ကျနော်နှင့် တပ်မဟာ (၆) ရန်သူထိုးစစ် – အပိုင်း(၂)

(ရဲဘော်ဇော်နောင်) အပိုင်း (၂) ဗမာ့တပ်မတော်ဟာ သူ့ရဲ့ဇာတိရုပ်ကို ကြာရှည်စွာ ဖုံးမထားနိုင်တော့ပါဘူး။ လူထုများကို အကြောင်းမဲ့ သတ်ဖြတ်တာတွေ ပြုလုပ်လာပါတော့တယ်။ သာဓကအနေနဲ့ပြောရရင် ကွီးခလယ်မှာ နေ့ခင်းကြောင်တောင်ရေချိုးပြန်လာတဲ့ ရွာသားတယောက်ကို ပစ်သတ်လိုက်ပါတယ်။ နောက်ပြီး မဲ့ကတီရွာမှာလည်း အသက် (၁၆)နှစ်အရွယ်လောက်သာ ရှိသေးတဲ့ တောင်ပေါ်ကရင်မလေးတယောက်ကို ပစ်သတ်လိုက်ပါတယ်။ ဒါ့အပြင် မုဒိမ်းမှု (မုဒိမ်းမှုကိုတော့ ကာယကံရှင်များရဲ့ ဂုဏ်သိက္ခာကိုငှဲ့သောအားဖြင့် မဖေါ်ပြတော့ပါ။ မုဒိမ်းမှုထဲမှာ ခလေးမွေးဖွားပြီး မကြာသေးတဲ့ မိခင်များလည်းပါ၀င်ပါတယ်) အပါအဝင် အခြားသော ရာဇဝတ်မှုများကိုလည်း ကျူးလွန်လာပါတယ်။ အဲဒီကာလမှာ Online သတင်းမီဒီယာတွေ ယခုခေတ်လို တိုးတက်မှုမရှိသေးတာကြောင့် ပြည်တွင်း ပြည်ပက လူထုများ သိဘို့ရန် ခဲယဉ်းကြပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ သတင်းသမားများက လတ်ဆတ်တဲ့သတင်းများဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားဖေါ်ထုတ်ပြီး လူ့အခွင့်အရေးနဲ့ ဆိုင်တဲ့ … Continue reading ကျနော်နှင့် တပ်မဟာ (၆) ရန်သူထိုးစစ် – အပိုင်း(၂)