၁-ခ-၃။ ဖူးမော်တော် ပုံပြင် 

ရှေးအခါက သောသီဟုခေါ်သော တောင်တန်းတစ်ခုအပေါ်တွင် ဖူးမော်တော်ဟုခေါ်သော အဘိုးအို တစ်ဦး နေထိုင်လေသည်။ ထိုအဘိုးအိုတွင် သားသမီး ၇ ဦး ထွန်းကားခဲ့ပြီး ၎င်းတို့မှာ ဖူးစကယ် (ခ) ဖူးစခေကလို၊ ဖူးစခဲး (ခ) ဖူးထော့မဲပါ၊ ဖူးစလသရာ၊ ဖူးထောပလိုဖော၊ နော်တွယ်၊ နော်အဲနာနု နှင့် ဖူးကတို (ခ) ဖူးတဒါးတို့ ဖြစ်ကြသည်။ ဖူးမော်တော်သည် တောင်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေထိုင်သည်။ တစ်ခုသော မိုးတွင်းကာလတွင် ဖူးမော်တော်၏ယာခင်းထဲသို့ တောဝက်တစ်အုပ် ဝင်ရောက်ဖျက်ဆီးနေလေသည်။ ထိုအခါ ဖူးမော်တော်သည် လွန်စွာစိတ်ဆိုးသွားပြီး တောဝက်များကိုသတ်ရန်လိုက်လေရာ နောက်ဆုံးတွင် တောဝက် အသိုက်ကို တွေ့ရလေသည်။ ထို့နောက် ဖူးမော်တော်သည် ထိုတောဝက်အား ထိုးသတ်လိုက်ပြီး အိမ်ရှိ ၎င်း၏ သားသမီးများအား ဝက်အသေကောင်ကို သယ်ဆောင်လာခဲ့ရန် ပြောလေသည်။ ဖူးမော်တော်၏ … Continue reading ၁-ခ-၃။ ဖူးမော်တော် ပုံပြင်