(၂)ကော်သူးလေအုပ်ချုပ်ရေးစနစ် နှင့် ကရင်အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်

ကျနော်တို့အုပ်ချုပ်ရေးဆိုင်ရာ အခြေခံအုတ်မြစ် မကောင်းပဲ မတည်ဆောက်နိုင်ပဲ ကိုယ်ပြဌာန်းခွင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တို့ ဆိုတာတွေကို လက်တွေ့မှာ မရနိုင်ဘူး ကျင့်သုံးနိုင်မှာလည်းမဟုတ်ဘူး။ စောကပီ လူအများပြောနေကြတဲ့ “ကိုယ်ပိုင်ပြဌာန်းခွင့်” ကို လက်တွေ့မှာ ဘယ်လို အကောင်အထည်ဖော်မလဲ? အုပ်ချုပ်ရေးယန္တရား ခိုင်မာမှုမရှိရင် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ဆိုတာ အလှမ်းဝေးနေဦးမှာပဲလို့ စောကပီ က ဆိုပါတယ်။ ကော်သူးလေ အုပ်ချုပ်ရေးစနစ်ဟာ ဖက်ဒရယ်စနစ်ကို အောက်ခြေကနေ အထက်ကို (Bottom-up) ဘယ်လို တည်ဆောက်နေသလဲဆိုတာ ဒီအင်တာဗျူးမှာ လေ့လာကြည့်ရအောင်။ ကျနော်တို့တည်ဆောက်နေတဲ့ ကော်သူးလေအုပ်ချုပ်ရေးစနစ်ဆိုတာ ကျနော်တို့ရဲ့ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ကို ကိုယ့်နည်းကိုယ့်ဟန်ကိုယ့်စနစ်နဲ့ကိုယ် အကောင်အထည်ဖေါ်နေတာပဲဖြစ်တယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုဦးတည်ပြီး ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်တစ်ခုမှာ ရှိရမယ့် စံချိန်စံနှုန်းတွေကို အောက်ချေကနေ မြို့နယ် ခရိုင် ဗဟိုအဆင့်အထိ တစ်ဆင့်ချင်းစီ တည်ဆောက်ပြီး သွားနေတယ်ပဲဆိုပါတော့။  ဒီနေရာမှာ ကျနော်ပြောချင်တာက ကျနော်တို့အုပ်ချုပ်ရေးဆိုင်ရာ အခြေခံအုတ်မြစ် မကောင်းပဲ … Continue reading (၂)ကော်သူးလေအုပ်ချုပ်ရေးစနစ် နှင့် ကရင်အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်