ပဒိုမန်းရှာ ၏ နောက်ဆုံးနေ့ရက်များ နှင့် ကျနော်

(ရဲဘော်ဇော်နောင်) အချိန်တွေ ကြာညောင်းလာခဲ့ပြီဖြစ်သော်လည်း ဒီလ ဒီရက်ကို ရောက်တိုင်း အတိတ်ရဲ့ဖြစ်ရပ်တွေ ကျနော့် အာရုံထဲ အသစ်တဖန် ပြန်ဝင်ရောက်လာပါတော့တယ်။ အချိန်ကာလအနေနဲ့ ပြောရရင် ၂ဝဝ၇ ခုနှစ် နှောင်း ပိုင်းကနေ စရမှာ ဖြစ်ပါတယ်။ အဲဒီအချိန်ကာလမှာ ကေအဲန်ယူခေါင်းဆောင်များကို လုပ်ကြံမယ်ဆိုတဲ့ သတင်း ကေအဲန်ယူအတွင်း ခါတိုင်းထက် ပိုထွက်ပေါ်လာခဲ့ပါတယ်။ အချိန်နှင့်အမျှ သတင်းတွေ တမျိုးပြီး တမျိုး ထွက်ပေါ်လာသော်လည်း လုပ်ကြံခံရမဲ့ စာရင်းထဲမှာ ပဒိုမန်းရှာရဲ့နာမည် အမြဲလို ပါဝင်နေခဲ့ပါတယ်။ ဒါကြောင့် ပဒိုမန်းရှာရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာ အခြေအနေ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ပဒိုမန်းရှာက တုန်လှုပ်မှု မရှိခဲ့ပါဘူး။ သွားမြဲလာမြဲအတိုင်း ပုံမှန်ပဲ ရှိခဲ့ပါတယ်။ ပဒိုမန်းရှာက အထွေထွေ အတွင်းရေးမှူး ချုပ် ဖြစ်ပေမဲ့ ခုလို … Continue reading ပဒိုမန်းရှာ ၏ နောက်ဆုံးနေ့ရက်များ နှင့် ကျနော်