၁-က-၃။ ထီးဆဲ့မက်ရွာ  

ကရင်လူမျိုးအားလုံးတို့သည် ‘ထီးဆဲ့မက်ရွာ´ သို့မဟုတ် ‘ထီဆေမေ့ရွာ’ အကြောင်းကို မကြားဖူးသူ မရှိသလောက်ပင် ဖြစ်၏။ ရှေးအချိန်က မြန်မာနိုင်ငံ၏ မြောက်ဘက်ဒေသ (မဲခေါင်မြစ်ဖျား) ဖြစ်သော ထီးဆဲ့မက် ရွာမှ ဆင်းသက်လာကြကြောင်း ပြောဆိုကြပါသည်။ ရှေးပဝေသဏီအချိန်ကတည်းကပင် ကရင်လူမျိုးတို့သည် ‘ထား’ ကဗျာလင်္ကာများကို ဝါသနာထုံခဲ့ကြသည်။ မိမိတို့၏စာပေအရေးအသား မပေါ်ပေါက်သေးမီ အချိန်၌ ကဗျာလင်္ကာအားဖြင့်သာ သက်ကြီးစကား သက်ငယ်ကြားဆိုသည့်အတိုင်း သားစဉ်မြေးဆက်တို့အား ကရင် လူမျိုးတို့၏ ရှေးဟောင်းအဖြစ်အပျက်တို့ကို နှုတ်တိုက်အာဂုံဆောင် မှတ်သားစေခဲ့ကြသည်။ ထိုကဗျာလင်္ကာ များအားဖြင့် ကရင်လူမျိုးတို့၏ ရှေးဟောင်းအဖြစ်အပျက်များကို သိရှိရခြင်း ဖြစ်ပါသည်။ ကဗျာလင်္ကာများတွင် ကရင်လူမျိုးတို့သည် တစ်ချိန်က နေထိုင်ခဲ့ကြသောဒေသသည် ထီးဆဲ့မက်ရွာ ဖြစ်ကြောင်း ပါရှိပါသည်။ ထီးဆဲ့မက်ရွာ၏အဓိပ္ပာယ်မှာ ‘သဲစီးသောချောင်း’ သို့မဟုတ် ‘ရေထိုးသဲစီး´ ဟူသော အဓိပ္ပာယ်ရှိပါသည်။ ထိုကဲ့သို့ခေါ်ဆိုရခြင်းသည် အလွန်ကျယ်ပြန့်သော … Continue reading ၁-က-၃။ ထီးဆဲ့မက်ရွာ