Their Voices on Junta’s Election

“သူတို့ကျင်းပမည့် ရွေးကောက်ပွဲသည်လည်း
အတုအယောင်မျှသာဖြစ်တယ်”

ဦးမျိုးကျော်
အထွေထွေအတွင်းရေးမှူး
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
စစ်အာဏာရှင်ရွေးကောက်ပွဲအပေါ် သူတို့အသံ အင်တာဗျူးအစီအစဥ်
“ရွေးကောက်ပွဲအပေါ် ဆန့်ကျင်တိုက်ဖျက်သွားမယ်ဆိုတာ သြဂုတ်လ(၂၆)ရက်နေ့မှာ ထုတ်ပြန်ချက်ထုတ်ပြီးတော့ ကမ္ဘာကိုကြော်ငြာလိုက်တာပဲလေ။ “
“ဒါဟာ ရှင်းလင်းတဲ့ ကျွန်တော်တို့ရပ်တည်ချက်ဖြစ်တယ်၊ ကျွန်တော်တို့ ဘယ်လို့မှအသိအမှတ်ပြုလို့မရဘူး။”

ပဒိုတောနီး
KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ
ရွေးကောက်ပွဲအပေါ် သူတို့အသံ (Their Voices on Junta’s Election) အင်တာဗျူးအစီအစဥ်
ၥုၭခီၩ့စၧၫ့ဆၧရွံအၪ့ထုၫ့မူၭအဖၫ့ခိၪ အဝ့ၫၥံၪအလူလီၩချဲၩ့ဆၧလဖၪ
“ဆၧရွံအၪ့ထုၫ့မူၭယီၩနုၬလၩ့ၥနိၫဖၧၩ့အ့ၬ, အီၪက့ၪထၬဝ့ၫလၧ ၂၀၀၈ၥနိၫလီၫ. အဝ့ၫၥံၪစၭထၪ့လၧအၪ့န့စီၩ့မၩ့နီၪ ၂၀၀၈ယီၩဂၭဂီၩ့ခွံၬယီၩနီၪ ပၧၩကိၭဂၩၥ့ၪယၫ”

ၦဒိၪမၩ့တီၩနံၩ
ထံၫယဲၩ့ခးယဲၩ့ဆၧမၩလး, ခ့ၫအၫ့ယူၫခမံတံၫ(လးမိထုၫ့)
တရားမဝင်တာကို တရားဝင်အောင်လုပ်လာနိုင်တဲ့ သူ့ရဲ့ထွက်ပေါက်

စောဘလှသိန်း
(အမျိုးသားညီညွတ်ရေးအစိုးရ – NUG) ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်
စစ်အာဏာရှင် ရွေးကောက်ပွဲအပေါ် သူတို့အသံ (Their Voices on Junta’s Election) အင်တာဗျူးအစ်ီအစဥ်
သူတို့လုပ်မဲ့ရွေးကောက်ပွဲဆိုတာက သူတို့စိတ်ကြိုက် သူတို့လူတွေပြန်ရွေးချယ်မဲ့ပွဲပဲ

စဝ်အဲဃှီ့ဆိုဒ်
စည်းရုံးရေးနှင့်ပြန်ကြားရေးတာ၀န်ခံ
KYO – ကရင်လူငယ်အစည်းအရုံးဗဟို
စစ်အာဏာရှင် ရွေးကောက်ပွဲအပေါ် သူတို့အသံ (Their Voices on Junta’s Election) အင်တာဗျူးအစ်ီအစဥ်
“စစ်အာဏာရှင်ရွေးကောက်ပွဲက သူတို့ရဲ့ လှည့်ကွက်”

ကိုဗေဒါ
အစီအစဥ်တင်ဆက်သူ
Breaking Brainwashed Media
စစ်အာဏာရှင် ရွေးကောက်ပွဲအပေါ် သူတို့အသံ (Their Voices on Junta’s Election) အင်တာဗျူးအစ်ီအစဥ်
ဒီရွေးကောက်ပွဲဟာ.. ” ပြည်ထောင်စု တစ်ခု လက်တွေ့ တကယ်ဖော်ဆောင်နိုင်ပါ့မလား”

ဦးမြင့်သိဏ်း
အထွေထွေအတွင်းရေးမှူး
မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (Myanmar Lawyers’ Council – BLC)
စစ်အာဏာရှင် ရွေးကောက်ပွဲအပေါ် သူတို့အသံ (Their Voices on Junta’s Election) အင်တာဗျူးအစ်ီအစဥ်
သူတို့လုပ်မဲ့ရွေးကောက်ပွဲဆိုတာက သူတို့စိတ်ကြိုက် သူတို့လူတွေပြန်ရွေးချယ်မဲ့ပွဲပဲ

စဝ်အဲဃှီ့ဆိုဒ်
စည်းရုံးရေးနှင့်ပြန်ကြားရေးတာ၀န်ခံ
KYO – ကရင်လူငယ်အစည်းအရုံးဗဟို
စစ်အာဏာရှင် ရွေးကောက်ပွဲအပေါ် သူတို့အသံ (Their Voices on Junta’s Election) အင်တာဗျူးအစ်ီအစဥ်
“သူတို့ကိုယ်တိုင်က ဒီမိုကရေစီစံနှုန်းတွေနဲ့ မကိုက်ညီတဲ့ပါတီတွေဖြစ်နေလို့…”

ဦးအောင်မိုးဇော်
ဥက္ကဌ
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ – DPNS
စစ်အာဏာရှင် ရွေးကောက်ပွဲအပေါ် သူတို့အသံ (Their Voices on Junta’s Election) အင်တာဗျူးအစ်ီအစဥ်
“စစ်တပ်လက်ထက်မှာ ဘယ်တော့မှ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရမှာမဟုတ်ဘူး”

ဒေါက်တာ ထွန်းအောင်ရွှေ
သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်
(အမျိုးသားညီညွတ်ရေးအစိုးရ – NUG)
စစ်အာဏာရှင် ရွေးကောက်ပွဲအပေါ် သူတို့အသံ (Their Voices on Junta’s Election) အင်တာဗျူးအစ်ီအစဥ်
စစ်အာဏာရှင်ပြုလုပ်မဲ့ ရွေးကောက်ပွဲကို ကျွန်မတို့က အတုအယောင် ရွေးကောက်ပွဲလို့ပဲ ခေါ်တယ်”

နော်ဆဲဆဲ
စည်းရုံးရေးဒါရိုက်တာ
ကရင်အမျိုးသမီးအစည်းအရုံး (KWO)
“စစ်အာဏာရှင် က လုပ်နေတဲ့ ရွေးကောက်ပွဲကို
ကျွန်တော်တို့ လုံးဝ ဂရုစိုက်စရာမလိုပါဘူး
ဒါက ကျွန်တော် ယုံကြည်တာပြောတာပါ”

ဦးမောင်မောင်အောင်
ယူကေနိုင်ငံNUGကိုယ်စားလှယ်
စစ်အာဏာရှင် ရွေးကောက်ပွဲအပေါ် သူတို့အသံ အင်တာဗျူးအစီအစဥ်
“ဒီ ရွေးကောက်ပွဲသာ ဖြစ်လာမယ်ဆိုရင်
LGBT တွေရဲ့ စစ်မှန်တဲ့ အခွင်အရေးနဲ့ စစ်မှန်တဲ့ ဖော်ထုတ်ပြောဆိုခွင့် အမှန်တရားတွေကတော့ လုံးဝရောက်လာဖို့ အခြေအနေမရှိဘူး”

နီကိုးလပ်စ်သန့်
LGBTQ+ အခွင့်အရေး တက်ကြွလှုပ်ရှားသူ
လူငယ်ဒီဇိုင်းနာ
စစ်အာဏာရှင်ရွေးကောက်ပွဲအပေါ် သူတို့အသံ အင်တာဗျူးအစီအစဥ်
“စစ်ခေါင်းဆောင်ရဲ့ ထွက်ပေါက် အနေနဲ့ပြုလုပ်တဲ့
အမည်ခံ ရွေးကောက်ပွဲ
လိမ်လည်ထားတဲ့ ရွေးကောက်ပွဲ
ရှက်စရာကောင်းတဲ့ ရွေးကောက်ပွဲ”

ဦးလင်းသန့်
ချက်သမ္မတနိုင်ငံ – NUGကိုယ်စားလှယ်
စစ်အာဏာရှင်ရွေးကောက်ပွဲအပေါ် သူတို့အသံ အင်တာဗျူးအစီအစဥ်
“ မင်းအောင်လှိုင် လုပ်နေတဲ့ ရွေးကောက်ပွဲဆိုတာဟာ
အဆိပ်မရှိတော့တဲ့ မြွေတွေကိုပြပြီးတော့
မြွေအလမ္မယ် လုပ်နေတဲ့သဘော ၊
မြွေအလမ္မယ် ဆရာ အနေနဲ့ သူ့ကိုယ်သူဖန်ဆင်းထားတဲ့
သဘောလို့ပဲမြင်ပါတယ်။ ”

ဦးမောင်မောင်မြင့်
NUG နော်ဝေနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်
စစ်အာဏာရှင်ရွေးကောက်ပွဲအပေါ် သူတို့အသံ အင်တာဗျူးအစီအစဥ်
” ကျူးလွန်ခဲ့တဲ့၊ ကျူးလွန်နေဆဲဖြစ်တဲ့
စစ်ရာဇဝတ်မှုတွေကို တရားဝင် အားပေး အားမြှောက်ဖြစ်သွားမှာ”

Daw Nan Hsu Mon Aung
NUG ပြင်သစ်နိုင်ငံကိုယ်စားလှယ်

စစ်အာဏာရှင်ရွေးကောက်ပွဲအပေါ် သူတို့အသံ အင်တာဗျူးအစီအစဥ်
” အကြမ်းဖက်စစ်တပ်က ပြုလုပ်မဲ့
ရွေးကောက်ပွဲက
အာဏာရူးတွေ အာဏာရဖို့လုပ်တဲ့
ရွေးကောက်ပွဲဖြစ်တယ်”

Naw Esther Chit
အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ
စစ်အာဏာရှင် ရွေးကောက်ပွဲအပေါ် သူတို့အသံ (Their Voices on Junta’s Election) အင်တာဗျူးအစ်ီအစဥ်
“စစ်အာဏာရှင် ပြုလုပ်မဲ့ရွေးကောက်ပွဲဟာ
သိက္ခာမရှိသော ၊ တရားဝင်မှုမရှိသော
အကြမ်းဖက်သက်သက်ဖြစ်တယ်။”

နော်စူစန်နာလှလှစိုး
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း
စစ်အာဏာရှင်ရွေးကောက်ပွဲအပေါ် သူတို့အသံ အင်တာဗျူးအစီအစဥ်
“ဒီအကြမ်းဖက်စစ်အုပ်စုက
ရွေးကောက်ပွဲလုပ်ဖို့
သူ့မှာဘာမှတရား၀င်မှုမရှိဘူး…”

ဒေါ်ခင်ဥမ္မာ
လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ၊
ရှေ့ပြေးအသံအဖွဲ့(Progressive Voice)တည်ထောင်သူ
စစ်အာဏာရှင်ရွေးကောက်ပွဲအပေါ် သူတို့အသံ အင်တာဗျူးအစီအစဥ်
စစ်အုပ်စု စစ်တပ်မင်းဆက်
ထာဝရကြီးစိုးရေး အခင်းအကျင်း
အောက်ကသာလျှင်ဖြစ်မယ်
ပြည်သူ့ဘဝလွတ်မြောက်ဖို့အတွက်ကတော့
တစ်ခုမှမဖြစ်ဘူး။”

ဦးအောင်စောဦး
(၇၄-၇၅-၇၆ မျိုးဆက်ကျောင်းသားဟောင်း)
စစ်အာဏာရှင်ရွေးကောက်ပွဲအပေါ် သူတို့အသံ အင်တာဗျူးအစီအစဥ်
“ကျွန်တော်တို့ကသာ ဒါကြီးကို တရားဝင်ခွင့်ပြုပေးလိုက်မယ်ဆိုရင် ဒီကောင်က ပိုပြီးတော့တောင် ကြမ်းကြုတ်ရက်စက်တော့မှာ”

စောဂျက်
ပီတိChoir သင်တန်းသားတစ်ဦး
စစ်အာဏာရှင်ရွေးကောက်ပွဲအပေါ် သူတို့အသံ အင်တာဗျူးအစီအစဥ်
“အာဏာသိမ်းလို့ကို ဒီ Violence တွေပိုများလာတာ.. ၂၀၂၁ ဖေဖော်ဝါရီက အာဏာသိမ်းလိုက်လို့ကို ဒီအကျိုးဆက်တွေက ရေရှည်ဖြစ်လာတာ”

ခင်မွန်မွန်သန့်
ဂျန်ဒါအရေး တက်ကြွလှုပ်ရှားသူ
စစ်အာဏာရှင်ရွေးကောက်ပွဲအပေါ် သူတို့အသံ အင်တာဗျူးအစီအစဥ်
“ရွေးကောက်ပွဲက တရားဝင်သည်ဖြစ်စေ။ တရားမဝင်သည်ဖြစ်စေ
ကျွန်တော်တို့ဘက်ကတော့ ဆက်ပြီး
တော်လှန်နေဖို့ပဲ လိုတာ”

မထိပ်ထား
Shield Women Organization တည်ထောင်သူ
စစ်အာဏာရှင်ရွေးကောက်ပွဲအပေါ် သူတို့အသံ အင်တာဗျူးအစီအစဥ်
“တော်လှန်ရေး(၄)နှစ်ကျော် (၅)နှစ်နီးပါး ကာလမှာ တဖြည်းဖြည်း သူတို့ စစ်ရှုံးလာတာဖြစ်တဲ့အတွက် ထွက်ပေါက်ရှာမယ်။ ထင်ယောင်ထင်မှားဖြစ်အောင်လုပ်ပြီးတော့ ပြည်သူတွေကို ဒီမိုကရေစီ အစိုးရပါဆိုပြီးတော့”

ဆုမီမီမောင်
သတင်းတင်ဆက်သူ
ဗဟိုကော်မတီဝင် (မြန်မာ-မွတ်စလင် တော်လှန်ရေးအင်အားစု)
စစ်အာဏာရှင်ရွေးကောက်ပွဲအပေါ် သူတို့အသံ အင်တာဗျူးအစီအစဥ်
“လက်ရှိ စကစကို တော်လှန်နေပါတယ်ဆိုတဲ့ တော်လှန်ရေး အင်အားစုအားလုံးကြားထဲမျာ အသည်းအသန်လိုအပ်နေတဲ့အရာတခုက … တောက်လျှောက်လည်း လိုအပ်နေတာ.. အခုအထိလည်း လိုအပ်နေဆဲအရာ ဘာလဲဆိုတော့…
အမျိုးသားအဆင့် တပ်ပေါင်းစု၊ နိုင်ငံရေးအရ စစ်ရေးအရ တကယ်တပ်ပေါင်းစုအကြီးကြီး ဖွဲ့နိုင်ဖို့…”

ကိုပိုင်ဆက်
နိုင်ငံရေးလေ့လာသူ
Human Rights Defender
စစ်အာဏာရှင် ရွေးကောက်ပွဲအပေါ် သူတို့အသံ အင်တာဗျူးအစီအစဥ်
“စစ်တပ်ရဲ့ ရွေးကောက်ပွဲကတော့ ကျွန်မအမြင်မှာတော့ လုံးဝ အလိမ်အညာပဲ”

နော်မူမူဖော
Global Study ကိုလေ့လာနေတဲ့ Ph.Dကျောင်းသူ
စစ်အာဏာရှင်ရွေးကောက်ပွဲအပေါ် သူတို့အသံ အင်တာဗျူးအစီအစဥ်
“ကျွန်တော်တို့ကတော့ သူဟာသူ ရွေးကောက်ပွဲလုပ်ချင်လုပ်၊ မလုပ်ချင်နေ
ဘယ်ကောင်ပဲ သမ္မတဖြစ်နေဖြစ်နေ
ကျွန်တော်တို့လိုချင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်
မရောက်မချင်း ဆက်ပြီးတော်လှန်သွားမှာပါ..”

ကိုခင်လှိုင်နှင့် မဖူးငယ်
ထောက်ပို့ရဲဘော် ဇနီးမောင်နှံ
စစ်အာဏာရှင်ရွေးကောက်ပွဲအပေါ် သူတို့အသံ အင်တာဗျူးအစီအစဥ်
“ အစ်မတို့ဘက်က စစ်ကျွန်ပညာရေးကို
ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်…
CDM လုပ်တယ် ဆိုတာကလည်း အစ်မတို့အတွက် မဟုတ်ဘူး
နောက်မျိုးဆက်သစ်တွေ ဒီလိုမျိုးတွေမခံစားနိုင်အောင်လို့…”

ဒေါက်တာသီသီသန်းမြင့်
တွဲဖက်ပါမောက္ခ
စစ်အာဏာရှင်ရွေးကောက်ပွဲအပေါ် သူတို့အသံ အင်တာဗျူးအစီအစဥ်
“တကယ် ပြည်သူကိုမျှတတဲ့ ရွေးကောက်ပွဲလို့ ပြည်သူကိုစေတနာရှိခဲ့ရင် ၂၀၂၁ကတည်းက သူတို့အာဏာမလုခဲ့ဘူး”
ဆောင်း
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၏ ဇနီး
စစ်အာဏာရှင်ရွေးကောက်ပွဲအပေါ် သူတို့အသံ အင်တာဗျူးအစီအစဥ်
“ဒီရွေးကောက်ပွဲက အင်မတန်ရှက်စရာကောင်းတဲ့ရွေးကောက်ပွဲဖြစ်တယ်လို့မှတ်ချက်ပေးချင်တယ်။
ဘာဖြစ်လို့လဲဆိုတော့ ပြိုင်ဘက်လည်းမရှိဘူး ကြံဖွတ်တစ်ဖွဲ့တည်းပဲ ကျန်တဲ့အုပ်စုတွေ၀င်ပြိုင်တာက ဟန်ပြပါပဲ…”

စောသူးဘီး
ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်(KPSN)
စစ်အာဏာရှင်ရွေးကောက်ပွဲအပေါ် သူတို့အသံ အင်တာဗျူးအစီအစဥ်
စစ်အာဏာရှင်ရွေးကောက်ပွဲအပေါ် သူတို့အသံ အင်တာဗျူးအစီအစဥ်
နန့်ဇိုယာဖန်း
Director – Burma Campaign UK
🟥စစ်ကောင်စီ တွင် ရွေးကောက်ပွဲကျင်းပပိုင်ခွင့် အခွင့်အာဏာ လုံးဝမရှိ
🟥နိုင်ငံတော်ကို ပုန်ကန်သည့် ‘သူပုန်စစ်တပ်’ သာ ဖြစ်
🎥စစ်အာဏာရှင်ရွေးကောက်ပွဲအပေါ် သူတို့အသံအင်တာဗျူးအစီအစဥ်
စောဘဦးလေး
ကရင်လူမျိုး တရားလွှတ်တော်ရှေ့နေ
“ အတုအယောင်ရွေးကောက်ပွဲကိုကျင်းပမယ်လို့ပြောတဲ့ စစ်အုပ်စုက ဒီမိုကရေစီအခင်းအကျင်းကို တစ်စလေးမှမကျန်အောင် ရိုက်ချိုးခဲ့တဲ့ သူတွေဖြစ်ပါတယ်။ လူထုကလည်း သူ့ကိုမထောက်ခံဘူး၊နိုင်ငံတကာကလည်း သူ့ကိုမထောက်ခံဘူး၊ဥပဒေကြောင်းအရလည်း တရား၀င်မှုမရှိဘူး… ”

ဒေါ်နှင်းနှင်းမွှေး
(တွဲဖက်အထွေထွေအတွင်းရေးမှူး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)
စစ်အာဏာရှင်ရွေးကောက်ပွဲအပေါ် သူတို့အသံ အင်တာဗျူးအစီအစဥ်

Welcome to the Official Karen Vibes Media Website! 

Karen Vibes Media is a premier ethnic digital media organization dedicated to the Karen people and those interested in Karen affairs. Founded on the principles of community empowerment and freedom of expression, we serve as a vital information bridge between the ground realities in Karen areas and the global Karen diaspora. Our content specializes in Karen languages, history, and the complex political landscape of Myanmar, providing a platform for voices that are often marginalized in mainstream media.

Let’s connect