ကျနော်သိသော ဗိုလ်မှူးထူးထူးလေး အပိုင်း(၁)

ရဲဘော်ဇော်နောင် အပိုင်း (၁) အချိန်ကာလအားဖြင့် ၁၉၇၀ ခုနှစ်ဝန်းကျင်ကဖြစ်သည်။ ကျနော်နေထိုင်သော ရန်ကုန် တိုင်း တွံတေးမြို့တွင် သူ့ကိုစတွေ့သည်။ ထိုစဥ်က ဗိုလ်မှူးထူးထူးလေးမဟုတ်သေးပါ။ အသိ မိတ်ဆွေတချို့က “ကိုမောလေး” ဟုခေါ်ကြပြီး ရင်းနှီးသူများက “ကိုမော” ဟု ချစ်စနိုး ခေါ်ကြသည်။ သူရောက်လာစဥ်က ဆရာကြီးဦးမျိုးချစ်နှင့် ဆရာဦးအောင်လှ တို့ပါလာသည်။ ထိုစဥ်က ဆရာဦးအောင်လှသည် မကျန်းမာသူတို့၏ ဦးခေါင်းပေါ်တွင် လက်တင်ကာ ဘုရားဆုတောင်းပေးပါက ရောဂါများပျောက်ကင်းကြောင်း သတင်းကြီး နေသည်။ ထို့ကြောင့် ကျနော်နေသည့်အိမ်တွင် ကျန်းမာရေးမကောင်းသော အကိုတ ယောက်၏ ဦးခေါင်းပေါ်လက်တင်ကာ ဘုရားဆုတောင်းပေးလိုက်ပါသေးသည်။ ကျ နော်တို့၏ရပ်ကွက်တွင် လူမျိုးစုံနှစ်ခြင်းဘုရားကျောင်းရှိသည်။ သင်းအုပ်ဆရာကြီးက ဦးဘကြင်ဖြစ်သည်။ ကျနော်လည်း ထိုဘုရားကျောင်းသို့ တခါတရံ တက်ရောက် ဘုရားရှိခိုးပါသည်။ ဘုရားကျောင်းနှင့် ကျနော်တို့၏အိမ်ကြားတွင် အိမ်နှစ်လုံးသုံးလုံး … Continue reading ကျနော်သိသော ဗိုလ်မှူးထူးထူးလေး အပိုင်း(၁)