၁-ခ-၄။ ဖားစည်အကြောင်း 

ဖားစည်သည် ကရင်အမျိုးသားများ၏ တူရိယာပစ္စည်းများထဲမှ တစ်ခုဖြစ်ပြီး ကရင်အမျိုးသားများ၏ ရိုးရာလက္ခဏာတစ်ခုအဖြစ် ယနေ့ထိတိုင် ကရင်အမျိုးသားတို့၏ အလေးအမြတ်ထားရသော ပစ္စည်းတစ်ခု ဖြစ်သည်။ ကရင်အမျိုးသားပြတိုက်ထဲတွင် ထိန်းသိမ်းရလောက်အောင် တန်ဖိုးထား၊ အထွတ်အမြတ်ထား၊ အလေးထားရသော ပစ္စည်းတစ်ခုဖြစ်သည်။ ဖားစည်၏မူလဇစ်မြစ် မည်သည့်နေရာတွင် စတင်ခဲ့သည်ကိုမူ မသိရှိရသေးချေ။ သမိုင်းအထောက်အထား ရေးသားချက်များအရ မြန်မာနိုင်ငံအတွင်း BC-5000 တွင် စတင် ဖြစ်ပေါ်လာသည်ဟု ရေးသားဖော်ပြကြသည်။ ဖားစည်ကို ဗီယက်နမ်သင်္ချိုင်းများ၊ ကျောက်ဂူများထဲတွင် ရှာဖွေ တွေ့ရှိရလေ့ရှိသည်။ အရှေ့မြောက်အာရှတိုက်တွင်လည်း တွေ့ရှိရသကဲ့သို့ တရုတ်နိုင်ငံ ယူနန်ပြည်၊ ကုလားပြည် (အိန္ဒိယ)၊ သီဟိုကျွန်း (သီရိလင်္ကာနိုင်ငံ)၊ ကမ္ဘောဒီယားနိုင်ငံနှင့် လာအိုနိုင်ငံများတွင်တွေ့ရသည်။ အနောက်နိုင်ငံသားများ ကမူ Bronze Drum ဟုခေါ်ကြသည်။ ဖားစည်ကို ရွှေ၊ ငွေ၊ ကြေးနီ၊ သံဖြူ(သွပ်)၊ ခဲ … Continue reading ၁-ခ-၄။ ဖားစည်အကြောင်း