၁-ခ-၂။ မျောက်တစ်ကောင်နှင့် ဖားစည် အစ
မြန်မာနိုင်ငံတွင် ကရင်လူမျိုးကသာလျှင် ဖားစည်ကို ထိန်းသိမ်းထားကြ၏။ ဖားစည်ရိုးရာ အစဉ်အလာ အား မည်သည့်အချိန် မည်သည့်နေရာက စတင်ပေါ်ပေါက်လာခဲ့ကြောင်းကို မည်သူမျှ မသိပေ။ ရှေးကျသော ဖားစည်တစ်လုံးအား တောင်ငူ၏ အရှေ့ဘက် မိုပွားကရင်တို့၏ ကျေးရွာတွင် တွေ့ရှိရပြီး နှစ်ပေါင်း(၁ဝဝဝ)ခန့်ကဟု ပြောနိုင်ကာ ဖားစည်၏ ပထမအစဟုလည်း ဆိုနိုင်ပါလိမ့်မည်။ ထိုဖားစည်ကို နည်းမှီ ပြီးမှ ပုံတူကူးယူခဲ့ကြကြောင်း သိရသည်။ သို့သော်လည်း ဖားစည်၏ မူလပထမအစနှင့် မျောက်တို့ဆက်စပ်နေကြောင်း တွေ့ရသည်။ ထိုအကြောင်းနှင့် စပ်လျဉ်း၍ ကရင်လူမျိုးတို့၌ ဖူးမော်ထော်အမည်ရှိ ပုံပြင်မှာ ရှေးအကျဆုံး ပုံပြင်တစ်ပုဒ်ဖြစ်ခဲ့သည်။ ထိုပုံပြင်အရ ကရင်တို့သည် ထောမဲပါ အမည်ရှိ တောဝက်စွယ်သခင်(Father of the Boar’s Tusk)မှ ဆင်းသက်လာခဲ့ကြ၏။ လူနှင့်မျောက် အလွန်မဝေးသော (သမိုင်းကြိုကမ္ဘာဦး)ကာလကစ၍ မျိုးဆက်ပေါင်း(၇၃)ဆက်တိုင် … Continue reading ၁-ခ-၂။ မျောက်တစ်ကောင်နှင့် ဖားစည် အစ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed