ဒေါက်တာတီသံပြာ (၁၈၄၂ – ၂၉ အောက်တိုဘာ ၁၉၂ဝ) 

စောတီသံပြာကို (၁၈၄၂)ခုနှစ် ပုသိမ်မြို့ အပိုင် ကျုံလာရွာတွင် မွေးဖွားသည်။ (၆)နှစ်သားအရွယ်တွင် ဖခင်သေဆုံး၍ မိခင်၏ ကျွေးမွေးစောင့်ရှောက်မူဖြင့် ကြီးပြင်းလာခဲ့ရသည်။ ။ စောတီသံပြာသည် ငယ်စဉ်က မိခင်၏ သွန်သင်မှုကို တသွေမတိမ်းနာခံတတ်သော သားလိမ္မာတစ်ဦးဖြစ်သည်။ ငယ်စဉ်ကလေးအရွယ်ကပင် ကျောင်းပြီး ဝမ်းစာရှာဖွေပြီး မိခင်၏ဝန်ထုပ်ကို ကူညီထမ်းရွက်ခဲ့သည်။ စောတီသံပြာ (၈)နှစ်သားအရွယ်တွင် ကျုံလာရွာကို ဓားပြများဝင်ရောက်မီးရှို့ သဖြင့် တစ်ရွာလုံး ပြာကျ လေသည်။ ထိုကြောင့် ကျုံလာရွာထက် ပိုမိုလုံခြုံသည့် ကျုံတာရွာသို့ တစ်ရွာလုံး ပြောင်းရွှေ့ နေထိုင်ရလေသည်။ ငယ်စဉ်ကပင် ကြည့်တတ်၊ မှတ်တတ် လေ့လာစူးစမ်းတတ်ခြင်းနှင့် နားလည်လွယ်ကူတတ်သော မေ့ရာပါ ပင်ကိုယ်အရည်အချင်းများရှိသောကြောင့် ဦးလေးတော်သူ ဦးရွှေငုံက သူ၏ ဆေးပညာ အရိုက်အရာကို ခံယူစေရန် ရည်ရွယ်ခဲ့သည်။ ဦးလေးဦးရွေငုံက ဆေးမြစ်များကို တူး၍ … Continue reading ဒေါက်တာတီသံပြာ (၁၈၄၂ – ၂၉ အောက်တိုဘာ ၁၉၂ဝ)