၁-ခ-၁။ ကရင်လူမျိုးများ ပြောဆိုသောဖားစည်၏ မူလဇစ်မြစ် 

ကရင်လူမျိုးများသည် ယူနန်နယ်မှ မြန်မာပြည်နှင့် ထိုင်းမြန်မာနယ်စပ်တစ်လျှောက်သို့ဝင်ရောက်ခဲ့ကြသော ခရစ်နှစ် ၈ ရာစုခန့်ကတည်းကပင် ဖားစည်ကို စတင်အသုံးပြုခဲ့ကြပြီးဖြစ်သည်။ ရစ်ချက် အမ် ကိုလာ (Richard M. Cooler) ရေးသားသောစာအုပ်ထဲတွင် ဖားစည်အကြောင်းနှင့် ဖားစည်၏မူလဇစ်မြစ်ကိုဖော်ပြရာ တွင် ဖားစည်ကို ၄ မျိုး ခွဲခြားထားသည်ကို တွေ့ရှိရသည်။ ၎င်းတို့မှာ ဟက်ဂါ (Heger Group) အုပ်စု – ၁၊ ၂၊ ၃၊ ၄ တို့ ဖြစ်သည်။ ဟက်ဂါ- ၁ အုပ်စုဝင်ဖားစည်ကို ဖရန့်ဟက်ဂါ (Franz Heger) က ဗီယက်နမ်နိုင်ငံတွင် ရှာဖွေတွေ့ရှိ ခဲ့ပြီး ၎င်းသည် မှိုပွင့်သဏ္ဌာန်ရှိသည်။ ခေတ်ကာလကြာညောင်းလာသည်နှင့်အမျှ ဖားစည်ယဉ်ကျေးမှုသည်လည်း အရှေ့တောင်အာရှနိုင်ငံအနှံ့အပြားသို့ ပျံ့နှံ့ရောက်ရှိခဲ့ရာ နောက်ပိုင်းတွင် ကရင်လူမျိုးများသည် ၎င်းတို့ကိုယ်တိုင် … Continue reading ၁-ခ-၁။ ကရင်လူမျိုးများ ပြောဆိုသောဖားစည်၏ မူလဇစ်မြစ်