ပဒိုစောဇော်နောင် နှင့် တော်လှန်ရေးအတွေ့အကြုံများအပိုင်း (၇)

(စတက်နေ-ပန်းတနော်) အပိုင်း (၇) (၁၁) ဝေါ်လေ ခရိုင်ညီလာခံ ပထမအကြို ခရိုင်ညီလာခံ၏ သဘောတူဆုံးဖြတ်ချက်အရ ခရိုင်ညီလာခံအား KNU ကော့ကရိတ်မြို့နယ် တွင်းရှိ မိနအပ်ကျေးရွာ သို့မဟုတ် ခရိုင်-အခြေခံဒေသနယ်မြေတွင်းရှိ အဇင်းကျေးရွာတွင် ပြုလုပ်ရန်ဖြစ်သည်။ သို့သော် တရက်တွင် သူက ခရိုင်ရုံးသို့ ကိစ္စတခုနှင့် သွားနေစဉ် လမ်းခရီးတွင် ခရိုင်ဥက္ကဌကြီးနှင့် လမ်းတွင်ဆုံသည်။ ခရိုင်ဥက္ကဌကြီး က ကားရပ်ပြီးနောက် သူ့အား ကြေးနန်းတစောင်ထုတ်ပေးသည်။ ထိုကြေးနန်းစာမှာ ဗိုလ်မှူးချုပ်ရွှေဆိုင်း ထံမှ ခရိုင်ဥက္ကဌကြီးထံသို့ ပေးပို့သော ကြေးနန်းစာ ဖြစ်ကြောင်းတွေ့ရသည်။ ကြေးနန်းစာတွင် ဗိုလ်မှူးချုပ်ရွှေဆိုင်း မှ “ကျနော်…ဒီမိုကရေစီကို လက်မခံ၍ မဟုတ်ကြောင်း၊ ခရိုင်ညီလာခံကို ပြုလုပ်ပါက ဝေါ်လေရွာတွင် ပြုလုပ်ရန် သင့်တော်ကြောင်းနှင့် ဝေါ်လေတွင် ခရိုင်ညီလာခံအတွက် နေရာထိုင်ခင်းများကိုလည်း ပြင်ဆင်ထားမည်ဖြစ်ကြောင်း” ပါရှိပါသည်။ … Continue reading ပဒိုစောဇော်နောင် နှင့် တော်လှန်ရေးအတွေ့အကြုံများအပိုင်း (၇)