ကျနော်နှင့် တပ်မဟာ (၆) ရန်သူထိုးစစ် – အပိုင်း(၁)

ရဲဘော်ဇော်နောင် အပိုင်း (၁) ၁၉၉၇ ခုနှစ် ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့ (၄၉)နှစ်မြောက် ကရင်အမျိုးသားနေ့ ဂုဏ်ပြုအခန်းအနား ပြုလုပ်ဖို့ မန်းအောင်တင်မြင့် (ယာယီခရိုင်အတွင်းရေးမှူး)နဲ့ ကျနော်တို့တတွေ အဇင်းကျေးရွာ ဆရာလှမောင်အိမ်မှာ ပြင် ဆင်စီစဉ်နေတဲ့ အချိန်မှာဘဲ “ထီးဖိုးဃော” ရွာဘက်ကနေ လက်နက်ကြီးသံတွေကြားရပါတယ်။ ထီးဖိုးဃောရွာနဲ့ အဇင်းကျေးရွာရဲ့ အကွာအဝေးဟာ လမ်းလျှောက်သွားလျှင် (၂)နာရီနီးပါး ရှိသလို ကျနော်တို့အိမ်ရှိတဲ့နေရာနဲ့ ထီးဖိုးဃောရွာအကြားမှာလည်း လှည်းလမ်းနဲ့သွယ်တန်းထားတဲ့အပြင် အဲဒီလှည်းလမ်းဟာ တပ်မဟာရှေ့တန်းရုံး (အုံးခြံ)နဲ့လည်း တဆက်တစပ်တည်းရှိနေပါတယ်။ လှည်းလမ်းအတိုင်း ပုံမှန်လမ်းလျှောက်သွားပါက တနာရီကျော်ကျော် နှစ်နာရီလောက်သာကြာပါတယ်။ ဒါကြောင့် မန်းအောင်တင်မြင့်ကို ပြောပြီး ကျနော်နဲ့ ပဒိုလိလေး တို့ အိမ်ကိုပြန်လာကြပါတယ်။ အိမ်ကိုရောက်တဲ့အခါ တပ်မဟာရှေ့တန်းရုံးက ဗိုလ်ကျော်သု ဦးဆောင်တဲ့ တပ်ဖွဲ့တဖွဲ့ ကျနော်တို့အိမ်အနီးမှာ လာရောက်နေရာယူထားနေပါပြီ။ အကြောင်းက ကျနော်တို့အိမ်ဟာ … Continue reading ကျနော်နှင့် တပ်မဟာ (၆) ရန်သူထိုးစစ် – အပိုင်း(၁)