ဆရာ စကောလယ်တော၏ နိုင်ငံရေးဖြတ်သန်းမှု – အပိုင်း(၁)

လွတ်လပ်သောကရင့်သမိုင်းသုတေသနအသင်း မှ ထုတ်ဝေသည့် “ကရင့်တော်လှန်ရေး ဒုတိယလမ်းစဥ်”စာအုပ်မှ ကူးယူဖော်ပြပါသည်။ ကျောင်းသားဘဝ `ဆရာကြီး စကောလယ်တော´၏ ဇာတိကျေးရွာမှာ တောင်ငူခရိုင် ကျောက်ဖျာ ကျေးရွာဖြစ်သည်။ ကျောက်ဖျာရွာသည် တောင်ငူနှင့် မိုင်(၄၀)မျှ ကွာဝေးသော တောင် ပေါ်ရွာ တရွာဖြစ်သည်။ သူ့ဖခင်မှာ ကျေးရွာသူကြီး တဦးဖြစ်သည်။ အင်္ဂလိပ်ခေတ် သူကြီးဖြစ်၍ သြဇာ အရှိန်အဝါ အတော်အတန် ရှိလေသည်။ မိဘများမှာ အစဉ်အလာ အားဖြင့် တောင်ယာ လုပ်ကိုင် စားသောက် လာခဲ့သူများ ဖြစ်သည်။ ကျေးရွာလူကြီး တဦး၏ အိမ်ထောင်စုပင် ဖြစ်သော်လည်း ချို့ချို့တဲ့တဲ့ နေထိုင်ခဲ့ကြရသည်။ ဆရာကြီး စကောလယ်တော၏ ငယ်အမည်မှာ “စောထောယေ” ဖြစ်သည်။ (၆)နှစ်သား အရွယ်တွင် ကျောက်ဖျာရွာရှိ မူလတန်းကျောင်း၌ စတင် ကျောင်းတက်သည်။ ကရင်အမျိုးသားကျောင်းဖြစ်၍ … Continue reading ဆရာ စကောလယ်တော၏ နိုင်ငံရေးဖြတ်သန်းမှု – အပိုင်း(၁)