ဗိုလ်ချုပ်မြ (သို့မဟုတ်) တော်လှန်ရေးမုန်တိုင်းအတွင်းမှ သစ်တပင်

(မန်းရှာလားဖန်းရေးသည်) ၁၉၈၈ စက်တင်ဘာ (၁၈) ရက် နဝတစစ်အုပ်စု အာဏာသိမ်းမှုအပြီး လူငယ်၊ ကျောင်းသားများနှင့် ရဟန်းရှင် လူပြည်သူများ တသောင်းနီးပါး ကရင့်တော်လှန်ရေး၏ အခြေခံဒေသအတွင်းသို့ ဆိုက်ရောက်လာကြသည့်အခါ မြန်မာပြည်အတွင်း နိုင်ငံရေးဆက်ဆံမှုနှင့် ရွေ့လျားမှုသည် နောက်ထပ်မှတ်တိုင်တခုသို့ ရောက်ရှိလာသည်။ ဤနိုင်ငံရေးစစ်တမ်းကိုဤအခြေအနေတွင် ကျနော့်အနေဖြင့် ဤနိုင်ငံရေးဆက်ဆံမှုကို အကြောင်းပြု၍ ၁၉၈၈ ခု နိုင်ငံရေးစစ်တမ်း တစောင်ကိုရေးခဲ့ပြီး “စက်တင်ဘာ နိုင်ငံရေးစစ်တမ်း” ဟု ခေါင်းစဉ်တပ်ခဲ့သည်။ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်မြ၊ ဒု-ဥက္ကဋ္ဌ ပဒိုစောသန်းအောင်နှင့် မဒတ အတွင်းရေးမှူး ခိုင်စိုးနိုင်အောင်တို့ကို ပေးအပ် လေ့လာစေခဲ့ပါသည်။ ပဒိုစောသန်းအောင်က “မင်းကိုယ်တိုင် ဗိုလ်ချုပ်မြနဲ့ တွေ့ဆုံဆွေးနွေးပြဖို့လည်း လိုအပ်တယ်” ဟုပြောပြီး သူ၏ စီစဉ်မှုကြောင့် အောက်တိုဘာလ၏ ညတညတွင် ဤစစ်တမ်းပါ အကြောင်းအရာများကို ဗိုလ်ချုပ်မြအား … Continue reading ဗိုလ်ချုပ်မြ (သို့မဟုတ်) တော်လှန်ရေးမုန်တိုင်းအတွင်းမှ သစ်တပင်