ကျနော်နှင့် “သေဖူးလော်ဆူး”လူထုအရေး – အပိုင်း(၂)

(ရဲဘော်ဇော်နောင်) အပိုင်း (၂) အထက်မှာ ဖေါ်ပြထားသလို နိုဝင်ဘာ (၁၅)ရက်‌နေ့ မိုးမလင်းခင် ထိုင်းစစ်တပ်ဟာ သေဖူးလော်ဆူး စခန်းကို ဝင်ရောက်ခြောက်လှန့် ပစ်ခတ်ပါတော့တယ်။ လူထုကြီးကိုလည်း ထိုင်း၊ ဗမာနယ်စပ်ဆီ အတင်းအဓမ္မ မောင်းထုတ်လိုက်ပါတယ်။ ထိုင်းစစ်တပ်က ပစ်ခတ်လိုက်တဲ့ (79)ကျည် တလုံးဟာ လူထုအနားမှာ ကျရောက်ပေါက်ကွဲသွားတာကြောင့် တဦး ဒဏ်ရာ ရသွားပါတယ်။ လူထုကြီးဟာ မမျှော်လင့်ဘဲ ကြားလိုက်ရတဲ့ သေနတ်သံကြောင့် ရုတ်ရုတ်သဲသဲနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်သွားပါတယ်။ ခလေးတဦး သေဆုံးသွားကြောင်းလည်း သိရပါတယ်။ တချို့ရဲ့အဆိုအရ ရုန်းရင်းဆန်ခတ် ပြေးလွှားကြရင်း နင်းမိပြီး သေသွားတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အဲဒီ အချိန်မှာ မိုးက ကောင်းကောင်း မလင်းသေးပါဘူး။ ရုတ်ရုတ်သဲသဲဖြစ်နေတဲ့ လူထုကြီးကို လိုက်လံထိန်းသိမ်းနေတဲ့ စောပလာဝါး၊ စောဆဲဒိုဂရီး တို့ နှစ်ဦးကိုတော့ ထိုင်းစစ်တပ်က … Continue reading ကျနော်နှင့် “သေဖူးလော်ဆူး”လူထုအရေး – အပိုင်း(၂)