၁-က-၁။ ကရင်လူမျိုးသမိုင်းနိဒါန်း
ဘာသာဗေဒပညာအရ ကရင်လူမျိုးများသည် တိဗက်တို-ဘားမင်းအနွယ်ဖြစ်ကြောင်း ပါမောက္ခဂျီ၊ အိ(ချ်)လှစ်က သံသယကင်းစွာ ယုံကြည်ခဲ့သည်။ ဗမာနှင့်ကရင် ဝင်ရောက်လာသော လမ်းကြောင်းချင်း မတူသည့်တိုင် အထက်မြန်မာနိုင်ငံမြေပြန့်ဒေသ၌ မြန်မာတို့နှင့် တစ်ကြိမ်တွေ့ဆုံခဲ့ကြသူများဖြစ်ကြသည်။ ဤသည်ကို ကရင်-ဗမာ ဘာသာစကား (၂) ရပ်အကြား တူညီနေသော စကားလုံးပေါင်း (၃ဝဝ) ကျော်ကို ဆရာ လု(စ်)က ဖော်ထုတ်၍ သက်သေပြနိုင်ခဲ့သည်။ ယင်းတို့သည် သက်ရှိသတ္တဝါ၊ ပန်းမာလာ၊ သဘာဝ၊ ကိန်းဂဏန်း၊ ခန္ဓာကိုယ်ဆိုင်ရာ စကားလုံးများနှင့် ကြိယာအသုံးများပင် ဖြစ်ကြသည်။ ဘာသာဗေဒတူညီမှုများက ကရင်နှင့် ဗမာ ဆွေမျိုးအဝေးကြီးမဟုတ်သကဲ့သို့ အရင်းအချာတော့လည်း မဖြစ်နိုင်ပေ။ ပါမောက္ခရောဘတ်ရှဖာ (Robert Shafer)က ရာဇကုမာရ်ကျောက်စာပါ ပျူစာမျက်နာကိုလေ့လာပြီး ပျူနှင့် ပိုးကရင်တို့သည် ဘာသာဗေဒအရ အနီးစပ်ဆုံး ဆွေမျိုးဖြစ်ကြောင်း ဆိုခဲ့ဖူး၏။ ပါမောကလုစ်က ကရင်ဘာသာစကားတွင်း၌ … Continue reading ၁-က-၁။ ကရင်လူမျိုးသမိုင်းနိဒါန်း
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed