင်ပြည်လူသားစာနာမှု ရန်ပုံငွေပွဲမှ ဒေါ်လာ ၆,၁၀၀ ကျော် ရရှိ၊ စစ်ဘေးရှောင်များနှင့် ဗုံးဒဏ်သင့်ဆေးရုံအတွက် ခွဲဝေလှူဒါန်း

⬛️အီစထြ့လံယါ ကီၢ်ပူၤတၢ်မၤဝဲ AKO ကညီကီၢ်တၢ်ဒိသူၣ်ဒိသးၦၤဟီၣ်ခိၣ်ဖိခွဲးယၥ် စ့ပၥ်ကီၤအမူး မၤန့ၢ်ဝဲ Dollar ၆,၁၀၀ဘျဲၣ် ၊ တၢ်နီၤဖးမၤဘူၣ်ဝဲ ၦၤလီၢ်အိၣ်ကမှံတဖၣ်ဒီး တၢ်ဆါဟံၣ်လၢ ဘၣ်ဒိဒီးမ့ၣ်ပိၢ်အဂီၢ်

⬛️AKO Fundraiser in Australia Raises Over $6,100 for Karen State Humanitarian Aid and Airstrike-Damaged Hospital

(Myanmar Version)

⬛️ဩစတေးလျနိုင်ငံတွင် ကျင်းပသည့် AKO ၏ ကရင်ပြည်လူသားစာနာမှု ရန်ပုံငွေပွဲမှ ဒေါ်လာ ၆,၁၀၀ ကျော် ရရှိ၊ စစ်ဘေးရှောင်များနှင့် ဗုံးဒဏ်သင့်ဆေးရုံအတွက် ခွဲဝေလှူဒါန်း

ဧပြီလ ၂၆ ရက်၊ ၂၀၂၆ ခုနှစ်

Karen Vibes Media

ဩစတေးလျနိုင်ငံရှိ Australian Karen Organisation (AKO NSW) မှ ကြီးမှူးကျင်းပသည့် “ကရင်ပြည်လူသားစာနာမှု ရန်ပုံငွေပွဲ” ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင် Doonside Centre ၌ အောင်မြင်စွာ ကျင်းပခဲ့ရာ စုစုပေါင်း အလှူငွေ ဩစတေးလျဒေါ်လာ ၆,၁၀၀ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရန်ပုံငွေပွဲမှ ရရှိလာသော ငွေကြေးများကို မြေပြင်တွင် အမှန်တကယ် အကူအညီလိုအပ်နေသည့် နေရာ (၃) ခုသို့ အောက်ပါအတိုင်း ခွဲဝေပို့ဆောင်ပေးခဲ့ပြီး ဖြစ်သည် –

၁။ မူတြော်ခရိုင် (ဖာပွန်): စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လုံးဝပျက်စီးသွားခဲ့ရသည့် သံလွင်မြစ်ကမ်းဘေးရှိ ဆေးရုံ ပြန်လည်တည်ဆောက်ရေးအတွက်။

၂။ ဒူးသထူခရိုင် (သထုံ): လေးကေစခန်း ပတ်ဝန်းကျင်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက်။

၃။ ခလယ်လွီထူခရိုင် (ညောင်လေးပင်): ကျောက်ကြီးဒေသအတွင်းရှိ စစ်ဘေးရှောင် ပြည်သူများအတွက်။

AKO NSW အမှုဆောင်ကော်မတီက ယခုရန်ပုံငွေပွဲတွင် ပါဝင်ကူညီခဲ့ကြသည့် ထောက်ပို့ဈေးဆိုင်များ၊ အနုပညာရှင်များနှင့် လာရောက်လှူဒါန်းခဲ့ကြသူ တစ်ဦးတစ်ယောက်ချင်းစီကို အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာအနှံ့ရှိ ကရင်လူမျိုးများ၏ စည်းလုံးညီညွတ်မှုနှင့် မိခင်မြေအပေါ် ထားရှိသော စေတနာများသည် မြေပြင်ရှိ ဒုက္ခသည်များအတွက် ကြီးမားသော ခွန်အားဖြစ်စေခဲ့ပါသည်။

⬛️အီစထြ့လံယါ ကီၢ်ပူၤတၢ်မၤဝဲ AKO ကညီကီၢ်တၢ်ဒိသူၣ်ဒိသးၦၤဟီၣ်ခိၣ်ဖိခွဲးယၥ် စ့ပၥ်ကီၤအမူး မၤန့ၢ်ဝဲ Dollar ၆,၁၀၀ဘျဲၣ် ၊ တၢ်နီၤဖးမၤဘူၣ်ဝဲ ၦၤလီၢ်အိၣ်ကမှံတဖၣ်ဒီး တၢ်ဆါဟံၣ်လၢ ဘၣ်ဒိဒီးမ့ၣ်ပိၢ်အဂီၢ်

လါအ့ဖြ့ၣ် ၂၆ သီ၊ ၂၀၂၆ နံၣ်

Karen Vibes Media

၂၀၂၆နံၣ် ၊လါအ့ဖြ့ၣ် ၁၈သီနံၤ ဖဲ Doonside Centre ကီၢ်အီစထြ့လံယါAustralian Karen Organisation (AKO NSW) တီခိၣ်ရိၣ်မဲဒီးမၤဝဲ ကညီကီၢ်တၢ်ဒိသူၣ်ဒိသးၦၤဟီၣ်ခိၣ်ဖိခွဲးယၥ် စ့ပၥ်ကီၤအမူး ဝံၤဝဲဂ့ၤဂ့ၤဘၣ်ဘၣ်ဒီး တၢ်မၤဘူၣ်ခဲလၢၥ်န့ၢ်ဝဲ အီစထြ့လံယါ Dollar ၆၁၀၀ အဂ့ၢ် ပသ့ၣ်ညါဘၣ်န့ၣ်လီၤ. စ့လၢအန့ၢ်ဖဲ စ့ပၥ်ကီၤမူးပူၤအံခဲလၢၥ် နီၤဖးဟ့ၣ်လီၤဝဲလၢ ပျီဟီၣ်ကဝီၤ လၢလိၣ်တၢ်မၤစၢၤနီၢ်နီၢ် တၢ်လီၢ်(၃)တီၤ ဒ်လၥ်အသိးဒီးန့ၣ်လီၤ. ၁။ မုၢ်တြီၢ်ကီၢ်ရ့ၣ်(ဖၣ်ပူၣ်): သုးကီၣ်ကး ကလံၤဒုးသုးအဃိ ဃိၣ်လိၣ်ကၢၢ်နံၤတၢ်ဆါဟံၣ်လၢ ဘၣ်ဒိဟးဂီၤတဖၣ် တၢ်ကသူၣ်ထီၣ်ဘှီထီၣ်က့ၤ အဂီၢ် �၂။ ဒူသထူၣ်ကီၢ်ရ့ၣ်: လ့က့ၣ်ဒဲကဝီၤ အဘၢၣ်ကဝီၤ ကမျၢၢ်ဃ့ၢ်လီၢ်အိၣ်ကမှံၤအဂီၢ် �၃။ ချၢၣ်လွံၣ် ထူၣ်ကီၢ်ရ့ၣ်: လၢၢ်ဒိၣ်ဟီၣ်ကဝီၤအပူၤ ကမျၢၢ်ဃ့ၢ်လီၢ်အိၣ်ကမှံအဂီၢ် AKO NSW ပၢဆှၢတၢ်ကမံးတံၥ် စံးဘျုးစံးဖှိၣ်ဝဲၦၤမၤဘူၣ်တၢ်ကိးဒံးနီၢ်ဂၤဒီး ၦၤဂဲၤဒိတဖၣ်၊ ကျးလၢဆှၢတၢ်ဖိတၢ်လံၤတဖၣ်လၢ ပၥ်ဖှိၣ်မၤ စၢၤ လၢစ့ပၥ်ကီၤအမူးအံၤ န့ၣ်လီၤ. ကညီကလုၥ်အိၣ်လၢဟီၣ်ခိၣ်သကုၤဆးဒးတဖၣ် ပၥ်ဖျါထီၣ်တၢ်ဃူ တၢ်ဖိးဒီး တၢ်သးအိၣ်လၢမိၢ်လီၢ်ကဝီၤဖီခိၣ်အဃိ ကဲထီၣ်ဝဲတၢ်ဂံၢ်တၢ်ဘါလၢ ပျီဟီၣ်ကဝီၤ ၦၤဘၣ်ကီ ဘၣ်ခဲသ့ၣ်တဖၣ်အဂီၢ်ဒိၣ်မးလီၤ.

⬛️AKO Fundraiser in Australia Raises Over $6,100 for Karen State Humanitarian Aid and Airstrike-Damaged Hospital

April 26, 2026

Karen Vibes Media

The Australian Karen Organisation (AKO NSW) successfully hosted a humanitarian fundraising event for Karen State on April 18, 2026, at the Doonside Centre. The event raised a total of $6,100 AUD to support those affected by the ongoing conflict in Myanmar.

The proceeds from the fundraiser have been allocated and sent to three critical areas in need:

1. Mutraw (Papun) District: For the reconstruction of a hospital on the Salween riverbank that was completely destroyed by recent junta airstrikes.

2. Doo Tha Htoo (Thaton) District: Providing aid to Internally Displaced Persons (IDPs) around the Lay Kay camp area.

3. Kler Lwee Htoo (Nyaunglebin) District: Supporting IDPs in the Kyaukkyi region.

The AKO NSW Executive Committee expressed its deepest gratitude to the food stall owners, volunteers, and every donor who attended the event. Their solidarity and contributions provide vital support to the Karen people struggling on the ground.

This event once again demonstrates the powerful spirit of the Karen diaspora in standing with their homeland during these challenging times.

Photo – Win Swe

Leave a comment

Welcome to the Official Karen Vibes Media Website! 

Karen Vibes Media is a premier ethnic digital media organization dedicated to the Karen people and those interested in Karen affairs. Founded on the principles of community empowerment and freedom of expression, we serve as a vital information bridge between the ground realities in Karen areas and the global Karen diaspora. Our content specializes in Karen languages, history, and the complex political landscape of Myanmar, providing a platform for voices that are often marginalized in mainstream media.

Let’s connect