ကျနော် နှင့် (ယွားဟေလူ) သို့မဟုတ် ပွိုင့် (၄၉၁) – အပိုင်း(၂)
(ဖူးကီးဒို-မန်းရောဘတ်ဘဇန်) အပိုင်း(ခ)။ စီမံချက်အဆင့် (၁)ဖြစ်သည့် (ကီးဒို)ကုန်း ခိုင်မာရေးကို စတင်လုပ်ကိုင်ရန် တပ်မှူးများကို ခေါ်ယူလိုက်သည်။ (ကီးဒို)ကုန်းထိပ်ရှိ ခြုံနွယ်၊ မျက်ပေါင်းများ၊ သစ်ပင်များကို စုပေါင်းရှင်းရန် ဗိုလ်တင့်လွင်နှင့်အဖွဲ့၊ ဝါးခုတ်ရန် ဗိုလ်နောင်နောင်နှင့်အဖွဲ့၊ အိမ်ဆောက်ဘို့ အိမ်တိုင်ခုတ်ရန် ဗိုလ်သောထူးအဖွဲ့၊ (ကီးဒို)ကုန်းပတ်လည် ကတုတ်ကျင်းတူးရန် ဗိုလ်ကော်လာနှင့်အဖွဲ့တို့ကို အသီးသီး တာဝန်ပေးအပ်လိုက်သည်။ (၇)ရက် တပတ်အတွင်း အပြီးလုပ်ကိုင်ကြရမည်။ စီမံချက်အတိုင်း ရဲဘော်များ တက်ညီလက်ညီလုပ်ကိုင်နေကြသည်။ (The enemy of my enemy is my friend)ဆိုသည့် ခေါင်းဆောင်ကြီး စောဘဦးကြီး၏ လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ရန် မိမိတို့ တောင်ဘက်ပိုင်းရှိ (ဒညတ)ဗိုလ်သွေး၏အဖွဲ့ကို စည်းရုံးရန်ပြင်ဆင်သည်။ လူအင်အား၊ လက်နက်အင်အားတို့ကိုလေ့လာသည်၊ တပတ်အတွင်း ဗိုလ်သွေးတို့အခြေအနေစုံကိုရရှိသည်။ ဗိုလ်သွေးသည် (အန်းထောင်း)(တဘက်နိုင်ငံတွင်းရှိရွာ)တွင် ထိုင်းအမျိုးသမီးနှင့် အိမ်ထောင်ကျနေသည်။ … Continue reading ကျနော် နှင့် (ယွားဟေလူ) သို့မဟုတ် ပွိုင့် (၄၉၁) – အပိုင်း(၂)
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed