ဖူးစကောလယ်တော အထုပ္ပတ္တိအကျဉ်း – အပိုင်း(၁)
(ကရင့်သမိုင်းသုတေသနအဖွဲ့) အပိုင်း (၁) ကျောင်းသားဘ၀ ဆရာကြီးစကောလယ်တော၏ ဇာတိကျေးရွာမှာ တောင်ငူခရိုင် ကျောက်ဖျာရွာဖြစ်သည်။ ကျောက်ဖျာရွာသည် တောင်ငူနှင့် မိုင် (၄၀)မျှကွာဝေးသော တောင်ပေါ်ရွာတရွာဖြစ်သည်။ သူ့ဖခင်မှာ ကျေးရွာသူကြီးတဦးဖြစ်သည်။ အင်္ဂလိပ်ခေတ် သူကြီးဖြစ်၍ ဩဇာအာဏာအရှိန်အဝါ အတော်ရှိလေသည်။ မိဘများမှာ အစဉ်အလာအားဖြင့် တောင်ယာလုပ်ကိုင်စားသောက်လာကြသူများ ဖြစ်ကြသည်။ ကျေးရွာသူကြီးတဦး၏ အိမ်ထောင်စုပင်ဖြစ်သော်လည်း ချို့ချို့တဲ့တဲ့ နေထိုင်ခဲ့ကြရသည်။ ဆရာကြီးစကောလယ်တော၏ ငယ်နာမည်မှာ စောထောယေ ဖြစ်သည်။ (၆)နှစ်သားအရွယ်တွင် ကျောက်ဖျာရွာရှိ မူလတန်းကျောင်းတွင် စတင်၍ ကျောင်းတက်သည်။ ကရင်အမျိုးသားကျောင်းဖြစ်၍ ကရင်စာပေကို အဓိကထားသင်သည်။ စာသင်နှစ်ကုန်ခါနီး နေ့တနေ့တွင် ပညာအုပ်တဦးက ထိုဒေသရှိ ကျောင်းများကို လိုက်လံစစ်ဆေးရာတွင် ကျောက်ဖျာရွာသို့လည်း ဝင်ရောက်ခဲ့လေသည်။ ပညာအုပ်ဖြစ်၍ ရပ်ရွာလူကြီးများက မြင်းများဖြင့် တခမ်းတနား လိုက်လံပို့ဆောင်ကြသည်။ ဟင်းပေါင်းစုံဖြင့်လည်း ဧည့်ခံကျွေးမွေးကြသည်။ လူတိုင်း … Continue reading ဖူးစကောလယ်တော အထုပ္ပတ္တိအကျဉ်း – အပိုင်း(၁)
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed