၁-ဂ-၁။ ကရင်လူမျိုးတို့ ရွှေ့ပြောင်းနေထိုင်မှု(အာရှဒေသ) 

ကရင်လူမျိုးများသည် ကြေးခေတ်ကတည်းက အာရှဒေသသို့ရောက်ရှိခဲ့ကြပြီးဖြစ်သည်။ သာဓက အဖြစ် ကရင့်ဖားစည်သည် ကရင်များ၏ ယဉ်ကျေးမှုသင်္ကေတ တစ်ခုပင်ဖြစ်သည်။ ကရင်လူမျိုးတို့၏ တူရိယာ တစ်ခုဖြစ်သော ဖားစည်သည် အလွန်ထင်ရှားပြီး လွန်ခဲ့သော နှစ်ပေါင်း (၃၀၀၀) ကျော်က သုံးစွဲလာသော အမျိုးသားယဉ်ကျေးမှုပစ္စည်းတစ်ခုဖြစ်သည်။ အရှေ့တောင်အာရှ၏ ကြေးခေတ်ထွန်းကားသော ခေတ်ကာလ၌ မြန်မာနိုင်ငံအပါအဝင် အာရှဒေသတွင် ပျံ့နှံ့နေထိုင်ကြောင်း သိရှိရပါသည်။ မွန်ဂိုမျိုးနွယ်ဝင် ကရင်လူမျိုးများသည် အရှေ့တောင်အာရှကို ကျောက်ခေတ်နှောင်း ကုန်ဆုံးချိန်၌ ရောက်ရှိကြောင်း သမိုင်းပညာရှင်တို့က ဆိုကြသည်။ မာကိုပိုလိုသည် မွန်ဂိုစစ်တပ်နှင့်အတူ မြန်မာနိုင်ငံသို့ရောက်ရှိစဉ်က တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင်ရှိသော ကရင်မျိုးနွယ်စုများ နေထိုင်ရာဒေသကြီးကို သူကိုယ်တိုင်ဖြတ်ကျော်ခဲ့ရပြီး နယ်ကို (၇)ပိုင်း ပိုင်း၍အုပ်ချုပ်ခဲ့ရကြောင်းနှင့် မြို့တော်မှာ”ယာချီ”ဖြစ်ပြီး တာလီဖုဟုလည်း ခေါ်ကြကြောင်း သူ၏မှတ်တမ်းတွင်သေချာစွာ ရေးသားမှတ်တမ်းတင်ထားခဲ့သည်။ မွန်ဂိုမျိုးနွယ်ဝင် ကရင်လူမျိုးတို့ ဆင်းသက်လာရာ အာရှအလယ်ပိုင်းဖြစ်သော … Continue reading ၁-ဂ-၁။ ကရင်လူမျိုးတို့ ရွှေ့ပြောင်းနေထိုင်မှု(အာရှဒေသ)