ပဒိုစောဇော်နောင် နှင့် တော်လှန်ရေးအတွေ့အကြုံများအပိုင်း (၉)

(စတက်နေ-ပန်းတနော်) အပိုင်း (၉) (၁၅) ကရင်အမျိုးသမီးအစည်းအရုံး (KWO) နှင့် ကရင်လူငယ်အစည်းအရုံး (KYO)။ ၁၉၈၇ ခုနှစ်ကတည်းက ခရိုင်အမျိုးသမီးအစည်းအရုံး နှင့် ခရိုင်လူငယ်အစည်းအရုံး တို့အား ခရိုင်-အခြေခံ ဒေသ မှ စတင် အကောင်အထည်ဖေါ်ထုတ်ပေးရန် ခရိုင်ဥက္ကဌကြီး မှ သူ့အား တာဝန်ပေးခဲ့သည်။ ထို့ကြောင့် ခရိုင်-အခြေခံဒေသအလုပ်အမှုဆောင်တဦးဖြစ်သော ဆရာမ နော်ဖေါဘော ကို ခရိုင်သို့ ခေါ်ယူပြီး ခရိုင် အမျိုးသမီးအစည်းအရုံး ဥက္ကဌ အဖြစ် တာဝန်ပေးလိုက်သည်။ အဆိုပါ ဆရာမနော်ဖေါဘော ဦးဆောင် သော ခရိုင်အမျိုးသမီးအစည်းအရုံး အလုပ်အမှုဆောင်များအား ခရိုင်-အခြေခံဒေသအတွင်း၌ လက်တွေ့ ကွင်းဆင်းလှုပ်ရှားရန်နှင့် နိုင်ငံရေးအရ ပြုစုပျိုးထောင်ပေးရန် ခရိုင်ဥက္ကဌကြီး မှ သူ့ထံသို့ ပို့ပေးလိုက်သည်။ ဆရာမနော်ဖေါဘော ဦးဆောင်သော ခရိုင်အမျိုးသမီးအဖွဲ့များ သူ့ထံသို့ … Continue reading ပဒိုစောဇော်နောင် နှင့် တော်လှန်ရေးအတွေ့အကြုံများအပိုင်း (၉)