ပဒိုစောဇော်နောင် နှင့် တော်လှန်ရေးအတွေ့အကြုံများအပိုင်း (၅)

(စတက်နေ-ပန်းတနော်) အပိုင်း (၅) (၆) တသက်တာဘ၀ကျင်ဖေါ်ဘက်နှင့်တွေ့ဆုံခြင်း။ သူသည် တောင်ခြေဂိတ်ဖြစ်သည့် လေးဖိုးခီး ဂိတ်မှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ်..၊ တရက်တွင် ဒူးပ လာယာခရိုင်ရှိ မြို့နယ်အသီးသီးမှ ကျောင်းဆရာ/ဆရာမများတို့သည် (ဗဟို) မာနယ်ပလော မှ ဖွင့်လှစ် သော ဆရာဖြစ်သင်တန်းသို့ တက်ရောက်ရန် လေးဖိုးခီးဂိတ်သို့ ရောက်ရှိလာကြသည်။ လေးဖိုးခီး ဂိတ်သို့ ညအိပ်ကြရခြင်းမှာ နံနက်စောစော အိပ်ယာမှထကာ တောင်ပေါ်တက်၍ ဝေါ်လေ သို့ ခရီးဆက်ကြရန် ဖြစ်သည်။ ထိုရောက်ရှိလာသော ကျောင်းဆရာ/မ များထဲတွင် သူ့အတွက် ဘ၀ကြင်ဖေါ်ဘက် တဦး ပါဝင်နေသည် ကို အစပိုင်းတွင် သူမသိခဲ့ပါ။ တဦး နှင့် တဦး မိတ်ဆက်ကြရင်းဖြင့် အဇင်းကျေးရွာမှလာသော ဆရာမ နော်ဝင်းဝင်းကြည် က သူ့ကို အခြားသူများထက် ပိုမိုရင်းနှီးစေပါသည်။ … Continue reading ပဒိုစောဇော်နောင် နှင့် တော်လှန်ရေးအတွေ့အကြုံများအပိုင်း (၅)