ဆရာ စကောလယ်တော၏ နိုင်ငံရေးဖြတ်သန်းမှု – အပိုင်း(၇)

လွတ်လပ်သောကရင့်သမိုင်းသုတေသနအသင်း မှ ထုတ်ဝေသည့် “ကရင့်တော်လှန်ရေး ဒုတိယလမ်းစဥ်”စာအုပ်မှ ကူးယူဖော်ပြပါသည်။ ကျနော်တို့ ဥက္ကဋ္ဌဗသိန်းတင်ကို ဆက်လက်ဆွေးနွေးတာက (K.N.U.P.) ပါတီကို ဖွဲ့စည်းတာနှင့် ပတ်သက်လို့ရော လူမျိုးစု ညီညွတ်ရေးတပ်ဦး ဖွဲ့စည်းတာနှင့် ပတ်သက်လို့ ရော ပဲခူးမှာရှိတဲ့ ဥက္ကဋ္ဌသခင်ဇင်နဲ့လည်း ကျနော်တို့ ဆွေးနွေးခဲ့ကြတယ်။ ဆွေးနွေးပြီးမှ အခြေအနေ အရပ်ရပ်အပေါ်မှာ တွက်ချက်ပြီး၊ ဖွဲ့စည်း တာဖြစ်တယ်။ ဥက္ကဋ္ဌ သခင်ဇင် နဲ့ သခင်ချစ် တို့က ဒီအခြေခံသဘောမျိုးနဲ့ ဖွဲ့စည်းတာကို လက်ခံကြတယ်။ တခုတည်းသော တပ်ပေါင်းစုဖြစ်ရေး ကြိုးစားတာကိုလည်း သူတို့ နားလည်တယ်။ နောက်ပြီးတော့ ဒီနေ့ အမျိုးသားရေးပေါ်လစီနဲ့ ပတ်သက်တာ ကျနော်တို့ တလျောက်လုံး တင်ပြထားတဲ့ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် နောက်ပြီး ဗမာပြည်မှာ စစ်မှန်တဲ့ ဖက်ဒရယ် … Continue reading ဆရာ စကောလယ်တော၏ နိုင်ငံရေးဖြတ်သန်းမှု – အပိုင်း(၇)