ကျနော်သိသော ဗိုလ်မှူးထူးထူးလေး အပိုင်း(၂)
ရဲဘော်ဇော်နောင် အပိုင်း (၂) ၁၉၉၅ ခုနှစ် ဇန်နဝါရီလ၏ တရက်သောနံနက်ခင်း၌ လမ်းလျှောက်ရင်း ရေဒီယိုဖွင့်၍ နားထောင်လိုက်သောအခါ KNU ၏ ဌာနချုပ် “မာနယ်ပလောစခန်း” ကို လက်လွတ်ဆုံး ရှုံးသွားကြောင်းနှင့် “မာနယ်ပလောစခန်း” တွင် နေထိုင်ခဲ့ကြသော တော်လှန်ရေးသမားများမှာ မြောက်ဘက်အရပ်သို့ ဆုတ်ခွာသွားကြကြောင်း ကြားသိလိုက်ရသည်။ ထိုအ ချိန်က ကျနော်သည် ဒူးပလာယာခရိုင်၏ ခရိုင်အခြေခံဒေသတွင် အတွင်းရေးမှူးတာ ဝန်ကို ထမ်းနေရပြီး ဒူးပလာခရိုင်၏ KWO ကရင်အမျိုးသမီးအစည်းအရုံးအဖွဲ့ဝင်များနှင့် ခရိုင်အခြေခံဒေသ၏ KYO ကရင်လူငယ်အစည်းအရုံးအဖွဲ့ဝင်များနှင့်အတူ ခရိုင်အခြေခံဒေသတွင်း၌ နယ်လှည့်စည်းရုံးရေးဆင်းနေခြင်းဖြစ်သည်။ ထိုရေဒီယိုသတင်းကို ကြားလိုက်ကြရသောအခါ အားလုံးက ကျနော့အနီး ဝိုင်းအုံလာကြသည်။ ထို့နောက် ထင်မြင်ချက်များလည်းပေးကြသည်။ မာနယ်ပလောကျဆုံးသဖြင့် စိတ်ထိခိုက်ကြသည်။ အမျိုးသမီးအချို့မှာ စိတ်ထိခိုက်လွန်း၍ မျက်ရည်မဆည်နိုင်ဖြစ်ကြသည်။ ထို့ နောက် ဘာမှမပြောကြတော့ဘဲ … Continue reading ကျနော်သိသော ဗိုလ်မှူးထူးထူးလေး အပိုင်း(၂)
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed