ချစ်ရဲဘော်များသို့ ပေးစာ

ရေဆန် ( ယခု ဆောင်းပါရှင် ရေဆန် သည် ပဒိုမန်းရှာလားဖန်း ဖြစ်ပြီး ပြန်လည်ဖေါ်ပြပေးခြင်း ဖြစ်ပါသည်) ဒီစာမှာတော့ တော်လှန်ရေးခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်ဖို့ အခြေခံအားဖြင့် ဘာတွေ လိုအပ်ပါသလဲ? တော်လှန်ရေး ခေါင်းဆောင်ကောင်းတစ်ယောက်ကို ဘယ်ပေတံနဲ့ တိုင်းတာမလဲ? ဆိုတဲ့ ပြဿနာကို ဆွေးနွေးသုံးသပ်ကြည့်လိုပါတယ်။ ဘာ့ကြောင့်လဲ ဆိုရင် ကရင်လူ့အဖွဲ့အစည်းမှာ ခေါင်းဆောင်ကောင်း အများအပြားလို နေလို့ပါပဲ။ အထူးသဖြင့် ကရင့်တော်လှန်ရေးကြီးအတွက် ခေါင်းဆောင် ကောင်းတွေ အထောင်အသောင်း လိုအပ်နေလို့ပါပဲ။ သာမန်ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ဖို့ဆိုတာ မလွယ်ဘူး။ တော်လှန်ရေး လှုပ်ရှားမှုတစ်ရပ်ကို ဦးဆောင်မှု ပေးနိုင်စွမ်းတဲ့ တော် လှန်ရေး ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ သာပြီးတောင် ခက်ခဲပါတယ်။ အထူးသဖြင့် အဆုံးအဖြတ်သဘောဆောင်တဲ့ သမိုင်း ကာလတစ်ခုမှာ တော်လှန်ရေးကို ဦးစီးခေါင်းဆောင်နိုင်စွမ်းရှိတဲ့ တော် … Continue reading ချစ်ရဲဘော်များသို့ ပေးစာ