ကျနော်နှင့် “သေဖူးလော်ဆူး”လူထုအရေး – အပိုင်း(၁)

(ရဲဘော်ဇော်နောင်) အပိုင်း (၁) ၁၉၉၇ ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့၊ နိုဖိုး ဒုက္ခသည် စခန်းထဲ ကျနော် ရောက်ရှိနေခိုက် မနက်ပိုင်း မိုးမလင်းခင် ကျနော် အိပ်နေတဲ့ ခေါင်းရင်း ထရံကို ပုတ်ပြီး ခေါ်နိုးသံနဲ့ အတူသေနတ်သံတွေပါ ကြားနေရကြောင်းလည်း ပြောနေတာကြောင့် ကျနော်လည်း အိပ်ချင်မူးတူးနဲ့ အိမ်အောက်ကို အမြန် ဆင်းလိုက်ပါတော့တယ်။ အိမ် အပြင်ဘက် လရောင်ဖျော့ဖျော့ အောက်မှာ မဲမဲသဏ္ဍာန် လူရိပ် သုံးလေးခုကို ကျနော်နဲ့ မလှမ်းမကမ်းမှာ တွေ့လိုက်ရပါတယ်။ သူတို့ အနားကို ရောက်တော့မှဘဲ ဆရာထူးလို နဲ့ အဖေါ်များ ဖြစ်ကြောင်း သိလိုက်ရပါတယ်။ သူတို့က သေနတ်သံမြည်တဲ့ ဘက်ကို အာရုံစိုက် နားထောင်ပြီး သုံးသပ် ပြောဆို နေကြပါတယ်။ သေနတ်သံတွေဟာ … Continue reading ကျနော်နှင့် “သေဖူးလော်ဆူး”လူထုအရေး – အပိုင်း(၁)