ကျနော် နှင့် (ယွားဟေလူ) သို့မဟုတ် ပွိုင့် (၄၉၁) – အပိုင်း(၃)

(ဖူးကီးဒို-မန်းရောဘတ်ဘဇန်) အပိုင်း (ဂ)။ စစ်တိုက်ရင်းစည်းရုံး၊ စည်းရုံးရင်းစစ်တိုက်၊ စစ်တိုက်ရင်းလေ့လာ၊ လေ့လာရင်းစစ်တိုက်ရမယ်။ -သဘာဝအကာအကွယ်ထက် လူထုအကာအကွယ်က ပိုလုံခြုံတယ်။ -လူထုမထောက်ခံတဲ့တော်လှန်ရေးဟာ သွေးမရှိတဲ့လူလိုဘဲ။ -တော်လှန်ရေးတရပ်ကိုလူထုကမထောက်ခံတော့ဘူးဆိုရင် ဒီတော်လှန်ရေးဟာ မသာခေါင်းလောင်းထိုးခံ ရတာနဲ့အတူတူဘဲ။ -လူထုဆန့်ကျင်ရေးမလုပ်နဲ့၊ လူထုနောက်မြီးဆွဲလည်းမဖြစ်နဲ့။ မိမိတက်ခဲ့ဘူးသော စစ်နှင့် နိုင်ငံရေးသင်တန်းများမှ လေ့လာမှတ်ယူခဲ့ဘူးသော စစ်သင်ခန်းစာများကို လက်တွေ့ အသုံးချရတော့မည်ဖြစ်သည်။ အထက်ပါ လူထုလမ်းစဉ်ကို အကောင်အထည်ဖေါ်ရန် မိမိတို့ လုပ်ဆောင်ကြပါပြီ။ မိမိနှင့် တပ်ရင်းရုံးအဖွဲ့ နံနက်စာစားပြီး တောင်ခြေဆင်းသွားသည်။ ဘုန်းကြီးကို ခွင့်ပန်ပြီး ခြုံနွယ် ပေါင်းပင်များကိုရှင်းသည်။ ရေတွင်းထဲရှိမြက်၊ ပေါင်းပင်များ ရှင်းပြီး ပြန်တူးပေးသည်။ ရေကြည်ရေသန့်များ ထွက်လာသည်။ လူထုစည်းရုံးရေး လုပ်ငန်းအဆင့်(၁)ဖြစ်သည်။ အဆင့်(၂)အဖြစ် ဘာလုပ်ရမည်ကို စဉ်းစားသည်။ မိမိတပ်ရင်းဌာနချုပ် (ကီးဒို)ကုန်း၏ အရှေ့ဘက်ထိုင်းနိုင်ငံရှိ တောင်ယာများ၌ စပါးများ ရွှေဝါရောင်သန်းနေပြီး၊ … Continue reading ကျနော် နှင့် (ယွားဟေလူ) သို့မဟုတ် ပွိုင့် (၄၉၁) – အပိုင်း(၃)