၁-က-၄။ ဝက်စွယ်ရှင်(ပုံပြင်)  

လွန်ခဲ့သော နှစ်ပေါင်းများစွာက တောင်ငူနယ် “သောသီခို” (ခေါ်) နတ်တောင်၏ တောင်စောင်း၌ အသက်ကြီးသော အဘိုးအိုတစ်ယောက်ရှိသည်။ ၎င်းအဘိုးအိုအား “ထော့မဲပါ” ဟူ၍ ခေါ်ဝေါ်လေသည်။ “ထော့မဲပါ” ၏ အဓိပ္ပာယ်မှာ ဝက်စွယ်၏အဖြေ (ဝါ) ဝက်စွယ်၏အရှင် ဖြစ်သည်။ ထိုအဘိုးအို၏သားသမီးများလုပ်ကိုင်သော တောင်ယာတို့ကိုအလွန်ကြီးမားသော တောဝက်တစ်ကောင် သည် အစဉ်ဖျက်ဆီး၏။ ၎င်းတောဝက်ကြီး၏ ဖျက်ဆီးမှုကို မခံနိုင်ကြသော်လည်း ဝက်ကြီး၏ ကြီးမားမှုကြောင့် မည်သူမျှ မသတ်ဝံ့ချေ။ ထိုအဘိုးအိုသည် ဝက်ကြီး၏ဖျက်ဆီးမှုကြောင့် မိမိသားသမီးများ ဒုက္ခရောက်ရမည်ကို စိုးရိမ်သဖြင့် ထိုဝက်ကြီးကို ထွက်၍သတ်လေ၏။ ထိုဝက်ကြီးကို သတ်ရာတွင် အလွန်မောပန်းသဖြင့် အဘိုးအို သည် ဝက်သေကောင်ကို အိမ်သို့ ယူမလာနိုင်တော့ချေ။ အိမ်သို့ရောက်သောအခါ သားသမက်များအား ဝက်သေ ကောင်ကိုယူရန် စေလွှတ်လိုက်၏။ သို့သော် သားသမက်များသည် သွေးကွက်များနှင့် … Continue reading ၁-က-၄။ ဝက်စွယ်ရှင်(ပုံပြင်)