၁-က-၂။ ကရင်ဝေါဟာရဖွင့်ဆိုမှုများ  

ကရင်ဟူသောအမည်သည် မြန်မာတို့က ကရင်လူမျိုးများကို ခြုံ၍ခေါ်သော အမည်ဖြစ်သည်။ ရှေး အခါက မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြသော ပျူ၊ ကမ်းယံ၊ သက် ဟူသည့်လူမျိုးသုံးမျိုးအနက် ကမ်းယံဟု ခေါ် သော လူမျိုးအမည်မှ ကရင်ဟူသော အမည်သို့ ပြောင်းလဲခေါ်ဆိုလာသောအမည်ဖြစ်သည်ဟု ဆာ-အာသာ ဖယ်ယာက တင်ပြခဲ့သည်။ တချို့မှာ ယဉ်ကျေးပြီးသားလူများဟုလည်းကောင်း၊ မြန်မာနိုင်ငံတွင်းသို့ အရင် ရောက်နှင့်သူများ “အရင်”ဟုလည်းကောင်း “ကရင်”ကို ဖွင့်ဆိုရှင်းပြကြသည်။ အဘိဓာန်ကမူ “တိဗက်မြန်မာအုပ်စုဝင် ဘာသာစကားတစ်မျိုးကိုပြောသော မြန်မာတိုင်းရင်းသား တစ်မျိုး။ စကောကရင်၊ ပိုးကရင် စသည်ဖြင့် ရှိသည်။ ကရင်ပြည်နယ်နှင့် မြန်မာနိုင်ငံအောက်ပိုင်းတွင် အနှံ့အပြား နေထိုင်သည်” ဟု အဓိပ္ပာယ် ဖွင့်သည်။ “ကမ်းယံ”လူမျိုးသည် သံတွဲမှစ၍ တောင်စဉ် ခုနစ်ခရိုင်၌နေသောသူတို့ကို ဆိုပါသည်။(မှန်နန်းရာဇဝင်) ပြည်မြို့ အနောက်ဘက် ဧရာဝတီမြစ်ကမ်းတစ်လျှောက်၌ … Continue reading ၁-က-၂။ ကရင်ဝေါဟာရဖွင့်ဆိုမှုများ